ထိုင်းနှင့် မြန်မာ ကုန်သွယ်မှု ကိုးလတာအတွင်း အမေရိကန်ဒေါ်လာ လေးဘီလျံကျော်ရှိကာ မြန်မာဘက်မှ ကုန်သွယ်ရေးပိုငွေ ဖြစ်ပေါ်

ထိုင်းနှင့် မြန်မာ ကုန်သွယ်မှု ကိုးလတာအတွင်း အမေရိကန်ဒေါ်လာ လေးဘီလျံကျော်ရှိကာ မြန်မာဘက်မှ ကုန်သွယ်ရေးပိုငွေ ဖြစ်ပေါ်

မြန်မာနှင့် ထိုင်းနိုင်ငံအကြား ယခုဘဏ္ဍာနှစ် ကိုးလတာ ကာလအတွင်း ကုန်သွယ်ခဲ့ရာမှာ အမေရိကန်aဒါ်လာ လေးဘီလျံကျော် ပမာဏရှိပြီး အဆိုပါကုန်သွယ်မှုတွင် မြန်မာဘက်မှ ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ သန်း ၈၀၀ နီးပါး ဖြစ်ပေါ်ခဲ့တယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက သြဂုတ်လအတွင်း ထုတ်ပြန်ခဲ့သည့် စာရင်းအချက်အလက်များအရ သိရပါတယ်။

အဆိုပါစာရင်းအချက်အလက်များအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကိုးလတာ ကာလအတွင်း မြန်မာဘက်မှ ထိုင်းဘက်သို့ အမေရိကန်ဒေါ်လာ ၂၄၆၃  ဒသမ ၉၄၇ သန်း ကုန်ပစ္စည်းတင်ပို့ခဲ့ကာ ထိုင်းဘက်မှ အမေရိကန်ဒေါ်လာ ၁၆၇၁ ဒသမ၀ ၉၇ သန်း တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့ကာ စုစုပေါင်း ကန်ဒေါ်လာ ၄၁၃၅ ဒသမ ၀၄၄ သန်း ကုန်သွယ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် မေနှင့် ဇွန်လအတွင်း ထိုင်းနှင့် မြန်မာ တရားဝင်ကုန်သွယ်မှုတွင် ပို့ကုန် ကန်ဒေါ်လာ ၅၉၆ ဒသမ ၃၃၅ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၄၃၂ ဒသမ ၆၀၉ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၂၈ ဒသမ ၉၄၄ သန်းဖိုး ကုန်သွယ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း ထိုင်း-မြန်မာကြား ကုန်သွယ်မှုမှာ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၆၆၆ ဒသမ ၄၈၄ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၇၁၁ ဒသမ ၁၉၀ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈၆၆ ဒသမ ၀၆၆ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၂၈၈ ဒသမ ၁၇၂ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၀၇၄ ဒသမ ၇၀၇ သန်းထိ ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ သြဂုတ် - ၂၀
Credit : Google map

( Zawgyi )

ျမန္မာႏွင့္ ထိုင္းႏိုင္ငံအၾကား ယခုဘ႑ာႏွစ္ ကိုးလတာ ကာလအတြင္း ကုန္သြယ္ခဲ့ရာမွာ အေမရိကန္aဒၚလာ ေလးဘီလ်ံေက်ာ္ ပမာဏရွိၿပီး အဆိုပါကုန္သြယ္မႈတြင္ ျမန္မာဘက္မွ ကုန္သြယ္ေရးပိုေငြ ကန္ေဒၚလာ သန္း ၈၀၀ နီးပါး ျဖစ္ေပၚခဲ့တယ္လို႔ ကုန္သြယ္ေရးဦးစီးဌာနက ၾသဂုတ္လအတြင္း ထုတ္ျပန္ခဲ့သည့္ စာရင္းအခ်က္အလက္မ်ားအရ သိရပါတယ္။

အဆိုပါစာရင္းအခ်က္အလက္မ်ားအရ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ကိုးလတာ ကာလအတြင္း ျမန္မာဘက္မွ ထိုင္းဘက္သို႔ အေမရိကန္ေဒၚလာ ၂၄၆၃  ဒသမ ၉၄၇ သန္း ကုန္ပစၥည္းတင္ပို႔ခဲ့ကာ ထိုင္းဘက္မွ အေမရိကန္ေဒၚလာ ၁၆၇၁ ဒသမ၀ ၉၇ သန္း တန္ဖိုးရွိ ကုန္ပစၥည္းမ်ား တင္သြင္းခဲ့ကာ စုစုေပါင္း ကန္ေဒၚလာ ၄၁၃၅ ဒသမ ၀၄၄ သန္း ကုန္သြယ္ခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့သည့္ ေမႏွင့္ ဇြန္လအတြင္း ထိုင္းႏွင့္ ျမန္မာ တရားဝင္ကုန္သြယ္မႈတြင္ ပို႔ကုန္ ကန္ေဒၚလာ ၅၉၆ ဒသမ ၃၃၅ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၄၃၂ ဒသမ ၆၀၉ သန္း စုစုေပါင္း အေမရိကန္ေဒၚလာ ၁၀၂၈ ဒသမ ၉၄၄ သန္းဖိုး ကုန္သြယ္ခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့သည့္ ၅ ႏွစ္တာ ကာလအတြင္း ထိုင္း-ျမန္မာၾကား ကုန္သြယ္မႈမွာ ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၅၆၆၆ ဒသမ ၄၈၄ သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၅၇၁၁ ဒသမ ၁၉၀ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၄၈၆၆ ဒသမ ၀၆၆ သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၄၂၈၈ ဒသမ ၁၇၂ သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၅၀၇၄ ဒသမ ၇၀၇ သန္းထိ ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ ၾသဂုတ္ - ၂၀
Credit : Google map