တောင်ပြုန်းပွဲဆက်လက်ကျင်းပ ပွဲတော်၏အဓိကအခမ်းအနားဖြစ်သည့် နတ်ရေချိုးပွဲသို့ လူသိန်းချီ လာရောက်ဆင်နွှဲ

တောင်ပြုန်းပွဲဆက်လက်ကျင်းပ ပွဲတော်၏အဓိကအခမ်းအနားဖြစ်သည့် နတ်ရေချိုးပွဲသို့ လူသိန်းချီ လာရောက်ဆင်နွှဲ

တောင်ပြုန်းပွဲတော်ရဲ့အဓိကပွဲတေည်အခမ်းအနားတစ်ခုဖြစ်တဲ့ နတ်ရေချိုးပွဲ (တောင်ပြုန်းမင်းနှစ်ပါး ချိုးရေတော်သုံးပွဲ)အခမ်းအနားကို ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ အထက်အညာဒေသ ရဲ့ အထင်ကရနတ်ပွဲတော်ဖြစ်တဲ့ တောင်ပြုန်းပွဲတော်ကို သြဂုတ်လ ၈ ရက်(ဝါခေါင်လဆန်း ၈ ရက်)နေ့ ကစလို့ကျင်းပနေတာဖြစ်ပြီး မနေ့က သြဂုတ်လ ၁၀ ရက်(ဝါခေါင်လဆန်း ၁၀ရက်)နေ့က ညီလာခံ သဘင်အခမ်းအနားအပြီးကစလို့ နတ်ကပွဲ(နတ်ချော့ပွဲ)တွေထည့်သွင်းကျင်းပနေပြီဖြစ်ပါတယ်။

ပွဲတော်ကို ဝါခေါင်လပြည့်နေ့အထိဆက်လက်ကျင်းပသွားမှာပဲဖြစ်ပြီး သြဂုတ်လ ၁၄ ရက် (ဝါခေါင် လဆန်း ၁၄ ရက်) မှာ ယုန်ကြိုပွဲနဲ့ထိန်ခုတ်ပွဲအခမ်းအနား၊ ဝါခေါင်လပြည့်နေ့မှာ တောင်ပြုန်း ဆုတောင်းပြည့်ဘုရား နဲ့ဆုတောင်းရဘုရား ဆွမ်းလောင်းပွဲနဲ့သံဃာ့ဒါနအလှူပွဲအခမ်းအနားဆိုပြီး အစဉ်အလာအတိုင်းကျင်းပသွားမှာဖြစ်တယ်လို့ ပွဲကျင်းပရေးကော်မတီဆီကသိရပါတယ်။

ဒီကနေ့နတ်ရေချိုးပွဲအခမ်းအနားကို မနက် ၁၀ နာရီကနေနေ့လည်ပိုင်းအထိကျင်းပခဲ့တာပဲဖြစ်ပြီး အနယ်နယ်အရပ်ရပ်ကပရိသတ်တစ်သိန်းကျော်လာရောက်ဆင်နွှဲခဲ့ကြပါတယ်။

KT
မန္တလေး၊ သြဂုတ် ၁၁

(  Zawgyi  )

 ေတာင္ျပဳန္းပြဲေတာ္ရဲ႕အဓိကပြဲေတည္အခမ္းအနားတစ္ခုျဖစ္တဲ့ နတ္ေရခ်ိဳးပြဲ (ေတာင္ျပဳန္းမင္းႏွစ္ပါး ခ်ိဳးေရေတာ္သုံးပြဲ)အခမ္းအနားကို ဒီကေန႔မနက္ပိုင္းက က်င္းပခဲ့ပါတယ္။ အထက္အညာေဒသ ရဲ႕ အထင္ကရနတ္ပြဲေတာ္ျဖစ္တဲ့ ေတာင္ျပဳန္းပြဲေတာ္ကို ၾသဂုတ္လ ၈ ရက္(ဝါေခါင္လဆန္း ၈ ရက္)ေန႔ ကစလို႔က်င္းပေနတာျဖစ္ၿပီး မေန႔က ၾသဂုတ္လ ၁၀ ရက္(ဝါေခါင္လဆန္း ၁၀ရက္)ေန႔က ညီလာခံ သဘင္အခမ္းအနားအၿပီးကစလို႔ နတ္ကပြဲ(နတ္ေခ်ာ့ပြဲ)ေတြထည့္သြင္းက်င္းပေနၿပီျဖစ္ပါတယ္။

ပြဲေတာ္ကို ဝါေခါင္လျပည့္ေန႔အထိဆက္လက္က်င္းပသြားမွာပဲျဖစ္ၿပီး ၾသဂုတ္လ ၁၄ ရက္ (ဝါေခါင္ လဆန္း ၁၄ ရက္) မွာ ယုန္ႀကိဳပြဲနဲ႔ထိန္ခုတ္ပြဲအခမ္းအနား၊ ဝါေခါင္လျပည့္ေန႔မွာ ေတာင္ျပဳန္း ဆုေတာင္းျပည့္ဘုရား နဲ႔ဆုေတာင္းရဘုရား ဆြမ္းေလာင္းပြဲနဲ႔သံဃာ့ဒါနအလႉပြဲအခမ္းအနားဆိုၿပီး အစဥ္အလာအတိုင္းက်င္းပသြားမွာျဖစ္တယ္လို႔ ပြဲက်င္းပေရးေကာ္မတီဆီကသိရပါတယ္။

ဒီကေန႔နတ္ေရခ်ိဳးပြဲအခမ္းအနားကို မနက္ ၁၀ နာရီကေနေန႔လည္ပိုင္းအထိက်င္းပခဲ့တာပဲျဖစ္ၿပီး အနယ္နယ္အရပ္ရပ္ကပရိသတ္တစ္သိန္းေက်ာ္လာေရာက္ဆင္ႏႊဲခဲ့ၾကပါတယ္။

KT
မႏၲေလး၊ ၾသဂုတ္ ၁၁