ဒီမိုကရေစီပညာရေးစနစ်တစ်ခုဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် ပြောကြား

ဒီမိုကရေစီပညာရေးစနစ်တစ်ခုဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် ပြောကြား

အသွင်သဏ္ဍာန် မတူညီမှုများကို ပေါင်းစပ်ပြီး စုပေါင်းအင်အားဖြင့်ဒီမိုကရေစီပညာရေးစနစ်တစ်ခုဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း ကပြောကြားခဲ့ပါတယ်။

အဆိုပါပြောကြားမှုကို ဒီကနေ့ နိုဝင်ဘာ ၄ ရက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာပြုလုပ်ခဲ့တဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ်(၈)နှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(AGTI, ဝိဇ္ဇာ၊ သိပ္ပံ)ပထမနှစ်သင်တန်းသို့ တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ၍ လမ်းညွှန် အမှာစကားပြောကြားစဉ် ပဲခူးတိုင်းဝန်ကြီးချုပ် ကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

“မြန်မာနိုင်ငံကတိုင်းရင်းသားလူမျိုးပေါင်း(၁၀၀)ကျော် မှီတင်းနေထိုင်တဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးတစ်ခုဖြစ်ပါတယ်။ဒါ့ကြောင့် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နဲ့တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် သို့ တက်ရောက် သင်ကြားမယ့် သင်တန်းသား၊ သူများအနေနဲ့ ပြည်ထောင်စုစိတ်ဓါတ်ကိုအခြေခံပြီး တစ်ဦးနှင့်တစ်ဦး နားလည် စာနာမှု၊သည်းခံခွင့်လွှတ်မှု၊ အပြန်အလှန်မှီခို အားထားမှု၊ အပြန်အလှန် ရိုင်းပင်းကူညီဖေမမှုတို့ဖြင့် သင်တန်းပြီးဆုံးသည်အထိ အေးချမ်းစွာပညာသင်ကြားစေလိုပါတယ်။

ပညာတတ်တိုင်းပညာရှိမဖြစ်နိုင်ပါဘူး။အထူးသဖြင့် အတ္တနှင့်ပရ မျှတအောင် စဉ်းစားချင့်ချိန်နိုင်သော ပညာရှိများဖြစ်ရန် ကြိုးစားကြစေလို ပါတယ်။”လို့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း ကလမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်ပါတယ်။ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ်(၈)နှင့် တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(AGTI, ဝိဇ္ဇာ၊ သိပ္ပံ) ပထမနှစ် သင်တန်းသို့ တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးအား တစ်ဦးလျှင်ကျပ်(၅)သောင်းနှုန်း ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီးမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (B.Ed)(၅)နှစ် သင်တန်းအမှတ်စဉ်(၇)သို့ သင်တန်းသား၊ သူ(၁၀)ဦးနှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း) သင်တန်းသို့ သင်တန်းသား၊ သူ(၁၀) ဦး စုစုပေါင်း(၂၀)ဦး တက်ရာက်မှာဖြစ်တယ်လို့လည်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပြေသိမ်း
ပဲခူး၊နိုဝင်ဘာ ၄
ဓါတ်ပုံ - ပဲခူးတိုင်းအစိုးရအဖွဲ့။

(  Zawgyi  )

 အသြင္သ႑ာန္ မတူညီမႈမ်ားကို ေပါင္းစပ္ၿပီး စုေပါင္းအင္အားျဖင့္ဒီမိုကေရစီပညာေရးစနစ္တစ္ခုျဖစ္လာေစရန္ ႀကိဳးစားၾကေစလိုေၾကာင္း ပဲခူးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္း ကေျပာၾကားခဲ့ပါတယ္။

အဆိုပါေျပာၾကားမႈကို ဒီကေန႔ ႏိုဝင္ဘာ ၄ ရက္တြင္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံးမွာျပဳလုပ္ခဲ့တဲ့ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္၊ ျပည္ေထာင္စု တိုင္းရင္းသားလူမ်ိဳးမ်ားဖြံ႕ၿဖိဳးေရးတကၠသိုလ္ ပညာေရးဘြဲ႕(၅)ႏွစ္သင္တန္း အမွတ္စဥ္(၈)ႏွင့္ တိုင္းရင္းသားလူငယ္မ်ား စြမ္းရည္ဖြံ႕ၿဖိဳးေရး ဒီဂရီေကာလိပ္(AGTI, ဝိဇၨာ၊ သိပၸံ)ပထမႏွစ္သင္တန္းသို႔ တက္ေရာက္မည့္ သင္တန္းသား၊ သင္တန္းသူမ်ားႏွင့္ေတြ႕ဆုံ၍ လမ္းၫႊန္ အမွာစကားေျပာၾကားစဥ္ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ကအထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

“ျမန္မာႏိုင္ငံကတိုင္းရင္းသားလူမ်ိဳးေပါင္း(၁၀၀)ေက်ာ္ မွီတင္းေနထိုင္တဲ့ ျပည္ေထာင္စုႏိုင္ငံေတာ္ႀကီးတစ္ခုျဖစ္ပါတယ္။ဒါ့ေၾကာင့္ ျပည္ေထာင္စု တိုင္းရင္းသား လူမ်ိဳးမ်ားဖြံ႕ၿဖိဳးေရးတကၠသိုလ္နဲ႔တိုင္းရင္းသားလူငယ္မ်ား စြမ္းရည္ဖြံ႕ၿဖိဳးေရးဒီဂရီေကာလိပ္ သို႔ တက္ေရာက္ သင္ၾကားမယ့္ သင္တန္းသား၊ သူမ်ားအေနနဲ႔ ျပည္ေထာင္စုစိတ္ဓါတ္ကိုအေျခခံၿပီး တစ္ဦးႏွင့္တစ္ဦး နားလည္ စာနာမႈ၊သည္းခံခြင့္လႊတ္မႈ၊ အျပန္အလွန္မွီခို အားထားမႈ၊ အျပန္အလွန္ ႐ိုင္းပင္းကူညီေဖမမႈတို႔ျဖင့္ သင္တန္းၿပီးဆုံးသည္အထိ ေအးခ်မ္းစြာပညာသင္ၾကားေစလိုပါတယ္။

ပညာတတ္တိုင္းပညာရွိမျဖစ္ႏိုင္ပါဘူး။အထူးသျဖင့္ အတၱႏွင့္ပရ မွ်တေအာင္ စဥ္းစားခ်င့္ခ်ိန္ႏိုင္ေသာ ပညာရွိမ်ားျဖစ္ရန္ ႀကိဳးစားၾကေစလို ပါတယ္။”လို႔ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္း ကလမ္းၫႊန္မွာၾကားခဲ့ျခင္းျဖစ္ပါတယ္။ထို႔ေနာက္ ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္၊ ျပည္ေထာင္စုတိုင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးေရးတကၠသိုလ္ ပညာေရးဘြဲ႕(၅)ႏွစ္သင္တန္း အမွတ္စဥ္(၈)ႏွင့္ တိုင္းရင္းသား လူငယ္မ်ား စြမ္းရည္ဖြံ႕ၿဖိဳးေရးဒီဂရီေကာလိပ္(AGTI, ဝိဇၨာ၊ သိပၸံ) ပထမႏွစ္ သင္တန္းသို႔ တက္ေရာက္မည့္ သင္တန္းသား၊ သင္တန္းသူ (၂၀)ဦးအား တစ္ဦးလွ်င္က်ပ္(၅)ေသာင္းႏႈန္း ေထာက္ပံ့ေပးခဲ့တယ္လို႔ ဆိုပါတယ္။

ပဲခူးတိုင္းေဒသႀကီးမွ ျပည္ေထာင္စုတိုင္းရင္းသားလူမ်ိဳးမ်ားဖြံ႕ၿဖိဳးေရးတကၠသိုလ္ (B.Ed)(၅)ႏွစ္ သင္တန္းအမွတ္စဥ္(၇)သို႔ သင္တန္းသား၊ သူ(၁၀)ဦးႏွင့္ ျပည္ေထာင္စုတိုင္းရင္းသားလူငယ္မ်ား စြမ္းရည္ဖြံ႕ၿဖိဳးေရး ဒီဂရီေကာလိပ္(ရန္ကုန္၊စစ္ကိုင္း) သင္တန္းသို႔ သင္တန္းသား၊ သူ(၁၀) ဦး စုစုေပါင္း(၂၀)ဦး တက္ရာက္မွာျဖစ္တယ္လို႔လည္း ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ရဲ႕ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

ေျပသိမ္း
ပဲခူး၊ႏိုဝင္ဘာ ၄
ဓါတ္ပုံ - ပဲခူးတိုင္းအစိုးရအဖြဲ႕။