တိုင်ကြားချက်အရ မူးယစ်အမှု ၇၅ဝ နီးပါး ဖော်ထုတ်နိုင်ပြီး လူ ၁ဝဝဝ ကျော် ဖမ်းဆီးနိုင်ခဲ့

တိုင်ကြားချက်အရ မူးယစ်အမှု ၇၅ဝ နီးပါး ဖော်ထုတ်နိုင်ပြီး လူ ၁ဝဝဝ ကျော် ဖမ်းဆီးနိုင်ခဲ့

ပြည်သူတွေက တိုင်ကြားပေးပို့လာတဲ့ မူးယစ်ဆေးဝါးသတင်းတွေအရ ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ထုတ်နိုင်ခဲ့တဲ့ မူးယစ်ဆေးဝါးအမှုပေါင်း ၇၅ဝ နီးပါးရှိပြီး လူ ၁၁၆၃ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းမှာ အသိပေးထုတ်ပြန်ထားပါတယ်။

ဒီပမာဏက ဒီတစ်ပတ်အတွင်း ဖော်ထုတ်ဖမ်းဆီးထားတဲ့ မူးယစ်ဆေးဝါးအမှုတွေ အပါအဝင် ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှ ယခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့အထိ ပေးပို့တိုင်ကြားလာတဲ့ မူးယစ်ဆေးဝါးသတင်းတွေကို နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တဲ့ ပမာဏဖြစ်တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးအမှုတွေနဲ့ ပတ်သက်ပြီး ဖမ်းထားတဲ့ လူ ၁ဝဝဝ ကျော်နဲ့အတူ ဘိန်းဖြူ ၆၇၁၂ ဒသမ ၈၉၈၄ ဂရမ်၊ အိုက်(စ်) ၁၃၁၈ ဒသမ ၇၂ ဂရမ်၊ ဘိန်း ၃၉၇၇၆ ဒသမ ၉၅ ဂရမ်၊ အဆင့်နိမ့်ဘိန်း ၃၂၉ ဒသမ ၆ ဂရမ်၊ ဘိန်းစာမှုန့် ၁၉၈ဝ၉ ဒသမ ၂၇ ဂရမ်၊ ဘိန်းစာရွက် ၇၈၃၃ ဒသမ ၁၉ ဂရမ်၊ ဘိန်းစာရည် ၂ ဒသမ ၅ လီတာ၊ စိတ်ကြွဆေးပြား ၃၃၉၆၈၂ ပြား၊ ဆေးခြောက် ၈၃၆၃ ဒသမ ၂၂ ဂရမ်၊ ဘိန်းရည် ဝ ဒသမ ၁ လီတာ၊ ဘိန်းဆီခဲ ၅၁၃ ဒသမ ၂၆ ဂရမ်၊  ဘိန်းစေ့ ၆ဝ ဂရမ်၊ စိတ်ကြွဆေးပြား အကြေမှုန့် ၂၉ ဒသမ ၁၅ ဂရမ်၊  Ecstasy အကြေ ဝ ဒသမ ဝဝ၁ ဂရမ်၊ လက်နက်မျိုးစုံ ၁၈ လက်၊ ကျည်မျိုးစုံ ၂၅၇ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရပါတယ်။

ဒါ့အပြင် တပ်မတော်နဲ့ ရဲတပ်ဖွဲ့က သီးခြားရရှိထားတဲ့ မူးယစ်ဆေးဝါးသတင်းတွေအရ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးရမိထားတဲ့ အမှုတွေလည်းရှိပါတယ်။

သီးခြားဖော်ထုတ် ဖမ်းဆီးရမိမှု စုစုပေါင်းအနေနဲ့ စက်တင်ဘာလ ၈ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ အမှုပေါင်း ၂၂ဝ မှု၊ လူအယောက် ၃၁ဝ နဲ့အတူ စိတ်ကြွဆေးပြားပေါင်း အပြား ၆ သိန်းကျော်၊ စိတ်ကြွဆေးပြား အကြေမှုန့် ၃ဝ ဂရမ်၊ ဘိန်းဖြူ ဂရမ် ၂ သောင်းကျော်၊ ဆေးခြောက် ဂရမ် ၇၇ဝဝ ကျော်၊ အိုက်(စ်) ဂရမ် ၆ သိန်းကျော်၊ ဘိန်း ဂရမ် ၁ သိန်းကျော်၊ ဘိန်းဆီခဲ ဂရမ် ၂၅ဝဝ၊ အဆင့်နိမ့်ဘိန်း ၂ ဒသမ ၅ ဂရမ်၊ ဘိန်းစာမှုန့် ဂရမ် ၆ ထောင်ကျော်၊ Buprenorphine ဆေးမှုန့် ၃ ဒသမ ၂ ဂရမ်၊ ကဖင်း ဂရမ် ၂၅ဝဝဝ၊ ဟိုက်ဒရိုကလိုရစ် အက်စစ် လီတာ ၈ ထောင်ကျော်၊ လက်နက်မျိုးစုံ ၁ဝ လက်၊ ဗုံးသီး ၁၅ လုံး၊ ကျည်မျိုးစုံ ၃၄၅ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၂ ခုတို့ကို ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်သမ္မတရုံးမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နှင်းရေးအတွက် ပြည်သူလူထုထံက ပေးပို့လာတဲ့ သတင်းအချက်အလက်တွေကို စနစ်တကျလက်ခံရယူနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ကစပြီး "မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန" ကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးတွေကို ပိုမိုဖမ်းဆီးနိုင်ရေးနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များကို တိုင်ကြားနိုင်တဲ့အပြင် ထူးခြားတဲ့ ကိစ္စရပ်တွေနဲ့ ကြီးမားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှု ကိစ္စရပ်တွေကိုတော့ နိုင်ငံတော်သမ္မတရုံးရဲ့ "မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန" ကို ရုံးချိန်အတွင်း လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

တိုင်ကြားမယ်ဆိုရင် အော်တိုတယ်လီဖုန်းနံပါတ် ဝ၆၇- ၅၉ဝ၂ဝဝ၊ ဖက်စ်ဖုန်းနံပါတ် ဝ၆၇- ၅၉ဝ၂၃၃ ကို ဆက်သွယ်တိုက်ကြားနိုင်သလို [email protected] ဆိုတဲ့ အီးမေးလ်လိပ်စာက တစ်ဆင့်လည်း တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ စက်တင်ဘာလ - ၁၆
ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

( Zawgyi )

ျပည္သူေတြက တိုင္ၾကားေပးပို႔လာတဲ့ မူးယစ္ေဆးဝါးသတင္းေတြအရ ျပည္ထဲေရးဝန္ႀကီးဌာနက ေဖာ္ထုတ္ႏိုင္ခဲ့တဲ့ မူးယစ္ေဆးဝါးအမႈေပါင္း ၇၅ဝ နီးပါးရွိၿပီး လူ ၁၁၆၃ ဦးကို ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ ႏိုင္ငံေတာ္သမၼတ႐ုံးက ဒီကေန႔ စက္တင္ဘာလ ၁၆ ရက္ေန႔ မြန္းလြဲပိုင္းမွာ အသိေပးထုတ္ျပန္ထားပါတယ္။

ဒီပမာဏက ဒီတစ္ပတ္အတြင္း ေဖာ္ထုတ္ဖမ္းဆီးထားတဲ့ မူးယစ္ေဆးဝါးအမႈေတြ အပါအဝင္ ၿပီးခဲ့တဲ့ ၂ဝ၁၈ ခုႏွစ္၊ ဇြန္လ ၂၆ ရက္ေန႔မွ ယခုႏွစ္ စက္တင္ဘာလ ၁၄ ရက္ေန႔အထိ ေပးပို႔တိုင္ၾကားလာတဲ့ မူးယစ္ေဆးဝါးသတင္းေတြကို ႏိုင္ငံေတာ္သမၼတ႐ုံးရဲ႕ ၫႊန္ၾကားခ်က္အရ ျပည္ထဲေရးဝန္ႀကီးဌာနက ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့တဲ့ ပမာဏျဖစ္တယ္လို႔ သိရပါတယ္။

မူးယစ္ေဆးဝါးအမႈေတြနဲ႔ ပတ္သက္ၿပီး ဖမ္းထားတဲ့ လူ ၁ဝဝဝ ေက်ာ္နဲ႔အတူ ဘိန္းျဖဴ ၆၇၁၂ ဒသမ ၈၉၈၄ ဂရမ္၊ အိုက္(စ္) ၁၃၁၈ ဒသမ ၇၂ ဂရမ္၊ ဘိန္း ၃၉၇၇၆ ဒသမ ၉၅ ဂရမ္၊ အဆင့္နိမ့္ဘိန္း ၃၂၉ ဒသမ ၆ ဂရမ္၊ ဘိန္းစာမႈန႔္ ၁၉၈ဝ၉ ဒသမ ၂၇ ဂရမ္၊ ဘိန္းစာ႐ြက္ ၇၈၃၃ ဒသမ ၁၉ ဂရမ္၊ ဘိန္းစာရည္ ၂ ဒသမ ၅ လီတာ၊ စိတ္ႂကြေဆးျပား ၃၃၉၆၈၂ ျပား၊ ေဆးေျခာက္ ၈၃၆၃ ဒသမ ၂၂ ဂရမ္၊ ဘိန္းရည္ ဝ ဒသမ ၁ လီတာ၊ ဘိန္းဆီခဲ ၅၁၃ ဒသမ ၂၆ ဂရမ္၊  ဘိန္းေစ့ ၆ဝ ဂရမ္၊ စိတ္ႂကြေဆးျပား အေၾကမႈန႔္ ၂၉ ဒသမ ၁၅ ဂရမ္၊  Ecstasy အေၾက ဝ ဒသမ ဝဝ၁ ဂရမ္၊ လက္နက္မ်ိဳးစုံ ၁၈ လက္၊ က်ည္မ်ိဳးစုံ ၂၅၇ ေတာင့္၊ လက္ပစ္ဗုံး ၁ လုံးတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္သမၼတ႐ုံးမွ သိရပါတယ္။

ဒါ့အျပင္ တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႕က သီးျခားရရွိထားတဲ့ မူးယစ္ေဆးဝါးသတင္းေတြအရ ပိတ္ဆို႔ရွာေဖြ ဖမ္းဆီးရမိထားတဲ့ အမႈေတြလည္းရွိပါတယ္။

သီးျခားေဖာ္ထုတ္ ဖမ္းဆီးရမိမႈ စုစုေပါင္းအေနနဲ႔ စက္တင္ဘာလ ၈ ရက္ေန႔ကေန ၁၄ ရက္ေန႔အထိ အမႈေပါင္း ၂၂ဝ မႈ၊ လူအေယာက္ ၃၁ဝ နဲ႔အတူ စိတ္ႂကြေဆးျပားေပါင္း အျပား ၆ သိန္းေက်ာ္၊ စိတ္ႂကြေဆးျပား အေၾကမႈန႔္ ၃ဝ ဂရမ္၊ ဘိန္းျဖဴ ဂရမ္ ၂ ေသာင္းေက်ာ္၊ ေဆးေျခာက္ ဂရမ္ ၇၇ဝဝ ေက်ာ္၊ အိုက္(စ္) ဂရမ္ ၆ သိန္းေက်ာ္၊ ဘိန္း ဂရမ္ ၁ သိန္းေက်ာ္၊ ဘိန္းဆီခဲ ဂရမ္ ၂၅ဝဝ၊ အဆင့္နိမ့္ဘိန္း ၂ ဒသမ ၅ ဂရမ္၊ ဘိန္းစာမႈန႔္ ဂရမ္ ၆ ေထာင္ေက်ာ္၊ Buprenorphine ေဆးမႈန႔္ ၃ ဒသမ ၂ ဂရမ္၊ ကဖင္း ဂရမ္ ၂၅ဝဝဝ၊ ဟိုက္ဒ႐ိုကလိုရစ္ အက္စစ္ လီတာ ၈ ေထာင္ေက်ာ္၊ လက္နက္မ်ိဳးစုံ ၁ဝ လက္၊ ဗုံးသီး ၁၅ လုံး၊ က်ည္မ်ိဳးစုံ ၃၄၅ ေတာင့္၊ က်ည္အိမ္မ်ိဳးစုံ ၁၂ ခုတို႔ကို ေဖာ္ထုတ္သိမ္းဆည္းႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ႏိုင္ငံေတာ္သမၼတ႐ုံးမွ မူးယစ္ေဆးဝါးအႏၲရာယ္ တားဆီးႏွိမ္ႏွင္းေရးအတြက္ ျပည္သူလူထုထံက ေပးပို႔လာတဲ့ သတင္းအခ်က္အလက္ေတြကို စနစ္တက်လက္ခံရယူႏိုင္ဖို႔အတြက္ ၿပီးခဲ့တဲ့ ၂ဝ၁၈ ခုႏွစ္၊ ဇြန္လ ၂၆ ရက္ေန႔ကစၿပီး "မူးယစ္ေဆးဝါး အထူးသတင္း တိုင္ၾကားေရးဌာန" ကို ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။

မူးယစ္ေဆးဝါးေတြကို ပိုမိုဖမ္းဆီးႏိုင္ေရးနဲ႔ ပတ္သက္ၿပီး ျပည္ထဲေရးဝန္ႀကီးဌာနနဲ႔ တိုင္းေဒသႀကီး/ျပည္နယ္ အစိုးရအဖြဲ႕မ်ားကို တိုင္ၾကားႏိုင္တဲ့အျပင္ ထူးျခားတဲ့ ကိစၥရပ္ေတြနဲ႔ ႀကီးမားတဲ့ မူးယစ္ေဆးဝါး ေရာင္းဝယ္မႈ ကိစၥရပ္ေတြကိုေတာ့ ႏိုင္ငံေတာ္သမၼတ႐ုံးရဲ႕ "မူးယစ္ေဆးဝါး အထူးသတင္း တိုင္ၾကားေရးဌာန" ကို ႐ုံးခ်ိန္အတြင္း လုံၿခဳံစိတ္ခ်စြာ တိုင္ၾကားႏိုင္တယ္လို႔ အသိေပးထုတ္ျပန္ထားပါတယ္။

တိုင္ၾကားမယ္ဆိုရင္ ေအာ္တိုတယ္လီဖုန္းနံပါတ္ ဝ၆၇- ၅၉ဝ၂ဝဝ၊ ဖက္စ္ဖုန္းနံပါတ္ ဝ၆၇- ၅၉ဝ၂၃၃ ကို ဆက္သြယ္တိုက္ၾကားႏိုင္သလို [email protected] ဆိုတဲ့ အီးေမးလ္လိပ္စာက တစ္ဆင့္လည္း တိုင္ၾကားႏိုင္တယ္လို႔ သိရပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ စက္တင္ဘာလ - ၁၆
ဓာတ္ပုံ - ျပည္ထဲေရးဝန္ႀကီးဌာန