တိုက်ပွဲဆင်နွှဲ တောင်းဆိုမှုတွေ စွန့်လွှတ်ပြီး ဆွေးနွေးညှိနှိုင်းတဲ့နည်းလမ်းနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆို

တိုက်ပွဲဆင်နွှဲ တောင်းဆိုမှုတွေ စွန့်လွှတ်ပြီး ဆွေးနွေးညှိနှိုင်းတဲ့နည်းလမ်းနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆို

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ လက်နက်ကိုင်တောင်းဆိုမှု တိုက်ပွဲဆင်နွှဲတောင်းဆိုမှုတွေကို စွန့်လွှတ်ပြီး ဒီမိုကရေစီစနစ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဆွေးနွေးညှိနှိုင်းမှု နည်းလမ်းတွေနဲ့သာ ငြိမ်းချမ်းရေးကို တည်ဆောက်ရမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုက်ကြီးတပ်နယ်က နယ်မြေခံ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းက အရာရှိ၊ စစ်သည် သင်တန်းသားတွေနဲ့ တွေ့ဆုံစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုခဲ့တာပါ။

အဲ့ဒီတွေ့ဆုံပွဲကို ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးတွေ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ၊ လေ့ကျင့်ရေးကျောင်းက အရာရှိ၊ စစ်သည်တွေနဲ့ သင်တန်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းဖို့အတွက် သက်ဆိုင်ရာအစိုးရရဲ့ နိုင်ငံရေးမူဝါဒတွေအပေါ် မူတည်နေပြီး လုံခြုံရေးအရ တည်ငြိမ်အေးချမ်းဖို့အတွက် တရားဥပဒေစိုးမိုးဖို့ လိုအပ်နေတယ်လို့လည်း သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။

အခုလက်ရှိမှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် ဆွေးနွေးပွဲတွေ ပြုလုပ်ဆောင်ရွက်နေပေမယ့် တချို့ဒေသတွေမှာ အခုအချိန်အထိ အေးချမ်းမှုမရှိသေးကြောင်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး စတဲ့ ဘက်ပေါင်းစုံကနေ စဉ်းစားလုပ်ဆောင်နေတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

ဇေယျာမော်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ - ၈
( Zawgyi )
တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းေတြအေနနဲ႔ လက္နက္ကိုင္ေတာင္းဆိုမႈ တိုက္ပြဲဆင္ႏႊဲေတာင္းဆိုမႈေတြကို စြန႔္လႊတ္ၿပီး ဒီမိုကေရစီစနစ္နဲ႔ လိုက္ေလ်ာညီေထြျဖစ္တဲ့ ေဆြးေႏြးညႇိႏႈိင္းမႈ နည္းလမ္းေတြနဲ႔သာ ၿငိမ္းခ်မ္းေရးကို တည္ေဆာက္ရမယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ေျပာဆိုလိုက္ပါတယ္။

ေဖေဖာ္ဝါရီ ၇ ရက္ေန႔က ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္၊ တိုက္ႀကီးတပ္နယ္က နယ္ေျမခံ တပ္မေတာ္တန္းျမင့္ ေလ့က်င့္ေရးေက်ာင္းက အရာရွိ၊ စစ္သည္ သင္တန္းသားေတြနဲ႔ ေတြ႕ဆုံစဥ္မွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ေျပာဆိုခဲ့တာပါ။

အဲ့ဒီေတြ႕ဆုံပြဲကို ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း) မွ တပ္မေတာ္အရာရွိႀကီးေတြ၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ သက္ပုံ၊ ေလ့က်င့္ေရးေက်ာင္းက အရာရွိ၊ စစ္သည္ေတြနဲ႔ သင္တန္းသားေတြ တက္ေရာက္ခဲ့ၾကပါတယ္။

ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းဖို႔အတြက္ သက္ဆိုင္ရာအစိုးရရဲ႕ ႏိုင္ငံေရးမူဝါဒေတြအေပၚ မူတည္ေနၿပီး လုံၿခဳံေရးအရ တည္ၿငိမ္ေအးခ်မ္းဖို႔အတြက္ တရားဥပေဒစိုးမိုးဖို႔ လိုအပ္ေနတယ္လို႔လည္း သူက ဆက္လက္ေျပာဆိုခဲ့ပါတယ္။

အခုလက္ရွိမွာ ၿငိမ္းခ်မ္းေရးရရွိဖို႔အတြက္ ေဆြးေႏြးပြဲေတြ ျပဳလုပ္ေဆာင္႐ြက္ေနေပမယ့္ တခ်ိဳ႕ေဒသေတြမွာ အခုအခ်ိန္အထိ ေအးခ်မ္းမႈမရွိေသးေၾကာင္း ျပည္တြင္းလက္နက္ကိုင္ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းၿပီး ထာဝရၿငိမ္းခ်မ္းေရးရရွိဖို႔အတြက္ စစ္ေရး၊ ႏိုင္ငံေရး၊ သံတမန္ေရး စတဲ့ ဘက္ေပါင္းစုံကေန စဥ္းစားလုပ္ေဆာင္ေနတယ္လို႔လည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ေျပာပါတယ္။

ေဇယ်ာေမာ္
ဓါတ္ပုံ - တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္
ရန္ကုန္၊ ေဖေဖာ္ဝါရီ - ၈