ထိုင်း ဂေဟာများ၌ စောင့်ရှောက်ထားသော မြန်မာနိုင်ငံမှ လူကုန်ကူးခံရသူများကို ပြန်လည် လက်ခံရန် နှစ်နိုင်ငံဆွေးနွေး

ထိုင်း ဂေဟာများ၌ စောင့်ရှောက်ထားသော မြန်မာနိုင်ငံမှ လူကုန်ကူးခံရသူများကို ပြန်လည် လက်ခံရန် နှစ်နိုင်ငံဆွေးနွေး

ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ဂေဟာတွေမှာ လက်ခံစောင့်ရှောက်ထားတဲ့ မြန်မာနိုင်ငံမှ လူကုန်ကူးခံရသူတွေကို ပြန်လည်လွှဲပြောင်းလက်ခံမှုများလုပ်ဆောင်ရန် နှစ်နိုင်ငံဆွေးနွေးခဲ့ကြသည်။

“လူကုန်ကူးခံရတဲ့သူတွေကို ပြန်လည်ကယ်တင်ခဲ့ပြီးတော့ သူတို့ဆီက ဂေဟာတွေမှာ စောင့်ရှောက်ထားတာ ရှိပါတယ်၊ အဲ့ဒီထဲမှာ မြန်မာနိုင်ငံတင်မကဘူး၊ ဖိလစ်ပိုင်တို့ဘာတို့ တခြားနိုင်ငံတွေကလည်း ပါဝင်ပါတယ်၊ ဒါပေမဲ့ အဲ့ဒီထဲက မြန်မာနိုင်ငံသားတွေကို ပြန်လည် လွှဲပြောင်း လက်ခံပြီးတော့ သူတို့ရဲ့မိသားစုထံပြန်လည် အပ်နှံဖို့ ယခုဆွေးနွေးခဲ့တာ ဖြစ်ပါတယ်”လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ရှင်းပြပါတယ်။

ထိုသို့သော နှစ်နိုင်ငံကြားမှာ လူကုန်ကူးခံရသူတွေကို ပြန်လည်ပို့ဆောင်ရေး၊ မိဘရပ်ထံပြန်လည်အပ်နှံရေး၊ မိသားစုပေါင်းစည်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွေကို ၂၀၀၈ ခုနှစ်ကနေ စတင်ပြီး ခြောက်လတစ်ကြိမ် အိမ်ရှင်အဖြစ် မြန်မာနိုင်ငံမှာ လက်ခံကျင်းပခဲ့ရာ ယနေ့(သြဂုတ် ၈ရက်)တွင် ၂၃ ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ရေး၊ မိဘရပ်ထံ ပြန်လည်အပ်နှံရေး၊ မိသားစုပေါင်း စည်းရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့ရှိ ပတ်ရွိုင်ရယ် ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

“တစ်ချို့ဆိုရင် လူကုန်ကူးခံရတာတွေအပြင် လုပ်အားခတွေ ခေါင်းပုံဖြတ်ခံရတာတွေလည်း ပါတဲ့အခါကျတော့ သူတို့ရသင့်ရထိုက်တဲ့ အခကြေးငွေတွေကိုလည်းပြန်လည်ရရှိစေဖို့ အသေးစိတ်ဆွေးနွေးဆောင်ရွက်နေတာ ဖြစ်ပါတယ်၊ နောက်တစ်ခုက မြန်မာနိုင်ငံသားဖြစ်ဖို့ စိစစ်တာတွေရှိသလို သူတို့ရဲ့လိုအပ်ချက်တွေအတွက် ဟိုဘက်ကနေ ပံ့ပိုးပေးမယ့် အသေးစိတ်အစီအစဉ်တွေကိုလည်း ဆွေးနွေးကြတာဖြစ်ပါ တယ်” လို့ ဦးဝင်းနိုင်ထွန်းက ဆက်လက်ရှင်းပြပါတယ်။

ထိုင်းနိုင်ငံမှာ လူကုန်ကူးခံရသူတွေကို လက်ခံစောင့်ရှောက်ထားတဲ့ ဂေဟာပေါင်း ရှစ်ခုရှိပြီး မြန်မာနိုင်ငံသား အယောက် ၈၀၀ ကျော်ကို လွှဲပြောင်းလုပ်ဆောင်သွားဖို့ရှိသလို လူကုန်ကူးခံရသူအများစုမှာ Sex Worker တွေအဖြစ် ရောင်းစားခံရတာတွေနဲ့ လုပ်အားခခေါင်းပုံဖြတ် ခံရတာတွေ ဖြစ်ကြကြောင်း၊ လူကုန်ကူးမှု ကျူးလွန်သူတွေကိုလည်း အဆင့်ဆင့် စစ်ဆေးဖော်ထုတ်တာတွေကိုလည်း လုပ်ဆောင် လျက် ရှိတယ်လို့ သိရပါတယ်။

ထိုဆွေးနွေးပွဲမှာ ထိုင်းဂေဟာတွေမှာ လက်ခံစောင့်ရှောက်ထားတဲ့  မြန်မာနိုင်ငံက လူကုန်ကူးခံရသူတွေအတွက် ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာကိစ္စရပ်တွေ၊ ၎င်းတို့ရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့် တွေကို အပြည့်အဝပြန်လည်ရရှိစေရေးကိစ္စရပ်တွေ၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စတွေမှာ နှစ်နိုင်ငံပူးပေါင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ထိုအစည်းအဝေးတွင် မြန်မာဘက်မှ ဌာနဆိုင်ရာအကြီးအကဲတွေအပါအဝင် ကိုယ်စားလှယ် ၂၆ဦးနဲ့ ထိုင်းနိုငံမှ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဝင် ၂၀ ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ထိုသို့သော အစည်းအဝေးတွေကို ပုံမှန်ကျင်းပနိုင်ခဲ့တာကြောင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ စံလုပ်ငန်းအစီအစဉ်ကိုလည်း ဖော်ထုတ် အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ သြဂုတ် ၈

(  Zawgyi  )

 ထိုင္းႏိုင္ငံ၊ လူမႈဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ လူထုလုံၿခဳံေရးဝန္ႀကီးဌာနေအာက္မွာရွိတဲ့ ေဂဟာေတြမွာ လက္ခံေစာင့္ေရွာက္ထားတဲ့ ျမန္မာႏိုင္ငံမွ လူကုန္ကူးခံရသူေတြကို ျပန္လည္လႊဲေျပာင္းလက္ခံမႈမ်ားလုပ္ေဆာင္ရန္ ႏွစ္ႏိုင္ငံေဆြးေႏြးခဲ့ၾကသည္။

“လူကုန္ကူးခံရတဲ့သူေတြကို ျပန္လည္ကယ္တင္ခဲ့ၿပီးေတာ့ သူတို႔ဆီက ေဂဟာေတြမွာ ေစာင့္ေရွာက္ထားတာ ရွိပါတယ္၊ အဲ့ဒီထဲမွာ ျမန္မာႏိုင္ငံတင္မကဘူး၊ ဖိလစ္ပိုင္တို႔ဘာတို႔ တျခားႏိုင္ငံေတြကလည္း ပါဝင္ပါတယ္၊ ဒါေပမဲ့ အဲ့ဒီထဲက ျမန္မာႏိုင္ငံသားေတြကို ျပန္လည္ လႊဲေျပာင္း လက္ခံၿပီးေတာ့ သူတို႔ရဲ႕မိသားစုထံျပန္လည္ အပ္ႏွံဖို႔ ယခုေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္”လို႔ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန၊ ျပန္လည္ထူေထာင္ေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးဝင္းႏိုင္ထြန္းက ရွင္းျပပါတယ္။

ထိုသို႔ေသာ ႏွစ္ႏိုင္ငံၾကားမွာ လူကုန္ကူးခံရသူေတြကို ျပန္လည္ပို႔ေဆာင္ေရး၊ မိဘရပ္ထံျပန္လည္အပ္ႏွံေရး၊ မိသားစုေပါင္းစည္းေရးဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝးေတြကို ၂၀၀၈ ခုႏွစ္ကေန စတင္ၿပီး ေျခာက္လတစ္ႀကိမ္ အိမ္ရွင္အျဖစ္ ျမန္မာႏိုင္ငံမွာ လက္ခံက်င္းပခဲ့ရာ ယေန႔(ၾသဂုတ္ ၈ရက္)တြင္ ၂၃ ႀကိမ္ေျမာက္ ျမန္မာ-ထိုင္း လူကုန္ကူးခံရသူမ်ားအား ျပန္လည္ပို႔ေဆာင္ေရး၊ မိဘရပ္ထံ ျပန္လည္အပ္ႏွံေရး၊ မိသားစုေပါင္း စည္းေရး ဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝးကို ရန္ကုန္ၿမိဳ႕ရွိ ပတ္႐ြိဳင္ရယ္ ဟိုတယ္မွာ က်င္းပခဲ့တာျဖစ္ပါတယ္။

“တစ္ခ်ိဳ႕ဆိုရင္ လူကုန္ကူးခံရတာေတြအျပင္ လုပ္အားခေတြ ေခါင္းပုံျဖတ္ခံရတာေတြလည္း ပါတဲ့အခါက်ေတာ့ သူတို႔ရသင့္ရထိုက္တဲ့ အခေၾကးေငြေတြကိုလည္းျပန္လည္ရရွိေစဖို႔ အေသးစိတ္ေဆြးေႏြးေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္၊ ေနာက္တစ္ခုက ျမန္မာႏိုင္ငံသားျဖစ္ဖို႔ စိစစ္တာေတြရွိသလို သူတို႔ရဲ႕လိုအပ္ခ်က္ေတြအတြက္ ဟိုဘက္ကေန ပံ့ပိုးေပးမယ့္ အေသးစိတ္အစီအစဥ္ေတြကိုလည္း ေဆြးေႏြးၾကတာျဖစ္ပါ တယ္” လို႔ ဦးဝင္းႏိုင္ထြန္းက ဆက္လက္ရွင္းျပပါတယ္။

ထိုင္းႏိုင္ငံမွာ လူကုန္ကူးခံရသူေတြကို လက္ခံေစာင့္ေရွာက္ထားတဲ့ ေဂဟာေပါင္း ရွစ္ခုရွိၿပီး ျမန္မာႏိုင္ငံသား အေယာက္ ၈၀၀ ေက်ာ္ကို လႊဲေျပာင္းလုပ္ေဆာင္သြားဖို႔ရွိသလို လူကုန္ကူးခံရသူအမ်ားစုမွာ Sex Worker ေတြအျဖစ္ ေရာင္းစားခံရတာေတြနဲ႔ လုပ္အားခေခါင္းပုံျဖတ္ ခံရတာေတြ ျဖစ္ၾကေၾကာင္း၊ လူကုန္ကူးမႈ က်ဴးလြန္သူေတြကိုလည္း အဆင့္ဆင့္ စစ္ေဆးေဖာ္ထုတ္တာေတြကိုလည္း လုပ္ေဆာင္ လ်က္ ရွိတယ္လို႔ သိရပါတယ္။

ထိုေဆြးေႏြးပြဲမွာ ထိုင္းေဂဟာေတြမွာ လက္ခံေစာင့္ေရွာက္ထားတဲ့  ျမန္မာႏိုင္ငံက လူကုန္ကူးခံရသူေတြအတြက္ ကာကြယ္ေစာင့္ေရွာက္ေရး ဆိုင္ရာကိစၥရပ္ေတြ၊ ၎တို႔ရဲ႕ အခြင့္အေရးနဲ႔ ရပိုင္ခြင့္ ေတြကို အျပည့္အဝျပန္လည္ရရွိေစေရးကိစၥရပ္ေတြ၊ တရားစီရင္ေရးဆိုင္ရာ ကိစၥေတြမွာ ႏွစ္ႏိုင္ငံပူးေပါင္း ျဖည့္ဆည္းေဆာင္႐ြက္ေပးႏိုင္ေရးတို႔အတြက္ ရင္းႏွီးပြင့္လင္းစြာေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

ထိုအစည္းအေဝးတြင္ ျမန္မာဘက္မွ ဌာနဆိုင္ရာအႀကီးအကဲေတြအပါအဝင္ ကိုယ္စားလွယ္ ၂၆ဦးနဲ႔ ထိုင္းႏိုငံမွ လူမႈဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ လူထုလုံၿခဳံေရးဝန္ႀကီးဌာန၊ ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးေဆာင္တဲ့ ကိုယ္စားလွယ္ အဖြဲ႕ဝင္ ၂၀ ဦးတို႔ တက္ေရာက္ေဆြးေႏြးခဲ့ၾကပါတယ္။ ထိုသို႔ေသာ အစည္းအေဝးေတြကို ပုံမွန္က်င္းပႏိုင္ခဲ့တာေၾကာင့္ ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံ လူကုန္ကူးခံရသူမ်ား ျပန္လည္လက္ခံေရး၊ ျပန္လည္ ဝင္ဆံ့ေပါင္းစည္းေရးဆိုင္ရာ စံလုပ္ငန္းအစီအစဥ္ကိုလည္း ေဖာ္ထုတ္ အတည္ျပဳႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ၾသဂုတ္ ၈