တိုင်းပြည်လွတ်လပ်နေပြီဖြစ်တဲ့အတွက်လွတ်လပ်ရေးအတွက်ဆိုတဲ့စိတ်မလို၊ ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လိုကြိုးပမ်းဆောင်ရွက်မလဲဆိုသည့်စိတ်သာလို ဟု ပြန်ကြားရေးဝန်ကြီး ဆို

တိုင်းပြည်လွတ်လပ်နေပြီဖြစ်တဲ့အတွက်လွတ်လပ်ရေးအတွက်ဆိုတဲ့စိတ်မလို၊ ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လိုကြိုးပမ်းဆောင်ရွက်မလဲဆိုသည့်စိတ်သာလို ဟု ပြန်ကြားရေးဝန်ကြီး ဆို

တိုင်းပြည်လွတ်လပ်နေပြီဖြစ်တဲ့အတွက်လွတ်လပ်ရေးအတွက် လွတ်လပ်ရေးအတွက်ဆိုတဲ့စိတ်မလို နိုင်ငံဆက်လက်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လိုကြိုးပမ်းဆောင်ရွက်မလဲဆိုသည့်စိတ်သာ လိုအပ်ဟု ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်မှ ပြောပါတယ်။

ယနေ့နံနက်ပိုင်း နေပြည်တော်၊ MICC တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံကလေးများနေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ သီချင်း၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

"ဗိုလ်ချုပ်နဲ့ ပတ်သက်လို့ပါ အမွေအနှစ်ရလည်းဆိုရင် ပြည်ထောင်စုစိတ်ဓာတ်နဲ့ လွတ်လပ်ရေးရခဲ့တဲ့ လွတ်လပ်ရေးသည် အကြီးအကျယ်ဆုံး အမွေတစ်ခုဖြစ်တယ်၊ နောက်တစ်ခုက ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လျင် ကျနော်တို့နိုင်ငံအတွက် ကြီးမားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်ဖြစ်တယ်လို့ မြင်ပါတယ်၊ ဗိုလ်ချုပ်အမွေ လွတ်လပ်ရေးအမွေကို ကျနော်တို့ခံစားနေတယ်၊ ဗိုလ်ချုပ်ဆိုတဲ့ အမွေအနှစ်ကို ကျနော်တို့ ပြည့်ပြည့်ဝဝခံစားနိုင်အောင်ဆိုရင်တော့ကား ကျနော်တို့ ဆရာ/မတွေ စသဖြင့် ကျနော်တို့ မျိုးဆက်သစ်လူငယ်တွေကို အသိပေးစေလိုပါတယ်၊ ဘာလည်းဆိုတော့ ဗိုလ်ချုပ်ရဲ့အရည်အချင်း၊ ဗိုလ်ချုပ်ရဲ့စိတ်ဓာတ်၊ ဖြောင့်မတ်တည်ကြည်တဲ့စိတ်၊ နိုင်ငံကိုချစ်မြတ်နိုးတဲ့စိတ်၊ ကျနော်တို့တိုင်းပြည် လွတ်လပ်နေပြီဖြစ်တဲ့အတွက် ကျနော်တို့လွတ်လပ်ရေးအတွက်ဆိုတဲ့စိတ် မလိုပါဘူး ကျနော်တို့လွတ်လပ်ရေး တည်တံ့ခိုင်မြဲဖို့နဲ့ တိုင်းရင်းသား ကျနော်တို့နိုင်ငံသားတွေ စည်းလုံညီညွတ်မှု မပြိုကွဲဖို့ဆိုတဲ့ ပြည်ထောင်စုစိတ်၊ ဖြောင့်မတ်တည်ကြည်တဲ့စိတ် ပြည်ထောင်စုစိတ်နဲ့ ဆက်လက်ပြီးတော့ ဗိုလ်ချုပ်လွတ်လပ်ရေးရအောင် တိုက်ယူပေးခဲ့တဲ့ ကျနော်တို့နိုင်ငံ ဆက်လက်ပြီးဖွံ့ဖြိုးတိုးတက်ဖို့ ငါတို့ဘယ်လိုကြိုးပမ်းဆောင်ရွက်မလဲ၊ အဲ့အတွက်ကို ငါတို့အသိပညာ ဘယ်လိုဖြည့်ဆည်းမလဲ၊ ငါတို့ဘယ်လိုလုံ့လဝိရိယထုတ်ပြီး ဆောင်ရွက်မလဲဆိုတဲ့ စိတ်ဓာတ်တွေ အမွေပေးနိုင်ပါတယ်လို့ ကျနော်မြင်ပါတယ် အဲ့တော့ဗိုလ်ချုပ်သည် ကျနော်တို့နိုင်ငံကို လွတ်လပ်ရေးပေးခဲ့တယ်၊ သူကိုယ်တိုင်အနေနဲ့ နမူနာပြခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ် အဲ့ဒီအတွက်မိုလို့ ဒီကနေ့မှာ ဗိုလ်ချုပ်ကိုအလေးအမြတ်ပြုပြီး ဗိုလ်ချုပ်မွေးနေ့မှာ မြန်မာနိုင်ငံရဲ့ ကလေးများနေ့အဖြစ် ကျင်းပနေတာဖြစ်ပါတယ်" ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်မှ ပြောကြားခဲ့ပါတယ်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ အခြေခံပညာ ထက်လယ်မူကျောင်းများ၊ကိုယ်ပိုင်ကျောင်းများမှ ဆရာ/ဆရာမများ၊ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကြောင်း သိရှိရပါတယ်။

KO
နေပြည်တော်၊ ဖေဖေါ်ဝါရီ - ၁၃

( Zawgyi )

တိုင္းျပည္လြတ္လပ္ေနၿပီျဖစ္တဲ့အတြက္လြတ္လပ္ေရးအတြက္ လြတ္လပ္ေရးအတြက္ဆိုတဲ့စိတ္မလို ႏိုင္ငံဆက္လက္ၿပီး ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ဘယ္လိုႀကိဳးပမ္းေဆာင္႐ြက္မလဲဆိုသည့္စိတ္သာ လိုအပ္ဟု ျပန္ၾကားေရး ျပည္ေထာင္စုဝန္ႀကီးေဒါက္တာေဖျမင့္မွ ေျပာပါတယ္။

ယေန႔နံနက္ပိုင္း ေနျပည္ေတာ္၊ MICC တြင္ က်င္းပျပဳလုပ္သည့္ ျမန္မာႏိုင္ငံကေလးမ်ားေန႔ (ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔) အထိမ္းအမွတ္ စာစီစာကုံး၊ ပန္းခ်ီ၊ ကဗ်ာ၊ သီခ်င္း၊ က်ပန္းစကားေျပာၿပိဳင္ပြဲႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း မိန႔္ခြန္းေျပာၿပိဳင္ပြဲႏွင့္ ဆုေပးပြဲအခမ္းအနား အဖြင့္အမွာစကားေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

"ဗိုလ္ခ်ဳပ္နဲ႔ ပတ္သက္လို႔ပါ အေမြအႏွစ္ရလည္းဆိုရင္ ျပည္ေထာင္စုစိတ္ဓာတ္နဲ႔ လြတ္လပ္ေရးရခဲ့တဲ့ လြတ္လပ္ေရးသည္ အႀကီးအက်ယ္ဆုံး အေမြတစ္ခုျဖစ္တယ္၊ ေနာက္တစ္ခုက ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ပင္လ်င္ က်ေနာ္တို႔ႏိုင္ငံအတြက္ ႀကီးမားတဲ့ တန္ဖိုးမျဖတ္ႏိုင္တဲ့ အေမြအႏွစ္ျဖစ္တယ္လို႔ ျမင္ပါတယ္၊ ဗိုလ္ခ်ဳပ္အေမြ လြတ္လပ္ေရးအေမြကို က်ေနာ္တို႔ခံစားေနတယ္၊ ဗိုလ္ခ်ဳပ္ဆိုတဲ့ အေမြအႏွစ္ကို က်ေနာ္တို႔ ျပည့္ျပည့္ဝဝခံစားႏိုင္ေအာင္ဆိုရင္ေတာ့ကား က်ေနာ္တို႔ ဆရာ/မေတြ စသျဖင့္ က်ေနာ္တို႔ မ်ိဳးဆက္သစ္လူငယ္ေတြကို အသိေပးေစလိုပါတယ္၊ ဘာလည္းဆိုေတာ့ ဗိုလ္ခ်ဳပ္ရဲ႕အရည္အခ်င္း၊ ဗိုလ္ခ်ဳပ္ရဲ႕စိတ္ဓာတ္၊ ေျဖာင့္မတ္တည္ၾကည္တဲ့စိတ္၊ ႏိုင္ငံကိုခ်စ္ျမတ္ႏိုးတဲ့စိတ္၊ က်ေနာ္တို႔တိုင္းျပည္ လြတ္လပ္ေနၿပီျဖစ္တဲ့အတြက္ က်ေနာ္တို႔လြတ္လပ္ေရးအတြက္ဆိုတဲ့စိတ္ မလိုပါဘူး က်ေနာ္တို႔လြတ္လပ္ေရး တည္တံ့ခိုင္ၿမဲဖို႔နဲ႔ တိုင္းရင္းသား က်ေနာ္တို႔ႏိုင္ငံသားေတြ စည္းလုံညီၫြတ္မႈ မၿပိဳကြဲဖို႔ဆိုတဲ့ ျပည္ေထာင္စုစိတ္၊ ေျဖာင့္မတ္တည္ၾကည္တဲ့စိတ္ ျပည္ေထာင္စုစိတ္နဲ႔ ဆက္လက္ၿပီးေတာ့ ဗိုလ္ခ်ဳပ္လြတ္လပ္ေရးရေအာင္ တိုက္ယူေပးခဲ့တဲ့ က်ေနာ္တို႔ႏိုင္ငံ ဆက္လက္ၿပီးဖြံ႕ၿဖိဳးတိုးတက္ဖို႔ ငါတို႔ဘယ္လိုႀကိဳးပမ္းေဆာင္႐ြက္မလဲ၊ အဲ့အတြက္ကို ငါတို႔အသိပညာ ဘယ္လိုျဖည့္ဆည္းမလဲ၊ ငါတို႔ဘယ္လိုလုံ႔လဝိရိယထုတ္ၿပီး ေဆာင္႐ြက္မလဲဆိုတဲ့ စိတ္ဓာတ္ေတြ အေမြေပးႏိုင္ပါတယ္လို႔ က်ေနာ္ျမင္ပါတယ္ အဲ့ေတာ့ဗိုလ္ခ်ဳပ္သည္ က်ေနာ္တို႔ႏိုင္ငံကို လြတ္လပ္ေရးေပးခဲ့တယ္၊ သူကိုယ္တိုင္အေနနဲ႔ နမူနာျပခဲ့တဲ့ ပုဂၢိဳလ္ျဖစ္တယ္ အဲ့ဒီအတြက္မိုလို႔ ဒီကေန႔မွာ ဗိုလ္ခ်ဳပ္ကိုအေလးအျမတ္ျပဳၿပီး ဗိုလ္ခ်ဳပ္ေမြးေန႔မွာ ျမန္မာႏိုင္ငံရဲ႕ ကေလးမ်ားေန႔အျဖစ္ က်င္းပေနတာျဖစ္ပါတယ္" ဟု ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးေဒါက္တာေဖျမင့္မွ ေျပာၾကားခဲ့ပါတယ္။

အခမ္းအနားသို႔ ေနျပည္ေတာ္ေကာင္စီဥကၠ႒ေဒါက္တာမ်ိဳးေအာင္ႏွင့္ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ဒုတိယဝန္ႀကီးမ်ား၊ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းမွ အေျခခံပညာ ထက္လယ္မူေက်ာင္းမ်ား၊ကိုယ္ပိုင္ေက်ာင္းမ်ားမွ ဆရာ/ဆရာမမ်ား၊ေက်ာင္းသား ေက်ာင္းသူမ်ား တက္ေရာက္ၾကေၾကာင္း သိရွိရပါတယ္။

KO
ေနျပည္ေတာ္၊ ေဖေဖၚဝါရီ - ၁၃