တောင်သူများကို ကာလလတ်ချေးငွေ ပေးနိုင်ရန် အကြံပြုထားဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆို

တောင်သူများကို ကာလလတ်ချေးငွေ ပေးနိုင်ရန် အကြံပြုထားဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆို

စပါးစိုက် တောင်သူတွေကို ကာလလတ်ချေးငွေ ပေးနိုင်ရန်အတွက် အကြုံပြုထားတယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီကနေ့ အောက်တိုဘာလ ၃ဝ ရက်နေ့၊ မနက်ပိုင်းက ပြောကြားခဲ့ပါတယ်။

ဒီကနေ့ မနက် ၇ နာရီက လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲကျေးရွာ၊ တောင်သူ ဦးမောင်မောင်ရဲ့ မျိုးသန့်မျိုးစေ့ စိုက်ခင်းမှာ ကျင်းပတဲ့ ၂ဝ၁၉ ခုနှစ် မိုးစပါးစံ ကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တက်ရောက်ခဲ့ပြီး အခမ်းအနားမှာ အခုလို ပြောကြားခဲ့တာပါ။

“ကျွန်တော်တို့တိုင်းက ထွက်ပေါ်လာတဲ့ ဧည့်မထအုပ်စုကို နိုင်ငံခြားတင်ပို့ပြီး ပြည်ပကိုရောင်းပါတယ်။ ဧရာဝတီတိုင်းက ပေါ်ဆန်းမွေးလိုမျိုး စပါးမျိုးတွေကို စားသုံးသူများ အနေနဲ့ အများဆုံး သုံးစွဲနေကြတဲ့ အခြေအနေရှိပါတယ်။  ဒါပေမယ့် တိုင်းအတွင်းမှာနေထိုင်သူများနဲ့ ထုတ်လုပ်မှုကို ညီမျှဖို့အတွက် စီမံချက်ချပြီး ဆောင်ရွက်နေပါတယ်။  ကျွန်တော်တို့နိုင်ငံမှာ စိုက်ပျိုးထုတ်လုပ်နေတဲ့ စနစ်က တောင်သူတွေ အတွက် အကျိုးရှိနိုင်တဲ့ အလေ့အကျင့်တစ်ခုကို ပြုစုပျိုးထောင်ပြီး စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကြိုးစားဆောင်ရွက်ကြ ရမှာဖြစ်ပါတယ်။ တောင်သူများ ကြုံဆုံနေရတဲ့ အခက်အခဲတွေ ရှိပါတယ်။ တစ်ခုက တော့ ငွေရေးကြေးရေး အခက်အခဲပဲဖြစ်ပါတယ်။

ငွေရေးကြေးရေးကဏ္ဍနဲ့ ပတ်သက်ရင်လည်း စိုက်ဘဏ်ကနေ ချေးငွေကိစ္စတွေကို ပြန်လည်သုံး သပ် နေပါတယ်။ ကာလလတ် ချေးငွေလောက် ပေးနိုင်ဖို့အတွက် ကျွန်တော်တို့တိုင်းကလည်း အကြံပြုထားပါတယ်။ နောက်တစ်ချက်ကတော့ ပုံစံ(၇)ကို အပေါင်တင်ပြီး ချေးယူနိုင်တဲ့ စနစ်မျိုးကို စနစ်တကျပြောင်းလဲသွားနိုင်ဖို့ ဆက်ပြီးလုပ်ရမှာ ဖြစ်ပါတယ်”လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးက စိုက်ပျိုးရေး မြေဧရိယာအားဖြင့် အခြားတိုင်းနဲ့ ပြည်နယ်များထက်စာရင် နည်းပါးကြောင်း၊  ဒါပေမယ့် စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး အဓိကထားရမယ့် တိုင်းတစ်ခုမှာ ပါဝင်ကြောင်း၊ ဘာကြောင့်လည်းဆိုရင် မိမိတို့တိုင်းရဲ့ ထုတ်လုပ်နိုင်မှုနဲ့ တိုင်းအတွင်းမှာ နေထိုင်နေတဲ့ ပြည်သူများရဲ့ စားဝတ်နေရေးဘဝ ဖူလုံရေးကို ဂရုစိုက်ရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကျင်းပပြုလုပ်ခဲ့တဲ့ ၂ဝ၁၉ ခုနှစ် မိုးစပါးစံ ကွက်ရိတ်သိမ်းခြင်း အခမ်းအနားကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ လှည်းကူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောရေးရာ ကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနဲ့ တောင်သူလယ်သမား များ တက်ရောက်ခဲ့ကြပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ အောက်တိုဘာ ၃ဝ
ဓာတ်ပုံ- Yangon Region Government

(  Zawgyi  )

စပါးစိုက္ ေတာင္သူေတြကို ကာလလတ္ေခ်းေငြ ေပးႏိုင္ရန္အတြက္ အႀကဳံျပဳထားတယ္လို႔ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ဒီကေန႔ ေအာက္တိုဘာလ ၃ဝ ရက္ေန႔၊ မနက္ပိုင္းက ေျပာၾကားခဲ့ပါတယ္။

ဒီကေန႔ မနက္ ၇ နာရီက လွည္းကူးၿမိဳ႕နယ္၊ ပိုက္ႀကီးဝဲေက်း႐ြာ၊ ေတာင္သူ ဦးေမာင္ေမာင္ရဲ႕ မ်ိဳးသန႔္မ်ိဳးေစ့ စိုက္ခင္းမွာ က်င္းပတဲ့ ၂ဝ၁၉ ခုႏွစ္ မိုးစပါးစံ ကြက္ရိတ္သိမ္းျခင္း အခမ္းအနားကို ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက တက္ေရာက္ခဲ့ၿပီး အခမ္းအနားမွာ အခုလို ေျပာၾကားခဲ့တာပါ။

“ကြၽန္ေတာ္တို႔တိုင္းက ထြက္ေပၚလာတဲ့ ဧည့္မထအုပ္စုကို ႏိုင္ငံျခားတင္ပို႔ၿပီး ျပည္ပကိုေရာင္းပါတယ္။ ဧရာဝတီတိုင္းက ေပၚဆန္းေမြးလိုမ်ိဳး စပါးမ်ိဳးေတြကို စားသုံးသူမ်ား အေနနဲ႔ အမ်ားဆုံး သုံးစြဲေနၾကတဲ့ အေျခအေနရွိပါတယ္။  ဒါေပမယ့္ တိုင္းအတြင္းမွာေနထိုင္သူမ်ားနဲ႔ ထုတ္လုပ္မႈကို ညီမွ်ဖို႔အတြက္ စီမံခ်က္ခ်ၿပီး ေဆာင္႐ြက္ေနပါတယ္။  ကြၽန္ေတာ္တို႔ႏိုင္ငံမွာ စိုက္ပ်ိဳးထုတ္လုပ္ေနတဲ့ စနစ္က ေတာင္သူေတြ အတြက္ အက်ိဳးရွိႏိုင္တဲ့ အေလ့အက်င့္တစ္ခုကို ျပဳစုပ်ိဳးေထာင္ၿပီး စိုက္ပ်ိဳးေရးက႑ ပိုမိုဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ ႀကိဳးစားေဆာင္႐ြက္ၾက ရမွာျဖစ္ပါတယ္။ ေတာင္သူမ်ား ႀကဳံဆုံေနရတဲ့ အခက္အခဲေတြ ရွိပါတယ္။ တစ္ခုက ေတာ့ ေငြေရးေၾကးေရး အခက္အခဲပဲျဖစ္ပါတယ္။

ေငြေရးေၾကးေရးက႑နဲ႔ ပတ္သက္ရင္လည္း စိုက္ဘဏ္ကေန ေခ်းေငြကိစၥေတြကို ျပန္လည္သုံး သပ္ ေနပါတယ္။ ကာလလတ္ ေခ်းေငြေလာက္ ေပးႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔တိုင္းကလည္း အႀကံျပဳထားပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ပုံစံ(၇)ကို အေပါင္တင္ၿပီး ေခ်းယူႏိုင္တဲ့ စနစ္မ်ိဳးကို စနစ္တက်ေျပာင္းလဲသြားႏိုင္ဖို႔ ဆက္ၿပီးလုပ္ရမွာ ျဖစ္ပါတယ္”လို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ရန္ကုန္တိုင္းေဒသႀကီးက စိုက္ပ်ိဳးေရး ေျမဧရိယာအားျဖင့္ အျခားတိုင္းနဲ႔ ျပည္နယ္မ်ားထက္စာရင္ နည္းပါးေၾကာင္း၊  ဒါေပမယ့္ စိုက္ပ်ိဳးေရးနဲ႔ ပတ္သက္ၿပီး အဓိကထားရမယ့္ တိုင္းတစ္ခုမွာ ပါဝင္ေၾကာင္း၊ ဘာေၾကာင့္လည္းဆိုရင္ မိမိတို႔တိုင္းရဲ႕ ထုတ္လုပ္ႏိုင္မႈနဲ႔ တိုင္းအတြင္းမွာ ေနထိုင္ေနတဲ့ ျပည္သူမ်ားရဲ႕ စားဝတ္ေနေရးဘဝ ဖူလုံေရးကို ဂ႐ုစိုက္ရမွာျဖစ္တယ္လို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

က်င္းပျပဳလုပ္ခဲ့တဲ့ ၂ဝ၁၉ ခုႏွစ္ မိုးစပါးစံ ကြက္ရိတ္သိမ္းျခင္း အခမ္းအနားကိုေတာ့ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း အပါအဝင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ စြမ္းအင္ဝန္ႀကီး ဦးဟံထြန္း၊ လွည္းကူးၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ လႊတ္ေတာ္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ စြမ္းအင္၊ လွ်ပ္စစ္၊ သတၱဳႏွင့္ သစ္ေတာေရးရာ ေကာ္မတီအဖြဲ႕မ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားနဲ႔ ေတာင္သူလယ္သမား မ်ား တက္ေရာက္ခဲ့ၾကပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ေအာက္တိုဘာ ၃ဝ
ဓာတ္ပုံ- Yangon Region Government