တောင်သာစွပ်ကျယ်စက်ရုံမှ ဗိုင်းရပ်စ်ရောဂါပိုးမွှားကာကွယ်သည့် Mask ထုတ်လုပ်မည်

တောင်သာစွပ်ကျယ်စက်ရုံမှ ဗိုင်းရပ်စ်ရောဂါပိုးမွှားကာကွယ်သည့် Mask ထုတ်လုပ်မည်

မျက်နှာမှာတပ်ဆင်ရတဲ့ Mask တွေ  ဈေးနှုန်းအဆမတန်မြင့်မားနေချိန်မှာပဲ တောင်သာမြို့က စွပ်ကျယ်စက်ရုံမှာ Mask တွေ ထုတ် လုပ်ဖို့စီစဉ်နေတယ်လို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တောင်သာမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှဦးဝိုင်းချစ်အောင် က Opinion Laeders ကိုပြောပါတယ်။

"ဈေးနှုန်းအဆမတန်မြင့်နေတာကို အထိုက်အလျောက်တော့ကူညီနိုင်ရာရောက်မယ်ဆိုပြီး ကျွန်တော်တို့မြို့ကစွပ်ကျယ်စက်ရုံမှာ Mask ထုတ်လုပ်ဖို့စီစဉ်တာပါ၊ Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက်လုပ်တဲ့ မနေ့ကအစည်းအဝေးမှာ ဒီကိစ္စပါပြောကြရင်း စက်ရုံ ဘက်ကလည်းလုပ်ကြဖို့ပြောတာနဲ့ စီစဉ်ဖြစ်တာပါ" လို့

၎င်းကပြောပါတယ်။

မြန်မာနိုင်ငံမှာ Covid-19 ရောဂါဂယက်စတင်ဖြစ်ပေါ်ကတည်းက Mask ဈေးနှုန်းတွေတရိပ်ရိပ်မြင့်တက်ခဲ့တာမှာ ဒီကနေ့အချိန်မှာ တော့ မူလပေါက်ဈေးထက် အဆမတန်မြင့်တက်သွားပြီဖြစ်ပါတယ်။"Surgical အဆင့်မဟုတ်ပေမယ့်လည်း မရှိတာမလောက်ငှတာ ထက် စာရင်တော့ တော်သေးတာပေါ့၊ ဒီတစ်ရက်နှစ်ရက်စထုတ်ပါမယ်၊ အဓိကကတော့ ဈေးတွေပေါ့ ဈေးတွေဆိုတာက ပိတ်လို့မရဘူးလေ မဖြစ်မနေ ဈေးသွားကြတဲ့ လူတွေအတွက် ဒါကိုမဖြစ်မနေတက်ခိုင်း ဖို့အတွက်စီစဉ်ဖြစ်တာလည်းဖြစ်ပါတယ်" လို့လည်း ၎င်းကပြောပါ တယ်။

Covid-19 ရောဂါဂယက်က မြန်မာနိုင်ငံမှာ ဇန်နဝါရီလအစောပိုင်းလောက်ကစတင်ခဲ့တာဖြစ်ပြီး အဲဒီဂယက်ကြောင့် ၃၅၀ ကျပ်တန် Mask တစ်ထုပ်ကို အဲဒီကာလတုန်းက နှစ်ထောင်ကျပ်ကနေငါးထောင်ကျပ်လောက်အထိ ဈေးထိုးတက်သွားခဲ့ပြီး အခုအချိန်မှာတော့ မန္တလေးမြို့ရဲ့ဒီကနေ့ပေါက်ဈေး တစ်သောင်းနှစ်ထောင်ကျပ်လောက်အထိ မြင့်တက်သွားခဲ့တယ်လို့သိရပါတယ်။

"ဒေသတွင်းဖူလုံရင်တော့ နောက်ပိုင်းဘယ်လိုဆက်လုပ်ကြမလဲဆွေးနွေးပြီး အများအပြားထုတ်နိုင်ရင်လည်းထုတ်တာပေါ့၊ ကျွန်တော်တို့ ဆီမှာထုတ်လိုက်တဲ့အတွက် ဘာပဲဖြစ် ဖြစ်ဈေးနှုန်းအဆမတန်ရောင်းနေတာတွေကို အထိုက်အလျောက်တော့ ကာမိမယ်ထင်ပါတယ်" လို့ ၎င်းကပြောပါတယ်။

KT                                            
မန္တလေး၊ မတ် ၂၆

(  Zawgyi  )

 မ်က္ႏွာမွာတပ္ဆင္ရတဲ့ Mask ေတြ  ေဈးႏႈန္းအဆမတန္ျမင့္မားေနခ်ိန္မွာပဲ ေတာင္သာၿမိဳ႕က စြပ္က်ယ္စက္႐ုံမွာ Mask ေတြ ထုတ္ လုပ္ဖို႔စီစဥ္ေနတယ္လို႔ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေတာင္သာၿမိဳ႕နယ္မဲဆႏၵနယ္ အမွတ္(၂)မွဦးဝိုင္းခ်စ္ေအာင္ က Opinion Laeders ကိုေျပာပါတယ္။

"ေဈးႏႈန္းအဆမတန္ျမင့္ေနတာကို အထိုက္အေလ်ာက္ေတာ့ကူညီႏိုင္ရာေရာက္မယ္ဆိုၿပီး ကြၽန္ေတာ္တို႔ၿမိဳ႕ကစြပ္က်ယ္စက္႐ုံမွာ Mask ထုတ္လုပ္ဖို႔စီစဥ္တာပါ၊ Covid-19 ေရာဂါႀကိဳတင္ကာကြယ္ေရးအတြက္လုပ္တဲ့ မေန႔ကအစည္းအေဝးမွာ ဒီကိစၥပါေျပာၾကရင္း စက္႐ုံ ဘက္ကလည္းလုပ္ၾကဖို႔ေျပာတာနဲ႔ စီစဥ္ျဖစ္တာပါ" လို႔

၎ကေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ Covid-19 ေရာဂါဂယက္စတင္ျဖစ္ေပၚကတည္းက Mask ေဈးႏႈန္းေတြတရိပ္ရိပ္ျမင့္တက္ခဲ့တာမွာ ဒီကေန႔အခ်ိန္မွာ ေတာ့ မူလေပါက္ေဈးထက္ အဆမတန္ျမင့္တက္သြားၿပီျဖစ္ပါတယ္။"Surgical အဆင့္မဟုတ္ေပမယ့္လည္း မရွိတာမေလာက္ငွတာ ထက္ စာရင္ေတာ့ ေတာ္ေသးတာေပါ့၊ ဒီတစ္ရက္ႏွစ္ရက္စထုတ္ပါမယ္၊ အဓိကကေတာ့ ေဈးေတြေပါ့ ေဈးေတြဆိုတာက ပိတ္လို႔မရဘူးေလ မျဖစ္မေန ေဈးသြားၾကတဲ့ လူေတြအတြက္ ဒါကိုမျဖစ္မေနတက္ခိုင္း ဖို႔အတြက္စီစဥ္ျဖစ္တာလည္းျဖစ္ပါတယ္" လို႔လည္း ၎ကေျပာပါ တယ္။

Covid-19 ေရာဂါဂယက္က ျမန္မာႏိုင္ငံမွာ ဇန္နဝါရီလအေစာပိုင္းေလာက္ကစတင္ခဲ့တာျဖစ္ၿပီး အဲဒီဂယက္ေၾကာင့္ ၃၅၀ က်ပ္တန္ Mask တစ္ထုပ္ကို အဲဒီကာလတုန္းက ႏွစ္ေထာင္က်ပ္ကေနငါးေထာင္က်ပ္ေလာက္အထိ ေဈးထိုးတက္သြားခဲ့ၿပီး အခုအခ်ိန္မွာေတာ့ မႏၲေလးၿမိဳ႕ရဲ႕ဒီကေန႔ေပါက္ေဈး တစ္ေသာင္းႏွစ္ေထာင္က်ပ္ေလာက္အထိ ျမင့္တက္သြားခဲ့တယ္လို႔သိရပါတယ္။

"ေဒသတြင္းဖူလုံရင္ေတာ့ ေနာက္ပိုင္းဘယ္လိုဆက္လုပ္ၾကမလဲေဆြးေႏြးၿပီး အမ်ားအျပားထုတ္ႏိုင္ရင္လည္းထုတ္တာေပါ့၊ ကြၽန္ေတာ္တို႔ ဆီမွာထုတ္လိုက္တဲ့အတြက္ ဘာပဲျဖစ္ ျဖစ္ေဈးႏႈန္းအဆမတန္ေရာင္းေနတာေတြကို အထိုက္အေလ်ာက္ေတာ့ ကာမိမယ္ထင္ပါတယ္" လို႔ ၎ကေျပာပါတယ္။

KT                                            
မႏၲေလး၊ မတ္ ၂၆