ထိုင်းသို့ လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား ၅၃ ဦး မြဝတီသို့ ပြန်လည်ရောက်ရှိ

ထိုင်းသို့ လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား ၅၃ ဦး မြဝတီသို့ ပြန်လည်ရောက်ရှိ

ထိုင်းနိုင်ငံတွင် လူကုန်ကူးခံထားရသည့် မြန်မာနိုင်ငံသား ၅၃ ဦး အောက်တိုဘာလ ၁၇ ရက်က မြဝတီမြို့သို့ ပြန်လည်ရောက်ရှိခဲ့တယ်လို့ ပြည်ထဲရေးမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြဝတီမြို့၊ (၄)ရပ်ကွက်ရှိ ပြန်လည်ထူထောင်ရေး ဦးစီး ဌာန၊ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာသို့ အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ၊လူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် လူထုလုံခြုံရေး ဝန်ကြီး ဌာနလက်အောက်ရှိ ကယ်ဆယ်ရေးဂေဟာများတွင် ထိန်းသိမ်းစောင့်ရှောက် ထားသော လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ဇော်ဇော်အောင်(၃၁)နှစ်ပါ ၅၃ ဦး (ကျား ၄၃၊ မ ၁၀)တို့အား ထိုင်းနိုင်ငံ၊လူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Mr. Ratchapon Maneelek ဦးဆောင်သောအဖွဲ့က လာရောက် အပ်နှံခဲ့ရာ မြဝတီခရိုင်လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်ခိုင်ဆွေ၊ မြဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝါထွန်း ဦးစီးပူးပေါင်းဖွဲ့တို့က လက်ခံကြိုဆိုခဲ့တယ်လို့ ဆိုပါတယ်။

ပြန်လည်ရောက်ရှိလာသူများအား အောက်တိုဘာလ ၁၈ ရက်နေ့မှစတင်၍ မြဝတီမြို့မှတစ်ဆင့် ၎င်းတို့၏ နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေး လျှက် ရှိတယ်လို့ ဆိုပါတယ်။

မင်းထွန်း(အုတ်ကျင်း)
မြဝတီ၊ အောက်တိုဘာ ၁၈

(  Zawgyi  )

 ထိုင္းႏိုင္ငံတြင္ လူကုန္ကူးခံထားရသည့္ ျမန္မာႏိုင္ငံသား ၅၃ ဦး ေအာက္တိုဘာလ ၁၇ ရက္က ျမဝတီၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိခဲ့တယ္လို႔ ျပည္ထဲေရးမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျမဝတီၿမိဳ႕၊ (၄)ရပ္ကြက္ရွိ ျပန္လည္ထူေထာင္ေရး ဦးစီး ဌာန၊ ယာယီလက္ခံေစာင့္ေရွာက္ေရးေဂဟာသို႔ ေအာက္တိုဘာလ ၁၇ ရက္ နံနက္ပိုင္းက ထိုင္းႏိုင္ငံ၊လူမႈဖြံ႕ၿဖိဳး တိုးတက္ေရးႏွင့္ လူထုလုံၿခဳံေရး ဝန္ႀကီး ဌာနလက္ေအာက္ရွိ ကယ္ဆယ္ေရးေဂဟာမ်ားတြင္ ထိန္းသိမ္းေစာင့္ေရွာက္ ထားေသာ လူကုန္ကူးခံရသည့္ ျမန္မာႏိုင္ငံသား ေဇာ္ေဇာ္ေအာင္(၃၁)ႏွစ္ပါ ၅၃ ဦး (က်ား ၄၃၊ မ ၁၀)တို႔အား ထိုင္းႏိုင္ငံ၊လူမႈဖြံ႕ၿဖိဳး တိုးတက္ေရးႏွင့္ လူထုလုံၿခဳံေရးဝန္ႀကီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမႉး Mr. Ratchapon Maneelek ဦးေဆာင္ေသာအဖြဲ႕က လာေရာက္ အပ္ႏွံခဲ့ရာ ျမဝတီခ႐ိုင္လူဝင္မႈႀကီးၾကပ္ေရးမႉး ဦးေအာင္ခိုင္ေဆြ၊ ျမဝတီခ႐ိုင္လူမႈဝန္ထမ္းဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေနဝါထြန္း ဦးစီးပူးေပါင္းဖြဲ႕တို႔က လက္ခံႀကိဳဆိုခဲ့တယ္လို႔ ဆိုပါတယ္။

ျပန္လည္ေရာက္ရွိလာသူမ်ားအား ေအာက္တိုဘာလ ၁၈ ရက္ေန႔မွစတင္၍ ျမဝတီၿမိဳ႕မွတစ္ဆင့္ ၎တို႔၏ ေနရပ္မ်ားသို႔ ျပန္လည္ပို႔ေဆာင္ေပး လွ်က္ ရွိတယ္လို႔ ဆိုပါတယ္။

မင္းထြန္း(အုတ္က်င္း)
ျမဝတီ၊ ေအာက္တိုဘာ ၁၈