ဒီရေနှင့် မိုးရွာသွန်းမှုကြောင့် စိုးရိမ်ရေမှတ်အထက်ရှိနေသည့် မြစ်ရေ ဆက်လက်မြင့်တက်နိုင်

 
ဒီရေနှင့် မိုးရွာသွန်းမှုကြောင့် စိုးရိမ်ရေမှတ်အထက်ရှိနေသည့် မြစ်ရေ ဆက်လက်မြင့်တက်နိုင်

စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေသည့် မြစ်ရေများဆက်လက်မြင့်တက်လာနိုင်တယ်လို့ မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Opinion Leaders Media ရဲ့မေးမြန်းမှုကိုဖြေကြားခဲ့ပါတယ်။ “ မြစ်ရေကလည်း ၁ ရက် ၂ ရက် မိုး ရှိနေတော့ ဆက်ပြီးတက်နေဦးမယ့် အနေ အထား ရှိတယ်။ ပြီးသွားရင်တော့ ပြန်ကျသွားမယ့် အနေအထားရှိပါတယ်။ မြစ်ရေတက်တာတွေက ဒီရေနဲ့လည်းသက်ဆိုင်တယ်။အောက်က ဒီရေကတောင့်ခံနေတယ်။ရွာတဲ့မိုးရေကအောက်ကို တော်ရုံနဲ့ဆင်းလို့မရဘူး” လို့ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ် လျှက်ရှိပြီး အဆိုပါ မုန်တိုင်းသည် ယနေ့ သြဂုတ်လ ၇ ရက် ညပိုင်း တွင်အိန္ဒိယ ကမ်းခြေသို့ ဝင်ရောက်သွား နိုင်တယ်လို့လည်း ဆိုပါတယ်။“နောက် ၁ ရက် ၂ ရက် လောက် အထိမိုးများနိုင်တယ်။မုန်တိုင်းက ဒီနေ့ည နေပိုင်းလောက်မှာ အိန္ဒိယဘက်ကို ဝင်သွားမယ့်အနေအထားရှိတယ်။ပြီးသွားရင် သူူ့ရဲ့အကြွင်းအကျန် တွေကြောင့် နောက် ၁ ရက် ၂ ရက် လောက်မိုးများနိုင်တယ်။ ပြီးသွားရင်တော့ မိုးအားလျှော့သွားမယ့် အနေအထားလေးရှိတယ်” လို့ ဦးကျော်မိုးဦး က ဆက်လက်ပြောကြားခဲ့ပါတယ်။

မြစ်ရေများ ဆက်လက်မြင့်တက်လာနိုင်သည့်အတွက် မဒေါက်မြို့၊ ရွှေကျင်မြို့၊ ဘားအံမြို့၊ ဘီးလင်းမြို့ များအတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့် ပိုင်း နေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန် မိုး/ဇလ မှသတိပေးချက်ထုတ်ပြန်ထားပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ သြဂုတ် ၇

(  Zawgyi  )

 စိုးရိမ္ေရမွတ္အထက္ေက်ာ္လြန္ေရာက္ရွိေနသည့္ ျမစ္ေရမ်ားဆက္လက္ျမင့္တက္လာႏိုင္တယ္လို႔ မိုး/ဇလ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက Opinion Leaders Media ရဲ႕ေမးျမန္းမႈကိုေျဖၾကားခဲ့ပါတယ္။ “ ျမစ္ေရကလည္း ၁ ရက္ ၂ ရက္ မိုး ရွိေနေတာ့ ဆက္ၿပီးတက္ေနဦးမယ့္ အေန အထား ရွိတယ္။ ၿပီးသြားရင္ေတာ့ ျပန္က်သြားမယ့္ အေနအထားရွိပါတယ္။ ျမစ္ေရတက္တာေတြက ဒီေရနဲ႔လည္းသက္ဆိုင္တယ္။ေအာက္က ဒီေရကေတာင့္ခံေနတယ္။႐ြာတဲ့မိုးေရကေအာက္ကို ေတာ္႐ုံနဲ႔ဆင္းလို႔မရဘူး” လို႔ဆိုပါတယ္။

ဘဂၤလားပင္လယ္ေအာ္တြင္ ျဖစ္ေပၚေနေသာ မုန္တိုင္းအရွိန္ေၾကာင့္ မိုးသည္းထန္စြာ ႐ြာသြန္းမႈမ်ားျဖစ္ေပၚ လွ်က္ရွိၿပီး အဆိုပါ မုန္တိုင္းသည္ ယေန႔ ၾသဂုတ္လ ၇ ရက္ ညပိုင္း တြင္အိႏၵိယ ကမ္းေျခသို႔ ဝင္ေရာက္သြား ႏိုင္တယ္လို႔လည္း ဆိုပါတယ္။“ေနာက္ ၁ ရက္ ၂ ရက္ ေလာက္ အထိမိုးမ်ားႏိုင္တယ္။မုန္တိုင္းက ဒီေန႔ည ေနပိုင္းေလာက္မွာ အိႏၵိယဘက္ကို ဝင္သြားမယ့္အေနအထားရွိတယ္။ၿပီးသြားရင္ သူူ႔ရဲ႕အႂကြင္းအက်န္ ေတြေၾကာင့္ ေနာက္ ၁ ရက္ ၂ ရက္ ေလာက္မိုးမ်ားႏိုင္တယ္။ ၿပီးသြားရင္ေတာ့ မိုးအားေလွ်ာ့သြားမယ့္ အေနအထားေလးရွိတယ္” လို႔ ဦးေက်ာ္မိုးဦး က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ျမစ္ေရမ်ား ဆက္လက္ျမင့္တက္လာႏိုင္သည့္အတြက္ မေဒါက္ၿမိဳ႕၊ ေ႐ႊက်င္ၿမိဳ႕၊ ဘားအံၿမိဳ႕၊ ဘီးလင္းၿမိဳ႕ မ်ားအတြင္းရွိ ျမစ္ကမ္းအနီးႏွင့္ေျမနိမ့္ ပိုင္း ေနထိုင္သူမ်ား အထူးသတိျပဳေနထိုင္ၾကရန္ မိုး/ဇလ မွသတိေပးခ်က္ထုတ္ျပန္ထားပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ၾသဂုတ္ ၇