တွင်းထွက်သယံဇာတတူးဖော်ရေးမှ ရရှိတဲ့ အကျိုးအမြတ်တွေကို စာရင်းကောက်ယူရာမှာ ပြီးပြည့်စုံတဲ့ အချက်အလက်များ အလုံးစုံပြီးပြည့်စုံခြင်း မရရှိ

တွင်းထွက်သယံဇာတတူးဖော်ရေးမှ ရရှိတဲ့ အကျိုးအမြတ်တွေကို စာရင်းကောက်ယူရာမှာ ပြီးပြည့်စုံတဲ့ အချက်အလက်များ အလုံးစုံပြီးပြည့်စုံခြင်း မရရှိ

သတ္တုတူးဖော်ရေးလုပ်ငန်းစဉ်များကို ပထမအဆင့်အနေနဲ့ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက် ကောက်ယူခြင်း လုပ်ငန်း စဉ်များကို ဆောင်ရွက်ခဲ့ရာမှာ ပြီးပြည့်စုံတဲ့ အချက်အလက်တွေ မရရှိခဲ့တာ မရှိဘူးလို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA) ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်လင်း က ပြောဆို လိုက်ပါတယ်။

 “လက်ရှိအခြေအနေမှာ ဒီလုပ်ငန်းစဉ်တွေမှာ လိုအပ်ချက်တွေ ရှိဦးမှာဖြစ်ပါတယ်။ ကနဦးလုပ်ငန်းစဉ်မှာ ပါဝင်တဲ့ အချက်အလက် တွေ အရ သက်ဆိုင်ရာကုမ္ပဏီတွေရဲ့လေးပုံသုံးပုံသာ လိုက်နာဆောင်ရွက်ပေးထားတာ ဖြစ်ပါတယ်”လို့ သူကပြောပါတယ်။ မြန်မာနိုင်ငံ တွင်းထွက် သယံဇာတ အရင်းအမြစ်တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး(EITI) လုပ်ငန်းစဉ်များ အတွက် DICA နဲ့ EITI တို့ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ပြီးနောက် အချက်အလက်တွေကို ထုတ်ပြန်ခဲ့ရာမှာ ဦးသန့်ဇင်လင်းက အထက်ပါ အတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး သယံဇာတ တူးဖော် ထုတ်လုပ်ရေး ကဏ္ဍက ကုမ္ပဏီ (၁၅၈) ခု နဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၅ ခုတို့က အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု ဆိုင်ရာ အချက်အလက် တွေကို ကောက်ယူခဲ့တာဖြစ်ပြီး အဲ့ဒီ အချက်အလက်တွေကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ကောက်ခံရရှိခဲ့တဲ့ အချက်အလက်တွေ အပေါ် ခွဲခြမ်းသုံးသပ်ပြီး ဒုတိယအဆင့် အချက်အလက်ကောက် ယူရေးလုပ်ငန်းစဉ်တွေကို ၂၀၂၀ ခုနှစ်အတွင်းမှာ ဆက်လက် လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး(EITI) အဖွဲ့က ညှိနှိုင်းရေးမှူး ဦးစိုးဝင်းက ပြောပါတယ်။“ပထမအကြိမ် ထုတ်ပြန်တဲ့ အချက်အလက်တွေဟာ အားလုံးပြီးပြည့်စုံသွားတယ်လို့ မဆိုနိုင်ပေမယ့် ပထမအကြိမ် ထုတ်ပြန်သွားတဲ့ အတွေ့အကြုံပေါ်အခြေခံပြီး နောက်ထပ် ထုတ်တဲ့အခါ ပိုပြည့်စုံအောင် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်” လို့ ဦးစိုးဝင်းက ဆိုပါတယ်။

အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) က ဦးဆောင်သွားမှာဖြစ်ပြီး ကုမ္ပဏီတွေ ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ သမ္မတ ဦးဝင်းမြင့်က ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့မှာ အမိန့်ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် DICA ရဲ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ခြင်းမရှိတဲ့ ကုမ္ပဏီတွေရှိတာကြောင့် အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်ကောက်ယူရာမှာ အခက်အခဲတွေရှိနေတယ်လို့ EITI လုပ်ငန်းစဉ်တွေမှာ အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ ပါဝင်ခဲ့တဲ့ ဒေါ်မူမူထွန်းက ဆိုပါတယ်။

“သမ္မတကိုယ်တိုင်ထုတ်ထားတဲ့ သမ္မတရဲ့လမ်းညွန်ချက်ကို လေးစားလိုက်နာမှုမရှိဘူး ဆိုတဲ့ စိန်ခေါ်မှုတွေ သွားတွေ့ရတယ်။ ဒါဟာ တကယ်ကို ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်တယ်။ ကျော်လွှားဖို့လိုတယ်” လို့ ဒေါ်မူမူထွန်းက ပြောပါတယ်။သယံဇာတ တူးဖော်ထုတ်လုပ်ရေး ကဏ္ဍက ကုမ္ပဏီ (၁၅၈) ခု နဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၅ ခုတို့က အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်တွေကို DICA က ကောက်ယူရာမှာ အချက်အလက် ဖြည့်သွင်းထားတဲ့ ကုမ္ပဏီ ၁၂၁ ခု ရှိပြီး အချက်အလက်တွေ မဖြည့်သွင်းတဲ့ ကုမ္ပဏီ ၄၂ ရှိကာ စုစုပေါင်း ရာခိုင်နှုန်း ၇၄ ရာခိုင်နှုန်းသာ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇေယျာမော် ၊ ပြေသိမ်း  
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈

(  Zawgyi  )

 သတၱဳတူးေဖာ္ေရးလုပ္ငန္းစဥ္မ်ားကို ပထမအဆင့္အေနနဲ႔ အက်ိဳးအျမတ္ရရွိပိုင္ဆိုင္မႈဆိုင္ရာ အခ်က္အလက္ ေကာက္ယူျခင္း လုပ္ငန္း စဥ္မ်ားကို ေဆာင္႐ြက္ခဲ့ရာမွာ ၿပီးျပည့္စုံတဲ့ အခ်က္အလက္ေတြ မရရွိခဲ့တာ မရွိဘူးလို႔ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီးဌာန(DICA) ရဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးသန႔္ဇင္လင္း က ေျပာဆို လိုက္ပါတယ္။

 “လက္ရွိအေျခအေနမွာ ဒီလုပ္ငန္းစဥ္ေတြမွာ လိုအပ္ခ်က္ေတြ ရွိဦးမွာျဖစ္ပါတယ္။ ကနဦးလုပ္ငန္းစဥ္မွာ ပါဝင္တဲ့ အခ်က္အလက္ ေတြ အရ သက္ဆိုင္ရာကုမၸဏီေတြရဲ႕ေလးပုံသုံးပုံသာ လိုက္နာေဆာင္႐ြက္ေပးထားတာ ျဖစ္ပါတယ္”လို႔ သူကေျပာပါတယ္။ ျမန္မာႏိုင္ငံ တြင္းထြက္ သယံဇာတ အရင္းအျမစ္တူးေဖာ္ထုတ္လုပ္ေရးလုပ္ငန္းမ်ား ပြင့္လင္းျမင္သာမႈ ေဖာ္ေဆာင္ေရး(EITI) လုပ္ငန္းစဥ္မ်ား အတြက္ DICA နဲ႔ EITI တို႔ပူးေပါင္းၿပီး လုပ္ေဆာင္ခဲ့ၿပီးေနာက္ အခ်က္အလက္ေတြကို ထုတ္ျပန္ခဲ့ရာမွာ ဦးသန႔္ဇင္လင္းက အထက္ပါ အတိုင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒီလုပ္ငန္းစဥ္ကို ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလအတြင္းက စတင္ေဆာင္႐ြက္ခဲ့တာျဖစ္ၿပီး သယံဇာတ တူးေဖာ္ ထုတ္လုပ္ေရး က႑က ကုမၸဏီ (၁၅၈) ခု နဲ႔ ႏိုင္ငံပိုင္ စီးပြားေရးလုပ္ငန္း ၅ ခုတို႔က အက်ိဳးအျမတ္ ရရွိပိုင္ဆိုင္မႈ ဆိုင္ရာ အခ်က္အလက္ ေတြကို ေကာက္ယူခဲ့တာျဖစ္ၿပီး အဲ့ဒီ အခ်က္အလက္ေတြကို အမ်ားျပည္သူ သိရွိေအာင္ ထုတ္ျပန္ခဲ့တာလည္း ျဖစ္ပါတယ္။

ေကာက္ခံရရွိခဲ့တဲ့ အခ်က္အလက္ေတြ အေပၚ ခြဲျခမ္းသုံးသပ္ၿပီး ဒုတိယအဆင့္ အခ်က္အလက္ေကာက္ ယူေရးလုပ္ငန္းစဥ္ေတြကို ၂၀၂၀ ခုႏွစ္အတြင္းမွာ ဆက္လက္ လုပ္ေဆာင္သြားမယ္လို႔ ျမန္မာႏိုင္ငံ တြင္းထြက္သယံဇာတ အရင္းအျမစ္ တူးေဖာ္ထုတ္လုပ္ေရး လုပ္ငန္းမ်ား ပြင့္လင္းျမင္သာမႈေဖာ္ေဆာင္ေရး(EITI) အဖြဲ႕က ညႇိႏႈိင္းေရးမႉး ဦးစိုးဝင္းက ေျပာပါတယ္။“ပထမအႀကိမ္ ထုတ္ျပန္တဲ့ အခ်က္အလက္ေတြဟာ အားလုံးၿပီးျပည့္စုံသြားတယ္လို႔ မဆိုႏိုင္ေပမယ့္ ပထမအႀကိမ္ ထုတ္ျပန္သြားတဲ့ အေတြ႕အႀကဳံေပၚအေျခခံၿပီး ေနာက္ထပ္ ထုတ္တဲ့အခါ ပိုျပည့္စုံေအာင္ လုပ္ေဆာင္သြားရမွာ ျဖစ္ပါတယ္” လို႔ ဦးစိုးဝင္းက ဆိုပါတယ္။

အက်ိဳးအျမတ္ ရရွိပိုင္ဆိုင္မႈ ေဖာ္ေဆာင္ေရး လုပ္ငန္းစဥ္မ်ားကို လုပ္ေဆာင္ဖို႔အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈ ဦးစီးဌာန (DICA) က ဦးေဆာင္သြားမွာျဖစ္ၿပီး ကုမၸဏီေတြ ၊ ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္း ေတြအေနနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားဖို႔ သမၼတ ဦးဝင္းျမင့္က ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ ၂ ရက္ေန႔မွာ အမိန႔္ထုတ္ျပန္ထားပါတယ္။

ဒါေပမယ့္ DICA ရဲ လုပ္ငန္းစဥ္ေတြမွာ ပူးေပါင္းေဆာင္႐ြက္ျခင္းမရွိတဲ့ ကုမၸဏီေတြရွိတာေၾကာင့္ အက်ိဳးအျမတ္ ရရွိပိုင္ဆိုင္မႈဆိုင္ရာ အခ်က္အလက္ေကာက္ယူရာမွာ အခက္အခဲေတြရွိေနတယ္လို႔ EITI လုပ္ငန္းစဥ္ေတြမွာ အရပ္ဖက္အဖြဲ႕အစည္းအေနနဲ႔ ပါဝင္ခဲ့တဲ့ ေဒၚမူမူထြန္းက ဆိုပါတယ္။

“သမၼတကိုယ္တိုင္ထုတ္ထားတဲ့ သမၼတရဲ႕လမ္းၫြန္ခ်က္ကို ေလးစားလိုက္နာမႈမရွိဘူး ဆိုတဲ့ စိန္ေခၚမႈေတြ သြားေတြ႕ရတယ္။ ဒါဟာ တကယ္ကို ႀကီးမားတဲ့ စိန္ေခၚမႈျဖစ္တယ္။ ေက်ာ္လႊားဖို႔လိုတယ္” လို႔ ေဒၚမူမူထြန္းက ေျပာပါတယ္။သယံဇာတ တူးေဖာ္ထုတ္လုပ္ေရး က႑က ကုမၸဏီ (၁၅၈) ခု နဲ႔ ႏိုင္ငံပိုင္ စီးပြားေရးလုပ္ငန္း ၅ ခုတို႔က အက်ိဳးအျမတ္ရရွိပိုင္ဆိုင္မႈဆိုင္ရာ အခ်က္အလက္ေတြကို DICA က ေကာက္ယူရာမွာ အခ်က္အလက္ ျဖည့္သြင္းထားတဲ့ ကုမၸဏီ ၁၂၁ ခု ရွိၿပီး အခ်က္အလက္ေတြ မျဖည့္သြင္းတဲ့ ကုမၸဏီ ၄၂ ရွိကာ စုစုေပါင္း ရာခိုင္ႏႈန္း ၇၄ ရာခိုင္ႏႈန္းသာ ရွိတယ္လို႔ ထုတ္ျပန္ထားပါတယ္။

ေဇယ်ာေမာ္ ၊ ေျပသိမ္း  
ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၂၈