တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) တွင် မြင်းကျား အမလေးတစ်ကောင် မွေးဖွား၊ ပန်းပွဲတော်ဖွင့်ပွဲရက် မွေးဖွားတာကြောင့် ပန်းကလေး ဟု အမည်ပေးထားကြောင်း သိရ

တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) တွင် မြင်းကျား အမလေးတစ်ကောင် မွေးဖွား၊ ပန်းပွဲတော်ဖွင့်ပွဲရက် မွေးဖွားတာကြောင့် ပန်းကလေး ဟု အမည်ပေးထားကြောင်း သိရ

မန္တလေးမြို့က တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မှာ မြင်းကျားစုံတွဲကနေ မြင်းကျား အမလေးတစ်ကောင် ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၅ ရက်နေ့က ကျန်းမာစွာနဲ့ မွေးဖွားခဲ့ပါတယ်။

အဲဒီနေ့မနက် ၁ နာရီ ၃၀ မိနစ်အချိန်က မွေးဖွားခဲ့တာဖြစ်ပြီး ပြင်ဦးလွင် ပန်းပွဲတော် စတင်ဖွင့်လှစ်တဲ့နေ့မှာ မွေးဖွားတာ ဖြစ်တာကြောင့်လည်း ဒီမြင်းကျားမလေးကို ပန်းကလေး လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။

"ဒီဇင်ဘာ ၁၅ ရက်နေ့ မနက် ၁ နာရီခွဲမှာ မွေးတာပေါ့၊ ပြင်ဦးလွင် ပန်းပွဲတော် ဖွင့်ပွဲနေ့မှာ မွေးတာမို့လို့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပန်းကလေး လို့ နာမည်ပေးလိုက်တာပါ မိခင်ရော ကလေးပါ ကျန်းမာစွာရှိနေပါတယ်" လို့ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းအောင် က ပြောပါတယ်။

ဒီမြင်းကျားမလေးကို မွေးဖွားပေးခဲ့တဲ့ မိခင်က အာဖရိကမျိုးစိတ်ဖြစ်ပြီး ယမန်နှစ်နိုဝင်ဘာ ၂၉ ရက်နေ့က နေပြည်တော် တိရစ္ဆာန်ဥယျာဉ်ကနေ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

"မနှစ်က ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ မိတ်လိုက်ပြီး ဒီနှစ်ဖေဖော်ဝါရီမှာ ကိုယ်ဝန်ဆောင်တယ်၊ အခု ဒီဇင်ဘာ ၁၅ ရက်နေ့ မနက် ၁ နာရီခွဲမှာ မွေးတာပေါ့၊ ၃ လပြည့်တဲ့အခါ ပေါက်ဖွား အကောင်စာရင်းမှာ ထည့်သွင်းမှာပါ" လို့လည်း ၎င်းက ဆိုပါတယ်။

တိရစ္ဆာန်တွေထဲမှာ မြင်းကျားတွေဟာ ပုံမန်အားဖြင့် အထီးမွေးဖွားနှုန်း များတယ်လို့ သိရပြီး အခု မြင်းကျားမလေးက ရှားရှားပါးပါး မွေးဖွားခဲ့တာဖြစ်ကြောင်း၊ လက်ရှိမှာတော့ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မှာ မြင်းကျား အထီးတစ်ကောင် အမနှစ်ကောင် ရှိနေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မှာ နို့တိုက်သတ္တဝါ ၃၅ မျိုး (အထီး ၁၃၇၊ အမ ၁၇၇၊ စုစုပေါင်း ၃၁၄ ကောင်)၊ ကျေးငှက်သတ္တဝါ ၅၁ မျိုး (အထီး ၁၈၈၊ အမ ၂၂၇၊ စုစုပေါင်း ၄၁၅ ကောင်)၊ တွားသွားသတ္တဝါ ၁၃ မျိုး (အထီး ၁၀၅၊ အမ ၁၁၀၊ အထီးအမ မသိရ ၁၅၁၊ စုစုပေါင်း ၃၆၆ ကောင်)၊ မျိုးစိတ်အားဖြင့် ၉၉ မျိုး၊ တိရစ္ဆာန်ကောင်ရေ ၁၀၉၅ ကောင် ရှိပါတယ်။

KT
မန္တလေး၊ ဒီဇင်ဘာ - ၂၁

( Zawgyi )

မႏၲေလးၿမိဳ႕က တိရစာၦန္ဥယ်ာဥ္ (ရတနာပုံ) မွာ ျမင္းက်ားစုံတြဲကေန ျမင္းက်ား အမေလးတစ္ေကာင္ ၿပီးခဲ့တဲ့ဒီဇင္ဘာ ၁၅ ရက္ေန႔က က်န္းမာစြာနဲ႔ ေမြးဖြားခဲ့ပါတယ္။

အဲဒီေန႔မနက္ ၁ နာရီ ၃၀ မိနစ္အခ်ိန္က ေမြးဖြားခဲ့တာျဖစ္ၿပီး ျပင္ဦးလြင္ ပန္းပြဲေတာ္ စတင္ဖြင့္လွစ္တဲ့ေန႔မွာ ေမြးဖြားတာ ျဖစ္တာေၾကာင့္လည္း ဒီျမင္းက်ားမေလးကို ပန္းကေလး လို႔ အမည္ေပးထားတယ္လို႔ သိရပါတယ္။

"ဒီဇင္ဘာ ၁၅ ရက္ေန႔ မနက္ ၁ နာရီခြဲမွာ ေမြးတာေပါ့၊ ျပင္ဦးလြင္ ပန္းပြဲေတာ္ ဖြင့္ပြဲေန႔မွာ ေမြးတာမို႔လို႔ တိုက္တိုက္ဆိုင္ဆိုင္ပဲ ပန္းကေလး လို႔ နာမည္ေပးလိုက္တာပါ မိခင္ေရာ ကေလးပါ က်န္းမာစြာရွိေနပါတယ္" လို႔ တိရစာၦန္ဥယ်ာဥ္ (ရတနာပုံ) အုပ္ခ်ဳပ္ေရးမႉး ဦးသိန္းမင္းေအာင္ က ေျပာပါတယ္။

ဒီျမင္းက်ားမေလးကို ေမြးဖြားေပးခဲ့တဲ့ မိခင္က အာဖရိကမ်ိဳးစိတ္ျဖစ္ၿပီး ယမန္ႏွစ္ႏိုဝင္ဘာ ၂၉ ရက္ေန႔က ေနျပည္ေတာ္ တိရစာၦန္ဥယ်ာဥ္ကေန ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

"မႏွစ္က ဒီဇင္ဘာ ၁ ရက္ေန႔ကေန ၁၅ ရက္ေန႔အထိ မိတ္လိုက္ၿပီး ဒီႏွစ္ေဖေဖာ္ဝါရီမွာ ကိုယ္ဝန္ေဆာင္တယ္၊ အခု ဒီဇင္ဘာ ၁၅ ရက္ေန႔ မနက္ ၁ နာရီခြဲမွာ ေမြးတာေပါ့၊ ၃ လျပည့္တဲ့အခါ ေပါက္ဖြား အေကာင္စာရင္းမွာ ထည့္သြင္းမွာပါ" လို႔လည္း ၎က ဆိုပါတယ္။

တိရစာၦန္ေတြထဲမွာ ျမင္းက်ားေတြဟာ ပုံမန္အားျဖင့္ အထီးေမြးဖြားႏႈန္း မ်ားတယ္လို႔ သိရၿပီး အခု ျမင္းက်ားမေလးက ရွားရွားပါးပါး ေမြးဖြားခဲ့တာျဖစ္ေၾကာင္း၊ လက္ရွိမွာေတာ့ တိရစာၦန္ဥယ်ာဥ္ (ရတနာပုံ) မွာ ျမင္းက်ား အထီးတစ္ေကာင္ အမႏွစ္ေကာင္ ရွိေနၿပီ ျဖစ္ေၾကာင္းလည္း သိရပါတယ္။

တိရစာၦန္ဥယ်ာဥ္ (ရတနာပုံ) မွာ ႏို႔တိုက္သတၱဝါ ၃၅ မ်ိဳး (အထီး ၁၃၇၊ အမ ၁၇၇၊ စုစုေပါင္း ၃၁၄ ေကာင္)၊ ေက်းငွက္သတၱဝါ ၅၁ မ်ိဳး (အထီး ၁၈၈၊ အမ ၂၂၇၊ စုစုေပါင္း ၄၁၅ ေကာင္)၊ တြားသြားသတၱဝါ ၁၃ မ်ိဳး (အထီး ၁၀၅၊ အမ ၁၁၀၊ အထီးအမ မသိရ ၁၅၁၊ စုစုေပါင္း ၃၆၆ ေကာင္)၊ မ်ိဳးစိတ္အားျဖင့္ ၉၉ မ်ိဳး၊ တိရစာၦန္ေကာင္ေရ ၁၀၉၅ ေကာင္ ရွိပါတယ္။

KT
မႏၲေလး၊ ဒီဇင္ဘာ - ၂၁