ဒါရိုက်တာ မင်းထင်ကိုကိုကြီး အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများအား ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက ထောက်ပံ့ငွေပေးအပ်

ဒါရိုက်တာ မင်းထင်ကိုကိုကြီး အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများအား ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက ထောက်ပံ့ငွေပေးအပ်

ဒါရိုက်တာ မင်းထင်ကိုကိုကြီး အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများအား ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက (၃၈) ကြိမ်မြောက်အဖြစ် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားတွင် NLD ဗဟိုပြန်ကြားရေးကော်မတီ၊ အတွင်းရေးမှူးနှင့် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း နာယကဖြစ်သူ မုံရွာဦးအောင်ရှင် က “အမှတ်တရပြောချင်တာကတော့ ဆရာဦးဝင်းတင် ဟာ နိုင်ငံရေးအကျဉ်းသားတွေ နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ ပတ်သက်လို့ ဆရာဦးဝင်းတင် ရဲ့ ပြောစကားတစ်ခုဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ နိုင်ငံရေးအကျဉ်းသားတွေဆိုတာ မေ့လျော့ခံပုဂ္ဂိုလ်တွေ မဟုတ်ဘူး။နိုင်ငံရေးအကျဉ်းသားဟောင်းတွေ နိုင်ငံရေးအကျဉ်းသားတွေက ဘာပဲဖြစ်ဖြစ် တစ်ချို့ဆိုရင် နှစ်ပေါင်းများစွာ ကျနော်သိရသလောက်ဆိုရင် (၂၅) နှစ်၊ နှစ် (၃၀) လောက်ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေရှိတယ်။တစ်ချို့ကျတော့လည်း ၂ နှစ်၊ ၃ နှစ်ရှိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဒီလူတွေဟာ မေ့လျော့ခံတွေမဟုတ်ဘူး။သူတို့ဟာ သူတို့ရဲ့ နုပျိုမှုတွေကို စွန့်လွှတ်ပြီးတော့ ပြည်သူလူထုအတွက် အလုပ်အကျွး ပြုသွားတယ်လို့ ဒါကိုပြန်ပြောတာပါ။ဒါက နိုင်ငံရေးအကျဉ်းသားတွေ ဘဝတူစာနယ်ဇင်းသမားတွေ ဘယ်လိုထောက်ပံ့နိုင်မလဲ ဘယ်လိုအကျိုးပြုနိုင်မလဲဆိုတာကို စဉ်းစားပြီးတော့ ဆရာကြီးက ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကို ဖွဲ့ခဲ့တာပါ။ထပ်ပြီးတော့ ပြောရမယ်ဆိုရင် ဆရာ့ရည်ရွယ်ချက်တွေက အများကြီးရှိခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒီကနေ့မှာတော့ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက လက်ရှိ နိုင်ငံရေးအကျဉ်းသား (၁) ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် ဘဝတူ စာနယ်ဇင်းသမား (၉) ဦး အပါအဝင် NLD လူငယ်ပုံရိပ်သာတို့အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၁) သိန်းကို ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် ယခု (၃၈) ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲအထိ ဖမ်းဆီးသတ်ဖြတ်ခံ နိုင်ငံရေးအကျဉ်းသား (၁) ဦး၊ လက်ရှိ နိုင်ငံရေးအကျဉ်းသား (၁၇၀) ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် ဘဝတူ စာနယ်ဇင်းသမား (၇၁၂) ဦး၊ စုစုပေါင်း (၈၈၃) ဦးတို့အတွက် ထောက်ပံ့ငွေ စုစုပေါင်း (၂၁၀၈) သိန်းအား ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက ထောက်ပံ့ပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ထို့အတူ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ ထောက်ပံ့ငွေ လိုအပ်သူများသည် လည်းကောင်း၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလုပ်အကိုင်ရှာဖွေပေးမှု အစီအစဉ်များအတွက် အကူအညီလိုအပ်သူများသည် လည်းကောင်း ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်တယ်လို့လည်း ဆိုပါတယ်။

ပြေသိမ်း
ရန်ကုန်၊ စက်တင်ဘာ - ၁၂

( Zawgyi )

ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီး အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအား ဟံသာဝတီဦးဝင္းတင္ေဖာင္ေဒးရွင္းက (၃၈) ႀကိမ္ေျမာက္အျဖစ္ ေထာက္ပံ့ေငြေပးအပ္ျခင္း အခမ္းအနားကို ဒီကေန႔ စက္တင္ဘာ ၁၂ ရက္၊ နံနက္ပိုင္းအခ်ိန္က ရန္ကုန္ၿမိဳ႕၊ ဗဟန္းၿမိဳ႕နယ္ရွိ ေတာ္ဝင္ႏွင္းဆီခန္းမမွာ ျပဳလုပ္ခဲ့ပါတယ္။

အခမ္းအနားတြင္ NLD ဗဟိုျပန္ၾကားေရးေကာ္မတီ၊ အတြင္းေရးမႉးႏွင့္ ဟံသာဝတီဦးဝင္းတင္ေဖာင္ေဒးရွင္း နာယကျဖစ္သူ မုံ႐ြာဦးေအာင္ရွင္ က “အမွတ္တရေျပာခ်င္တာကေတာ့ ဆရာဦးဝင္းတင္ ဟာ ႏိုင္ငံေရးအက်ဥ္းသားေတြ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားနဲ႔ ပတ္သက္လို႔ ဆရာဦးဝင္းတင္ ရဲ႕ ေျပာစကားတစ္ခုျဖစ္တဲ့ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းေတြ ႏိုင္ငံေရးအက်ဥ္းသားေတြဆိုတာ ေမ့ေလ်ာ့ခံပုဂၢိဳလ္ေတြ မဟုတ္ဘူး။ႏိုင္ငံေရးအက်ဥ္းသားေဟာင္းေတြ ႏိုင္ငံေရးအက်ဥ္းသားေတြက ဘာပဲျဖစ္ျဖစ္ တစ္ခ်ိဳ႕ဆိုရင္ ႏွစ္ေပါင္းမ်ားစြာ က်ေနာ္သိရသေလာက္ဆိုရင္ (၂၅) ႏွစ္၊ ႏွစ္ (၃၀) ေလာက္ရွိတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြရွိတယ္။တစ္ခ်ိဳ႕က်ေတာ့လည္း ၂ ႏွစ္၊ ၃ ႏွစ္ရွိပါတယ္။ဘယ္လိုပဲျဖစ္ျဖစ္ ဒီလူေတြဟာ ေမ့ေလ်ာ့ခံေတြမဟုတ္ဘူး။သူတို႔ဟာ သူတို႔ရဲ႕ ႏုပ်ိဳမႈေတြကို စြန႔္လႊတ္ၿပီးေတာ့ ျပည္သူလူထုအတြက္ အလုပ္အကြၽး ျပဳသြားတယ္လို႔ ဒါကိုျပန္ေျပာတာပါ။ဒါက ႏိုင္ငံေရးအက်ဥ္းသားေတြ ဘဝတူစာနယ္ဇင္းသမားေတြ ဘယ္လိုေထာက္ပံ့ႏိုင္မလဲ ဘယ္လိုအက်ိဳးျပဳႏိုင္မလဲဆိုတာကို စဥ္းစားၿပီးေတာ့ ဆရာႀကီးက ဟံသာဝတီဦးဝင္းတင္ေဖာင္ေဒးရွင္းကို ဖြဲ႕ခဲ့တာပါ။ထပ္ၿပီးေတာ့ ေျပာရမယ္ဆိုရင္ ဆရာ့ရည္႐ြယ္ခ်က္ေတြက အမ်ားႀကီးရွိခဲ့ပါတယ္။” လို႔ ေျပာၾကားခဲ့ပါတယ္။

ဒီကေန႔မွာေတာ့ ဟံသာဝတီဦးဝင္းတင္ေဖာင္ေဒးရွင္းက လက္ရွိ ႏိုင္ငံေရးအက်ဥ္းသား (၁) ဦး၊ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းႏွင့္ ဘဝတူ စာနယ္ဇင္းသမား (၉) ဦး အပါအဝင္ NLD လူငယ္ပုံရိပ္သာတို႔အတြက္ စုစုေပါင္းေထာက္ပံ့ေငြက်ပ္ (၂၁) သိန္းကို ေပးအပ္ခဲ့ျခင္းျဖစ္ပါတယ္။

ဒါ့အျပင္ ယခု (၃၈) ႀကိမ္ေျမာက္ ေထာက္ပံ့ေငြေပးအပ္ပြဲအထိ ဖမ္းဆီးသတ္ျဖတ္ခံ ႏိုင္ငံေရးအက်ဥ္းသား (၁) ဦး၊ လက္ရွိ ႏိုင္ငံေရးအက်ဥ္းသား (၁၇၀) ဦး၊ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းႏွင့္ ဘဝတူ စာနယ္ဇင္းသမား (၇၁၂) ဦး၊ စုစုေပါင္း (၈၈၃) ဦးတို႔အတြက္ ေထာက္ပံ့ေငြ စုစုေပါင္း (၂၁၀၈) သိန္းအား ဟံသာဝတီဦးဝင္းတင္ေဖာင္ေဒးရွင္းက ေထာက္ပံ့ေပးခဲ့ၿပီး ျဖစ္တယ္လို႔ ဆိုပါတယ္။

ထို႔အတူ ဟံသာဝတီဦးဝင္းတင္ေဖာင္ေဒးရွင္းမွ ေထာက္ပံ့ေငြ လိုအပ္သူမ်ားသည္ လည္းေကာင္း၊ ပညာေရး၊ က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ အလုပ္အကိုင္ရွာေဖြေပးမႈ အစီအစဥ္မ်ားအတြက္ အကူအညီလိုအပ္သူမ်ားသည္ လည္းေကာင္း ဟံသာဝတီဦးဝင္းတင္ေဖာင္ေဒးရွင္းသို႔ ဆက္သြယ္ အကူအညီေတာင္းခံႏိုင္တယ္လို႔လည္း ဆိုပါတယ္။

ေျပသိမ္း
ရန္ကုန္၊ စက္တင္ဘာ - ၁၂