ဒီမိုကရေစီကျင့်စဉ်ကိုမြတ်နိုးတန်ဖိုထားပြီး တစ်ကယ်ကျင့်သုံးနိုင်မှသာဒီမိုကရေစီနိုင်ငံတော်ကိုတည်ဆောက်နိုင်မည်ဖြစ်ကြောင်း သမ္မတပြောကြား။

 ဒီမိုကရေစီကျင့်စဉ်ကိုမြတ်နိုးတန်ဖိုထားပြီး တစ်ကယ်ကျင့်သုံးနိုင်မှသာဒီမိုကရေစီနိုင်ငံတော်ကိုတည်ဆောက်နိုင်မည်ဖြစ်ကြောင်း သမ္မတပြောကြား။

ဒုတိယအကြိမ်လွှတ်တော်(၄)နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကိုယနေ့နံနက်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး၊လွှတ်တော်ထမင်းစား ခန်းမကြီးအတွင်းကျင်းပပြုလုပ်ခဲ့ရာနိုင်ငံတော် သမ္မတဦးဝင်းမြင့် တက်ရောက်ချီးမြင့်၍ ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ရာ တွင်ဒီမိုကရေစီကျင့်စဉ်ကိုမြတ်နိုးတန်ဖိုထားပြီးတစ်ကယ်ကျင့်သုံးနိုင်မှ သာဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်နိုင် မည်ဖြစ်ကြောင်း ထဲ့သွင်းပြောကြားခဲ့ပါတယ်။

"မေးခွန်းတွေအဆိုတွေဥပဒေတွေပြုတဲ့အခါမှာ ကိုယ်စားလှယ်တွေအားလုံးဟာဆွေးနွေတာလည်း ရှိပါတယ်ညှိ့နှိုင်းတာလည်း ရှိပါတယ်၊ဒီလိုဆွေးနွေးညှိ့နှိုင်းတဲ့အခါမှာလည်း၊ အပြောအဆိုစကားလုံးအသုံးအနှုန်းတွေဟာ လွှတ်တော်ဆိုတဲ့ အင်စတီကျူးရှင်းကြီးနဲ့ တစ်နည်းအားဖြင့်ဥပဒေပြုရေး မဏ္ဍိုင်ကြီးနဲ့အပြောအဆိုအသုံးအနှုန်း အပြုလိုအပ်ပါတယ်၊ အဲ့သလိုဆွေးနွေးကြတဲ့ အခါတစ်ဦးနဲ့တစ်ဦး အပြုသဘော အမြင်နဲ့ ဆွေးနွေးကြစေလိုပါတယ်၊အပြုသဘောအမြင်နဲ့ ဆွေးနွေးမယ်ဆိုရင်အဓိက ဦးတည်ချက်ထား ရမှာက နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့အများအကျိုးအတွက် အပြုသဘောဆောင် ဆွေးနွေးကြယင် အောင်မြင်မှုရ မှာဖြစ်ပါတယ်၊ ဒီလိုမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့အတ္တကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်ချင်တာ ကိုယ်ပြောချင်တာ အတ္တကို ဦးတည်ပြောမယ် ဆိုယင် အပြုသဘော မဆောင်ဘဲအဖက်သဘောဆောင်ပြီး အောင်မြင်မှုလည်း ရမှာမဟုတ်ပါဘူး ၊ဒါကြောင့်မိုလို့ဒါလေးတွေဂရုစိုက်ဖို့လိုပါတယ်၊အပြုသဘောနဲ့ဆွေးနွေးကြပါ၊အပြုသဘောနဲ့ဆောင်ရွက်ကြပါ၊ဒီမိုကရေစီကျင့်စဉ်မှာတစ်ဦးနဲ့တစ်ဦးတစ်ဖွဲ့နဲ့တစ်ဖွဲ့သဘောထားကြီးရမယ်၊သည်းခံရမယ်၊ရှေ့ဆက်အဖြေရှာရမယ်၊ပြီးတဲ့အခါမှာအများရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာရမယ်၊အနည်းစုရဲ့သဘောထားကိုလည်းအလေးထားရပါမယ်၊အဲ့ဒီလိုဒီမိုကရေစီကျင့်စဉ်ကိုမြတ်နိုးတန်ဖိုထားပြီးတစ်ကယ်ကျင့်သုံးနိုင် မှသာကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်နိုင် မှာဖြစ်ပါတယ်၊ ဒါ့အပြင်ကျနော်တို့ကိုယ်စီကိုယ်စီနိုင်ငံတော်တည်ဆောက်မယ်ပြော ပြီးကျနော်တို့ကိုယ်၌ က အဲ့ဒီ ဒီမိုကရေစီ ကျင့်စဉ်ကို ကျင့်သုံးဖို့အတွက်ဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်ဖို့အတွက်ကိုယ့်ကိုကိုယ်ဘယ်လောက်ပြု ပြင်ပြောင်းလဲ နိုင်ပြီလဲဆိုတဲ့စံချိန်လိုပါလိမ့်မယ်။ကိုယ့်ကိုကိုယ်ပြုပြင်ပြောင်းလဲနိုင်မှ ကျနော်တို့ဒိမိုကရေစီနိုင်ငံခိုင်မြဲမှာဖြစ်ပါတယ်၊ ကိုယ့်ကိုကိုယ်ပြုပြင်ပြောင်းလဲနိုင်တာနဲ့အမျှကျနော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်"ဟုနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ပြောကြားခဲ့ပါတယ်။

အခမ်းအနားတွင်နိုင်ငံတော်သမ္မတဦးဝင်းမြင့်မှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး၊ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းတို့မှနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အမှာစကား အသီးသီး ပြောကြားခဲ့ပါတယ်၊ ယင်းနောက် နေ့လည်စာဖြင့်တည်ခင်ဧည့်ခံပြီး၊လွှတ်တော်သဘင်ဆောင်တွင်ရိုးမပေါ်ကျတဲ့မျက်ရည်ရုပ်ရှင်ဇာတ်ကားဖြင့်ဧည့်ခံဖျော်ဖြေခဲ့ပါတယ်။ နှစ်ပတ်လည် အခမ်းအနားသို့ဒုတိယသမ္မတများ၊ပြည်ထောင်စုဝန်ကြီးများနှင့်အစိုးရအဖွဲ့ဝင်များ၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ကြောင်းသိရှိရပါတယ်။

KO
နေပြည်တော်၊ဇန်နဝါရီ-၃၁။

(  Zawgyi  )

 ဒုတိယအႀကိမ္လႊတ္ေတာ္(၄)ႏွစ္ေျမာက္ႏွစ္ပတ္လည္အခမ္းအနားကိုယေန႔နံနက္ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးအၿပီး၊လႊတ္ေတာ္ထမင္းစား ခန္းမႀကီးအတြင္းက်င္းပျပဳလုပ္ခဲ့ရာႏိုင္ငံေတာ္ သမၼတဦးဝင္းျမင့္ တက္ေရာက္ခ်ီးျမင့္၍ ဂုဏ္ျပဳ အမွာစကား ေျပာၾကားခဲ့ရာ တြင္ဒီမိုကေရစီက်င့္စဥ္ကိုျမတ္ႏိုးတန္ဖိုထားၿပီးတစ္ကယ္က်င့္သုံးႏိုင္မွ သာဒီမိုကေရစီ ႏိုင္ငံေတာ္ကို တည္ေဆာက္ႏိုင္ မည္ျဖစ္ေၾကာင္း ထဲ့သြင္းေျပာၾကားခဲ့ပါတယ္။

"ေမးခြန္းေတြအဆိုေတြဥပေဒေတြျပဳတဲ့အခါမွာ ကိုယ္စားလွယ္ေတြအားလုံးဟာေဆြးေႏြတာလည္း ရွိပါတယ္ညႇိ႔ႏႈိင္းတာလည္း ရွိပါတယ္၊ဒီလိုေဆြးေႏြးညႇိ႔ႏႈိင္းတဲ့အခါမွာလည္း၊ အေျပာအဆိုစကားလုံးအသုံးအႏႈန္းေတြဟာ လႊတ္ေတာ္ဆိုတဲ့ အင္စတီက်ဴးရွင္းႀကီးနဲ႔ တစ္နည္းအားျဖင့္ဥပေဒျပဳေရး မ႑ိဳင္ႀကီးနဲ႔အေျပာအဆိုအသုံးအႏႈန္း အျပဳလိုအပ္ပါတယ္၊ အဲ့သလိုေဆြးေႏြးၾကတဲ့ အခါတစ္ဦးနဲ႔တစ္ဦး အျပဳသေဘာ အျမင္နဲ႔ ေဆြးေႏြးၾကေစလိုပါတယ္၊အျပဳသေဘာအျမင္နဲ႔ ေဆြးေႏြးမယ္ဆိုရင္အဓိက ဦးတည္ခ်က္ထား ရမွာက ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံသူႏိုင္ငံသားေတြရဲ႕အမ်ားအက်ိဳးအတြက္ အျပဳသေဘာေဆာင္ ေဆြးေႏြးၾကယင္ ေအာင္ျမင္မႈရ မွာျဖစ္ပါတယ္၊ ဒီလိုမဟုတ္ဘဲနဲ႔ ကိုယ့္ရဲ႕အတၱကိုယ္လုပ္ခ်င္တာ ကိုယ္ျဖစ္ခ်င္တာ ကိုယ္ေျပာခ်င္တာ အတၱကို ဦးတည္ေျပာမယ္ ဆိုယင္ အျပဳသေဘာ မေဆာင္ဘဲအဖက္သေဘာေဆာင္ၿပီး ေအာင္ျမင္မႈလည္း ရမွာမဟုတ္ပါဘူး ၊ဒါေၾကာင့္မိုလို႔ဒါေလးေတြဂ႐ုစိုက္ဖို႔လိုပါတယ္၊အျပဳသေဘာနဲ႔ေဆြးေႏြးၾကပါ၊အျပဳသေဘာနဲ႔ေဆာင္႐ြက္ၾကပါ၊ဒီမိုကေရစီက်င့္စဥ္မွာတစ္ဦးနဲ႔တစ္ဦးတစ္ဖြဲ႕နဲ႔တစ္ဖြဲ႕သေဘာထားႀကီးရမယ္၊သည္းခံရမယ္၊ေရွ႕ဆက္အေျဖရွာရမယ္၊ၿပီးတဲ့အခါမွာအမ်ားရဲ႕ဆုံးျဖတ္ခ်က္ကိုလိုက္နာရမယ္၊အနည္းစုရဲ႕သေဘာထားကိုလည္းအေလးထားရပါမယ္၊အဲ့ဒီလိုဒီမိုကေရစီက်င့္စဥ္ကိုျမတ္ႏိုးတန္ဖိုထားၿပီးတစ္ကယ္က်င့္သုံးႏိုင္ မွသာက်ေနာ္တို႔ႏိုင္ငံဟာ ဒီမိုကေရစီ ႏိုင္ငံေတာ္ကို တည္ေဆာက္ႏိုင္ မွာျဖစ္ပါတယ္၊ ဒါ့အျပင္က်ေနာ္တို႔ကိုယ္စီကိုယ္စီႏိုင္ငံေတာ္တည္ေဆာက္မယ္ေျပာ ၿပီးက်ေနာ္တို႔ကိုယ္၌ က အဲ့ဒီ ဒီမိုကေရစီ က်င့္စဥ္ကို က်င့္သုံးဖို႔အတြက္ဒီမိုကေရစီႏိုင္ငံေတာ္ႀကီးတည္ေဆာက္ဖို႔အတြက္ကိုယ့္ကိုကိုယ္ဘယ္ေလာက္ျပဳ ျပင္ေျပာင္းလဲ ႏိုင္ၿပီလဲဆိုတဲ့စံခ်ိန္လိုပါလိမ့္မယ္။ကိုယ့္ကိုကိုယ္ျပဳျပင္ေျပာင္းလဲႏိုင္မွ က်ေနာ္တို႔ဒိမိုကေရစီႏိုင္ငံခိုင္ၿမဲမွာျဖစ္ပါတယ္၊ ကိုယ့္ကိုကိုယ္ျပဳျပင္ေျပာင္းလဲႏိုင္တာနဲ႔အမွ်က်ေနာ္တို႔ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မွာျဖစ္ပါတယ္"ဟုႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ေျပာၾကားခဲ့ပါတယ္။

အခမ္းအနားတြင္ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္မွ ဂုဏ္ျပဳအမွာစကားေျပာၾကားခဲ့ၿပီး၊ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ဦးတီခြန္ျမတ္၊ အမ်ိဳးသား လႊတ္ေတာ္ဥကၠဌ ဦးမန္းဝင္းခိုင္သန္းတို႔မွႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္အမွာစကား အသီးသီး ေျပာၾကားခဲ့ပါတယ္၊ ယင္းေနာက္ ေန႔လည္စာျဖင့္တည္ခင္ဧည့္ခံၿပီး၊လႊတ္ေတာ္သဘင္ေဆာင္တြင္႐ိုးမေပၚက်တဲ့မ်က္ရည္႐ုပ္ရွင္ဇာတ္ကားျဖင့္ဧည့္ခံေဖ်ာ္ေျဖခဲ့ပါတယ္။ ႏွစ္ပတ္လည္ အခမ္းအနားသို႔ဒုတိယသမၼတမ်ား၊ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္အစိုးရအဖြဲ႕ဝင္မ်ား၊ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္မ်ားတက္ေရာက္ေၾကာင္းသိရွိရပါတယ္။

KO
ေနျပည္ေတာ္၊ဇန္နဝါရီ-၃၁။