တောင်သာမြို့နယ်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၄ ဦးသေဆုံး ၊ ၃ ဦး အပြင်းအထန်ဒဏ်ရာရ

တောင်သာမြို့နယ်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၄ ဦးသေဆုံး ၊ ၃ ဦး အပြင်းအထန်ဒဏ်ရာရ
                                                                        

 တောင်သာမြို့နယ်တွင် စက်တင်ဘာလ ၉ ရက်နေ့က ယာဉ်တိမ်းမှောက်မှုကြောင့် ၄ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၉ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ မလှိုင်-မြင်းခြံ ကားလမ်း မိုင်တိုင် (၃၂/၃၃) ကြား၌ မလှိုင်မြို့ မှ တောင်သာမြို့ သို့ ရန်နိုင်အောင်သူ မောင်းနှင်လာသည့်  VRD Porter II ယာဉ်သည် ရှေ့ဘီးပေါက်ကာ တိမ်းမှောက် မှုဖြစ်ပေါ်ခဲ့ပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ် တွင်လိုက်ပါလာသည့်  ကျော်မင်းထက် ပါ (၄) ဦး (ကျား၂ ၊မ၂)သည် အခင်းဖြစ်နေရာတွင် သေဆုံး ခဲ့ပြီး မသဲစု ပါ အမျိုးသမီး ၃ ဦးတွင် ဦးခေါင်း၊ နဖူး၊ ဝဲ/ယာ ပါး၊ အပေါ်နှုတ်ခမ်းပေါက်ပြဲ၊ ယာလက်ကျိုးသည့် ဒဏ်ရာများ ရရှိ ခဲ့ပြီး စိုးရိမ်ရတဲ့ အခြေ အနေမှာ ရှိနေတဲ့အတွက် မလှိုင်ဆေးရုံမှ မန္တလေးဆေးရုံသို့ လွှဲပြောင်းကုသလျှက် ရှိတယ်လို့ဆိုပါတယ်။

ယာဉ်မောင်း ရန်နိုင်အောင်သူ ပါ (၅)ဦးတွင်လည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့တဲ့အတွက် မလှိုင်ဆေးရုံသို့ တင်ပို့ ကုသပေးလျှက်ရှိပြီး ယာဉ်မောင်း ဖြစ်သူ ရန်နိုင်အောင်သူ အား ရုံးစည်ကြီးရဲကင်းစခန်း ယာဉ်(ပ)၇/၂၀၁၉၊ ရာဇ သတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ၊ပေါ့လျော့မှုကြောင့် လူသေမှု၊ ပေါ့လျော့မှုကြောင့် ပြင်းထန်/ သာမန် နာကျင်စေမှု တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
တောင်သာ၊ စက်တင်ဘာ ၁၀

(  Zawgyi  )

 
 ေတာင္သာၿမိဳ႕နယ္တြင္ စက္တင္ဘာလ ၉ ရက္ေန႔က ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ၄ ဦးေသဆုံးၿပီး ၃ ဦး အျပင္းအထန္ဒဏ္ရာရရွိခဲ့တယ္လို႔ ျပည္ထဲေရးမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ စက္တင္ဘာလ ၉ ရက္ နံနက္ ၆ နာရီခြဲအခ်ိန္ခန႔္တြင္ ျမင္းၿခံခ႐ိုင္၊ ေတာင္သာၿမိဳ႕နယ္၊ မလႈိင္-ျမင္းၿခံ ကားလမ္း မိုင္တိုင္ (၃၂/၃၃) ၾကား၌ မလႈိင္ၿမိဳ႕ မွ ေတာင္သာၿမိဳ႕ သို႔ ရန္ႏိုင္ေအာင္သူ ေမာင္းႏွင္လာသည့္  VRD Porter II ယာဥ္သည္ ေရွ႕ဘီးေပါက္ကာ တိမ္းေမွာက္ မႈျဖစ္ေပၚခဲ့ပါတယ္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚ တြင္လိုက္ပါလာသည့္  ေက်ာ္မင္းထက္ ပါ (၄) ဦး (က်ား၂ ၊မ၂)သည္ အခင္းျဖစ္ေနရာတြင္ ေသဆုံး ခဲ့ၿပီး မသဲစု ပါ အမ်ိဳးသမီး ၃ ဦးတြင္ ဦးေခါင္း၊ နဖူး၊ ဝဲ/ယာ ပါး၊ အေပၚႏႈတ္ခမ္းေပါက္ၿပဲ၊ ယာလက္က်ိဳးသည့္ ဒဏ္ရာမ်ား ရရွိ ခဲ့ၿပီး စိုးရိမ္ရတဲ့ အေျခ အေနမွာ ရွိေနတဲ့အတြက္ မလႈိင္ေဆး႐ုံမွ မႏၲေလးေဆး႐ုံသို႔ လႊဲေျပာင္းကုသလွ်က္ ရွိတယ္လို႔ဆိုပါတယ္။

ယာဥ္ေမာင္း ရန္ႏိုင္ေအာင္သူ ပါ (၅)ဦးတြင္လည္း ဒဏ္ရာအနည္းငယ္ရရွိခဲ့တဲ့အတြက္ မလႈိင္ေဆး႐ုံသို႔ တင္ပို႔ ကုသေပးလွ်က္ရွိၿပီး ယာဥ္ေမာင္း ျဖစ္သူ ရန္ႏိုင္ေအာင္သူ အား ႐ုံးစည္ႀကီးရဲကင္းစခန္း ယာဥ္(ပ)၇/၂၀၁၉၊ ရာဇ သတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၇/၃၃၈ ၊ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ၊ ေပါ့ေလ်ာ့မႈေၾကာင့္ ျပင္းထန္/ သာမန္ နာက်င္ေစမႈ တို႔ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ေတာင္သာ၊ စက္တင္ဘာ ၁၀