တောင်တက်ရင်းပျောက်ဆုံးနေသော မစိမ့်ထက်ရှိသည့်နေရာအား လမ်းညွှန်နိုင်ပါက မည်သူ့ကိုမဆိုဆုတော်ငေ ွသိန်း ၅၀ ချီးမြှင့်မည်ဟု ကာယကံရှင်မိသားစုပြော

တောင်တက်ရင်းပျောက်ဆုံးနေသော မစိမ့်ထက်ရှိသည့်နေရာအား လမ်းညွှန်နိုင်ပါက မည်သူ့ကိုမဆိုဆုတော်ငေ ွသိန်း ၅၀ ချီးမြှင့်မည်ဟု ကာယကံရှင်မိသားစုပြော

ပူတာအိုဒေသ၊ဖန်ဂရန်ရာဇီရေခဲတောင်မှာမတော်တဆဖြစ်ခဲ့ပြီး ပျောက်ဆုံးနေတဲ့ မစိမ့်ထက်ရှိသည့်နေရာအား လမ်းညွှန်နိုင်ပါကလူပုဂ္ဂိုလ်(သို့မဟုတ်)မည်သည့်အဖွဲ့အစည်းကိုမဆို ဆုတော်ငွေသိန်း ၅၀ ပေးအပ်ချီးမြှင့် သွားမယ်လို့ ကာယကံရှင်မိသားစုထံမှသိရပါတယ်။တောင်တက်ရင်းပျောက်ဆုံးနေသော မစိမ့်ထက်ရှိသည့်နေရာအား လမ်းညွှန်နိုင်ပါက မည်သူ့ကို မဆို ဆုတော်ငွေသိန်း ၅၀ ချီးမြှင့်မည်ဆိုသည့်ပိုစတာများကိုလည်း ပူတာအိုဒေသရှိကျေးရွာများမှာ ကပ်ထား တာဖြစ်ပြီး ယင်းပိုစတာကပ်ထားသည့်ဓါတ်ပုံများဟာ ဒီကနေ့မှာ လူမှုကွန်ရက် တစ်ခုဖြစ်သည့် ဖေ့ဘုတ်မှာ ပျံ့နှံ့နေတာလည်းဖြစ်ပါတယ်။ယင်းကဲ့သို့ပိုစတာများကပ်ထားရခြင်းနှင့်ပတ်သက်၍ ကာယကံရှင်မိသားစုဝင် မစိမ့်ထက်၏ဖခင် ဦးမောင်မောင်လေး က “ဒီပိုစတာတွေကိုကျနော်တို့ မိသားစုဝင်တွေက ကပ်တာပါ။ ဒါကိုအခုလဆန်းပိုင်း တည်းကကပ်ထားတာပါ။အခုမှလူတွေသိသွားတာပါ။ဦးကျင်ဥတို့အဖွဲ့သွားရှာကတည်းကကပ်ထားတာပါ။ဒေသခံလေးတွေကိုအကူအညီတောင်းပြီးအနီးအနားကရွာလေးတွေမှာကပ်ခိုင်းလိုက်တာပါ။လောလောဆယ်အထိတော့ဘာမှမထူးခြားသေးပါဘူး။သူတို့လည်းသ့ူနည်း၊သူ့ဟန်နဲ့ရှာနေကြမှာပေါ့နော်။ဘယ်လိုပြောမလဲဒါကလည်းဒေသခံတွေပဲလုပ်နိုင်တဲ့အရာဆိုတော့ကျနော်တို့လည်းမျှော်လင့်ချက်လေးတစ်ခုနဲ့လုပ်နေရတာပေါ့။ ပြောရရင်မျှော်လင့်ချက်တစ်ခုပေါ့ဗျာရေနစ်တဲ့သူကိုဝါးကူထိုးပြီးဆွဲမိသလိုပေါ့။ (Dead Body)လေး တွေ့ဖို့မျှော်လင့်ချက်လေးထားတယ်။စိတ်ထဲမှာတော့အဲ့လိုလေးပေါ့လေ။”လို့ ပြောပြခဲ့ပါတယ်။

ဒါ့အပြင်ယခုမိုးကာလမတိုင်ခင်လေးမှာလည်းမစိမ့်ထက်၏(Dead Body)လေးတွေ့ချင်တဲ့မျှော်လင့်ချက်နဲ့ ရှာဖွေကယ်ဆယ်မှုတွေကိုလုပ်ဆောင်နိုင်ဖို့စီစဉ်နေတယ်လို့လည်း မိစမ့်ထက်၏ဖခင်က ဆက်လက်ပြောပြခဲ့ ပါတယ်။“မိုးမတိုင်ခင်တော့ထပ်ပြီးတော့ရှာဖွေအုံးမယ်လိုတော့ကျနော်တို့စီစဉ်ထားတယ်ပေါ့။အခုအချိန်ကမြူတွေ၊ရာသီဥတုကိစ္စတွေကလည်းဘာမှမလုပ်နိုင်သေးတဲ့အခါကျတော့အတိအကျ ပြောလို့ မရသေးဘူးပေါ့။ အခုရှာဖွေကယ်ဆယ်ရေးနောက်ဆုံးအခြေအနေကတော့သူရဲ့ဂျာကင်လေးနဲ့မျက်မှန်လေးတွေ့တယ်ပေါ့။ဒါကနောက်ဆုံးအခြေအနေပါ။”လို့ ဦးမောင်မောင်လေး က ပြောကြားခဲ့ပါသေးတယ်။ဒါ့အပြင်မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးကျင်ဦး ဦးဆောင်တဲ့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဖြင့်ရှာဖွေကယ်ဆယ်မှုများကိုပြုလုပ်ခဲ့ရာမှာလည်း စိမ့်ထက် အသုံးအဆောင် ပစ္စည်းများဖြစ်သည့်  ဂျာကင် အင်္ကျ ီနှင့် မျက်မှန်တို့ကိုသာတွေ့ရှိခဲ့ရပြီး မစိမ့်ထက်ကိုတော့ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိသေး ဘူး လို့လည်းဆိုပါ တယ်။

ပြေသိမ်း
ရန်ကုန်၊မေ ၁၇

(   Zawgyi   )

 ပူတာအိုေဒသ၊ဖန္ဂရန္ရာဇီေရခဲေတာင္မွာမေတာ္တဆျဖစ္ခဲ့ၿပီး ေပ်ာက္ဆုံးေနတဲ့ မစိမ့္ထက္ရွိသည့္ေနရာအား လမ္းၫႊန္ႏိုင္ပါကလူပုဂၢိဳလ္(သို႔မဟုတ္)မည္သည့္အဖြဲ႕အစည္းကိုမဆို ဆုေတာ္ေငြသိန္း ၅၀ ေပးအပ္ခ်ီးျမႇင့္ သြားမယ္လို႔ ကာယကံရွင္မိသားစုထံမွသိရပါတယ္။ေတာင္တက္ရင္းေပ်ာက္ဆုံးေနေသာ မစိမ့္ထက္ရွိသည့္ေနရာအား လမ္းၫႊန္ႏိုင္ပါက မည္သူ႔ကို မဆို ဆုေတာ္ေငြသိန္း ၅၀ ခ်ီးျမႇင့္မည္ဆိုသည့္ပိုစတာမ်ားကိုလည္း ပူတာအိုေဒသရွိေက်း႐ြာမ်ားမွာ ကပ္ထား တာျဖစ္ၿပီး ယင္းပိုစတာကပ္ထားသည့္ဓါတ္ပုံမ်ားဟာ ဒီကေန႔မွာ လူမႈကြန္ရက္ တစ္ခုျဖစ္သည့္ ေဖ့ဘုတ္မွာ ပ်ံ႕ႏွံ႔ေနတာလည္းျဖစ္ပါတယ္။ယင္းကဲ့သို႔ပိုစတာမ်ားကပ္ထားရျခင္းႏွင့္ပတ္သက္၍ ကာယကံရွင္မိသားစုဝင္ မစိမ့္ထက္၏ဖခင္ ဦးေမာင္ေမာင္ေလး က “ဒီပိုစတာေတြကိုက်ေနာ္တို႔ မိသားစုဝင္ေတြက ကပ္တာပါ။ ဒါကိုအခုလဆန္းပိုင္း တည္းကကပ္ထားတာပါ။အခုမွလူေတြသိသြားတာပါ။ဦးက်င္ဥတို႔အဖြဲ႕သြားရွာကတည္းကကပ္ထားတာပါ။ေဒသခံေလးေတြကိုအကူအညီေတာင္းၿပီးအနီးအနားက႐ြာေလးေတြမွာကပ္ခိုင္းလိုက္တာပါ။ေလာေလာဆယ္အထိေတာ့ဘာမွမထူးျခားေသးပါဘူး။သူတို႔လည္းသ့ူနည္း၊သူ႔ဟန္နဲ႔ရွာေနၾကမွာေပါ့ေနာ္။ဘယ္လိုေျပာမလဲဒါကလည္းေဒသခံေတြပဲလုပ္ႏိုင္တဲ့အရာဆိုေတာ့က်ေနာ္တို႔လည္းေမွ်ာ္လင့္ခ်က္ေလးတစ္ခုနဲ႔လုပ္ေနရတာေပါ့။ ေျပာရရင္ေမွ်ာ္လင့္ခ်က္တစ္ခုေပါ့ဗ်ာေရနစ္တဲ့သူကိုဝါးကူထိုးၿပီးဆြဲမိသလိုေပါ့။ (Dead Body)ေလး ေတြ႕ဖို႔ေမွ်ာ္လင့္ခ်က္ေလးထားတယ္။စိတ္ထဲမွာေတာ့အဲ့လိုေလးေပါ့ေလ။”လို႔ ေျပာျပခဲ့ပါတယ္။

ဒါ့အျပင္ယခုမိုးကာလမတိုင္ခင္ေလးမွာလည္းမစိမ့္ထက္၏(Dead Body)ေလးေတြ႕ခ်င္တဲ့ေမွ်ာ္လင့္ခ်က္နဲ႔ ရွာေဖြကယ္ဆယ္မႈေတြကိုလုပ္ေဆာင္ႏိုင္ဖို႔စီစဥ္ေနတယ္လို႔လည္း မိစမ့္ထက္၏ဖခင္က ဆက္လက္ေျပာျပခဲ့ ပါတယ္။“မိုးမတိုင္ခင္ေတာ့ထပ္ၿပီးေတာ့ရွာေဖြအုံးမယ္လိုေတာ့က်ေနာ္တို႔စီစဥ္ထားတယ္ေပါ့။အခုအခ်ိန္ကျမဴေတြ၊ရာသီဥတုကိစၥေတြကလည္းဘာမွမလုပ္ႏိုင္ေသးတဲ့အခါက်ေတာ့အတိအက် ေျပာလို႔ မရေသးဘူးေပါ့။ အခုရွာေဖြကယ္ဆယ္ေရးေနာက္ဆုံးအေျခအေနကေတာ့သူရဲ႕ဂ်ာကင္ေလးနဲ႔မ်က္မွန္ေလးေတြ႕တယ္ေပါ့။ဒါကေနာက္ဆုံးအေျခအေနပါ။”လို႔ ဦးေမာင္ေမာင္ေလး က ေျပာၾကားခဲ့ပါေသးတယ္။ဒါ့အျပင္ျမန္မာႏိုင္ငံေျခလ်င္ႏွင့္ေတာင္တက္အဖြဲ႕ခ်ဳပ္ဒုတိယဥကၠဌ ဦးက်င္ဦး ဦးေဆာင္တဲ့ ရွာေဖြကယ္ဆယ္ေရး အဖြဲ႕ျဖင့္ရွာေဖြကယ္ဆယ္မႈမ်ားကိုျပဳလုပ္ခဲ့ရာမွာလည္း စိမ့္ထက္ အသုံးအေဆာင္ ပစၥည္းမ်ားျဖစ္သည့္  ဂ်ာကင္ အက်ၤ ီႏွင့္ မ်က္မွန္တို႔ကိုသာေတြ႕ရွိခဲ့ရၿပီး မစိမ့္ထက္ကိုေတာ့ ရွာေဖြေတြ႕ရွိခဲ့ျခင္း မရွိေသး ဘူး လို႔လည္းဆိုပါ တယ္။

ေျပသိမ္း
ရန္ကုန္၊ေမ ၁၇