ဒီမိုကရေစီကိုပြည့်ဝစွာ ကျင့်သုံးနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်အားလုံး ရွေးကောက်ခံ ကိုယ်စားလှယ်များဖြစ်ဖို့လို ဟု NLD အမတ်ပြော

ဒီမိုကရေစီကိုပြည့်ဝစွာ ကျင့်သုံးနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်အားလုံး  ရွေးကောက်ခံ ကိုယ်စားလှယ်များဖြစ်ဖို့လို ဟု NLD အမတ်ပြော

ဒီမိုကရေစီကိုပြည့်ဝစွာကျင့်သုံးနိုင်စေဖို့ အတွက်ဆိုရင် လွှတ်တော်ထဲမှ ကိုယ်စားလှယ်များအားလုံးဟာ ပြည်သူရဲ့ရွေးကောက်ခံ ကိုယ်စားလှယ်များဖြစ်ဖို့လိုတယ်လို့ နွားထိုးကြီး မဲဆန္ဒနယ်မှ NLD လွှတ်တော်အမတ် ဦးနိုင်ထူးအောင်က ပြောပါတယ်။

အဆိုပါပြောကြားမှုကို ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အတွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြင်ဆင်ဖို့အတွက် ဆွေးနွေးခဲ့ရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။

“ကမ္ဘာမှာ ဒုတိယ လူဦးရေအများဆုံးဖြစ်တဲ့ မတူကွဲပြားတဲ့ လူဦးရေတွေအများဆုံးရှိတဲ့  လွတ်လပ်ရေးရစမှာဘဲ  ပဋိပက္ခတွေများ စွာကြုံခဲ့ရတဲ့ အိန္ဒိယနိုင်ငံ ဒီမိုကရေစီသက်တမ်းရင့်နိုင်ငံဖြစ်နေပါပြီ ။ကိုလိုနီစနစ်နဲ့  အာဏာရှင်စနစ်အောက် မှာနှစ်ပေါင်း များစွာ နေထိုင်ခဲ့ရတဲ့  အရှေ့တောင်အာရှရဲ့ အကြီးဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီအပြောင်းအလဲကို အောင်မြင်စွာ လျှောက်လှမ်း နေပါပြီ။

အချိန်မရွေးစစ်မက်ဖြစ်ပွားနေတဲ့ အနေအထားမှာရှိနေပြီး စစ်မှုမထမ်းမနေရပြဌာန်းထားတဲ့ တောင်ကိုးရီးယားနိုင်ငံ ဒီမိုကရေစီ အမြစ်တွယ်နေပြီဖြစ်ပါတယ်။  ကျနော်တို့နိုင်ငံကျမှ ဘာကြောင့်နှောင့်နှေးနေရအုံးမှာလဲ  ၊ဘာကြောင့်ခက်ခဲနေရအုံးမှာလဲ၊ ဘာကြောင့် အကြောင်းပြချက်တွေပေးနေကြအုံးမှာလဲ ။ကျွန်တော်တို့နိုင်ငံသားတွေလည်းစစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစီ နဲ့ထိုက်တန် လို့ပြောချင် ပါတယ်။ ဘာသာစကားတစ်ခုကို တတ်ကျွမ်းကျင်ဖို့ ဆိုရင် အဲ့ဒီဘာသာစကားကိုများများပြော ရေးဖတ် နားထောင် များများ ထိတွေ့ဖို့ လိုပါတယ်။  မကျွမ်းကျင်လို့ မထိတွေ့ဘူးဆိုရင် ဘယ်တော့မှတတ်ကျွမ်းတော့မှာမဟုတ်ပါဘူး။ ဒီလိုပါပဲ ဒီမိုကရေစီပီပြင်လာစေဖို့ ဒီမိုကရေစီကိုပိုမိုကျင့်သုံးဖို့လိုပါတယ်။ဒီမိုကရေစီကို ပြည့်ဝစွာကျင့်သုံးနိုင်စေဖို့  အတွက်ဆိုရင် လွှတ်တော်ထဲမှ ကိုယ်စားလှယ်များ အားလုံးဟာ ပြည်သူရဲ့ ရွေးကောက်ခံကိုယ်စားလှယ်များဖြစ်ဖို့လိုပါတယ်”လို့ NLD လွှတ်တော်အမတ် ဦးနိုင်ထူးအောင် ကပြောကြားခဲ့ တာပါ။

ဒါ့အပြင် ၎င်းက ဒီမိုကရေစီရဲ့ဝိသေသလက္ခဏာတွေထဲမှာတရားဥပဒေစိုးမိုးရေးဆိုတာက ပါဝင်ပြီးဖြစ်ကာ ၎င်းရဲ့အဓိပ္ပါယ်က စည်းကမ်းရှိတာ ဥပဒေလိုက်နာတာဆိုတာတင်မကဘဲ စည်းကမ်းတွေ ဥပဒေကိုယ်တိုင်က မျှတတယ် ၊တရားတယ်ဆိုတာ ပါဝင်နေတာမို့ စည်းကမ်းပြည့်ဝသော ဆိုတာထက်ပိုမိုပြီးအနှစ်သာရပြည့်ဝတယ်လို့လည်း ဆိုပါတယ်။“စည်းကမ်းပြည့်ဝတယ် ဆိုတဲ့‌ခေါင်းစဉ် အောက်မှာသာ မတရားတဲ့စည်းကမ်းဥပဒေများနှင့်ဖိနှိပ်ထားခြင်းလည်းရှိနိုင် ပါဝင်နေနိုင် တာဖြစ်ပါတယ်။

နိုင်ငံတကာအတွေ့အကြုံများအရလည်းဒီမိုကရေစီရဲ့ အရှေ့မှာ အခြားနာမဝိသေသနများထည့်သွင်းထား ခြင်းကို ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်ဆန်တဲ့အုပ်ချုပ်မှုစနစ်များမှာ ပြုလုပ်လေ့ရှိတာတွေ့ရပါတယ်”လို့ NLD လွှတ်တော်အမတ် ဦးနိုင်ထူးအောင် က ၎င်း၏ဆွေးနွေးမှုမှာ ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြင်ဆင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော် အတွင်းမှာ ဆွေးနွေးရာမှာ ဒီကနေ့က  နောက်ဆုံးဆွေးနွေးတဲ့ရက်ဖြစ်ပြီး  မကြာမီကာလအတွင်းမှာလည်း လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူသွားဖို့ရှိနေတာပါ။

ပြေသိမ်း
ဓါတ်ပုံ - ပြည်ထောင်စုလွှတ်တော်
နေပြည်တော်၊မတ် ၅

( Zawgyi  )

 ဒီမိုကေရစီကိုျပည့္ဝစြာက်င့္သုံးႏိုင္ေစဖို႔ အတြက္ဆိုရင္ လႊတ္ေတာ္ထဲမွ ကိုယ္စားလွယ္မ်ားအားလုံးဟာ ျပည္သူရဲ႕ေ႐ြးေကာက္ခံ ကိုယ္စားလွယ္မ်ားျဖစ္ဖို႔လိုတယ္လို႔ ႏြားထိုးႀကီး မဲဆႏၵနယ္မွ NLD လႊတ္ေတာ္အမတ္ ဦးႏိုင္ထူးေအာင္က ေျပာပါတယ္။

အဆိုပါေျပာၾကားမႈကို ဒီကေန႔က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အတြင္းမွာ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ ျပင္ဆင္တဲ့ ဥပေဒၾကမ္းကို ျပင္ဆင္ဖို႔အတြက္ ေဆြးေႏြးခဲ့ရာတြင္ ၎က အထက္ပါအတိုင္း ထည့္သြင္းေဆြးေႏြးခဲ့ျခင္းျဖစ္ပါတယ္။

“ကမာၻမွာ ဒုတိယ လူဦးေရအမ်ားဆုံးျဖစ္တဲ့ မတူကြဲျပားတဲ့ လူဦးေရေတြအမ်ားဆုံးရွိတဲ့  လြတ္လပ္ေရးရစမွာဘဲ  ပဋိပကၡေတြမ်ား စြာႀကဳံခဲ့ရတဲ့ အိႏၵိယႏိုင္ငံ ဒီမိုကေရစီသက္တမ္းရင့္ႏိုင္ငံျဖစ္ေနပါၿပီ ။ကိုလိုနီစနစ္နဲ႔  အာဏာရွင္စနစ္ေအာက္ မွာႏွစ္ေပါင္း မ်ားစြာ ေနထိုင္ခဲ့ရတဲ့  အေရွ႕ေတာင္အာရွရဲ႕ အႀကီးဆုံးႏိုင္ငံျဖစ္တဲ့ အင္ဒိုနီးရွားႏိုင္ငံ ဒီမိုကေရစီအေျပာင္းအလဲကို ေအာင္ျမင္စြာ ေလွ်ာက္လွမ္း ေနပါၿပီ။

အခ်ိန္မေ႐ြးစစ္မက္ျဖစ္ပြားေနတဲ့ အေနအထားမွာရွိေနၿပီး စစ္မႈမထမ္းမေနရျပဌာန္းထားတဲ့ ေတာင္ကိုးရီးယားႏိုင္ငံ ဒီမိုကေရစီ အျမစ္တြယ္ေနၿပီျဖစ္ပါတယ္။  က်ေနာ္တို႔ႏိုင္ငံက်မွ ဘာေၾကာင့္ေႏွာင့္ေႏွးေနရအုံးမွာလဲ  ၊ဘာေၾကာင့္ခက္ခဲေနရအုံးမွာလဲ၊ ဘာေၾကာင့္ အေၾကာင္းျပခ်က္ေတြေပးေနၾကအုံးမွာလဲ ။ကြၽန္ေတာ္တို႔ႏိုင္ငံသားေတြလည္းစစ္မွန္ျပည့္ဝတဲ့ ဒီမိုကေရစီ နဲ႔ထိုက္တန္ လို႔ေျပာခ်င္ ပါတယ္။ ဘာသာစကားတစ္ခုကို တတ္ကြၽမ္းက်င္ဖို႔ ဆိုရင္ အဲ့ဒီဘာသာစကားကိုမ်ားမ်ားေျပာ ေရးဖတ္ နားေထာင္ မ်ားမ်ား ထိေတြ႕ဖို႔ လိုပါတယ္။  မကြၽမ္းက်င္လို႔ မထိေတြ႕ဘူးဆိုရင္ ဘယ္ေတာ့မွတတ္ကြၽမ္းေတာ့မွာမဟုတ္ပါဘူး။ ဒီလိုပါပဲ ဒီမိုကေရစီပီျပင္လာေစဖို႔ ဒီမိုကေရစီကိုပိုမိုက်င့္သုံးဖို႔လိုပါတယ္။ဒီမိုကေရစီကို ျပည့္ဝစြာက်င့္သုံးႏိုင္ေစဖို႔  အတြက္ဆိုရင္ လႊတ္ေတာ္ထဲမွ ကိုယ္စားလွယ္မ်ား အားလုံးဟာ ျပည္သူရဲ႕ ေ႐ြးေကာက္ခံကိုယ္စားလွယ္မ်ားျဖစ္ဖို႔လိုပါတယ္”လို႔ NLD လႊတ္ေတာ္အမတ္ ဦးႏိုင္ထူးေအာင္ ကေျပာၾကားခဲ့ တာပါ။

ဒါ့အျပင္ ၎က ဒီမိုကေရစီရဲ႕ဝိေသသလကၡဏာေတြထဲမွာတရားဥပေဒစိုးမိုးေရးဆိုတာက ပါဝင္ၿပီးျဖစ္ကာ ၎ရဲ႕အဓိပၸါယ္က စည္းကမ္းရွိတာ ဥပေဒလိုက္နာတာဆိုတာတင္မကဘဲ စည္းကမ္းေတြ ဥပေဒကိုယ္တိုင္က မွ်တတယ္ ၊တရားတယ္ဆိုတာ ပါဝင္ေနတာမို႔ စည္းကမ္းျပည့္ဝေသာ ဆိုတာထက္ပိုမိုၿပီးအႏွစ္သာရျပည့္ဝတယ္လို႔လည္း ဆိုပါတယ္။“စည္းကမ္းျပည့္ဝတယ္ ဆိုတဲ့‌ေခါင္းစဥ္ ေအာက္မွာသာ မတရားတဲ့စည္းကမ္းဥပေဒမ်ားႏွင့္ဖိႏွိပ္ထားျခင္းလည္းရွိႏိုင္ ပါဝင္ေနႏိုင္ တာျဖစ္ပါတယ္။

ႏိုင္ငံတကာအေတြ႕အႀကဳံမ်ားအရလည္းဒီမိုကေရစီရဲ႕ အေရွ႕မွာ အျခားနာမဝိေသသနမ်ားထည့္သြင္းထား ျခင္းကို ဒီမိုကေရစီ အေရၿခဳံထားတဲ့ အာဏာရွင္ဆန္တဲ့အုပ္ခ်ဳပ္မႈစနစ္မ်ားမွာ ျပဳလုပ္ေလ့ရွိတာေတြ႕ရပါတယ္”လို႔ NLD လႊတ္ေတာ္အမတ္ ဦးႏိုင္ထူးေအာင္ က ၎၏ေဆြးေႏြးမႈမွာ ထည့္သြင္းေျပာၾကားခဲ့ပါေသးတယ္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္တဲ့ ဥပေဒၾကမ္းကို ျပင္ဆင္ဖို႔အတြက္ ျပည္ေထာင္စုလႊတ္ေတာ္ အတြင္းမွာ ေဆြးေႏြးရာမွာ ဒီကေန႔က  ေနာက္ဆုံးေဆြးေႏြးတဲ့ရက္ျဖစ္ၿပီး  မၾကာမီကာလအတြင္းမွာလည္း လႊတ္ေတာ္ရဲ႕ အဆုံးအျဖတ္ကို ရယူသြားဖို႔ရွိေနတာပါ။

ေျပသိမ္း
ဓါတ္ပုံ - ျပည္ေထာင္စုလႊတ္ေတာ္
ေနျပည္ေတာ္၊မတ္ ၅