ဒေါသတွေဖြေဖျောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဆို

ဒေါသတွေဖြေဖျောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဆို

အင်းစိန်က ရောဂါပိုးတွေ့ရှိတဲ့ လူတစ်စုကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေအနေနဲ့  ဒေါသတွေဖြေဖျောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားပြောဆိုလိုက်ပါတယ်။
 
ဧပြီလ ၁၄ ရက်နေ့ ညနေပိုင်းမှာ သူကိုယ်တိုင်သုံးတဲ့ လူမှုကွန်ရက်စာမျက်နှာက တဆင့် ဒေါ်အောင်ဆန်းစုကြည်ကရေးသားပြောဆိုခဲ့တာ ဖြစ်ပါတယ်။
 
"အင်းစိန်မှာ လူတစ်စု ရောဂါပိုးရှိကြောင်းသိရှိရမှု ကအစချီပြီး၊ ရန်ကုန်တိုင်း အစိုးရရဲ့ ထပ်ဆင့် လုပ်ဆောင်ချက်ကြောင့် ကျွန်မတို့ ပြည်သူတွေကြားစိတ်ဝမ်းကွဲကြရတာတွေဟာ အလွန် ၀မ်းနည်းစရာ ကောင်းပါတယ်။ ဒေါသတွေကို ဖျောက်ကြပါ" လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
 
ဒါအပြင် သူ့အနေနဲ့ COVID-19   ကာကွယ် ထိန်းချုပ် ကုသရေးအမျိုးသား အဆင့်  ဗဟို​ကော်မတီ  ဥက္ကဌ ဖြစ်တာကြောင့် ဒီကိစ္စကို မှန်ကန်မျှတအောင် ဖြေရှင်းဖို့ တာဝန်ယူပါမယ်လို့ ပြောဆိုခဲ့ပါတယ်။
 
လက်ရှိမှာ အရေးကြီးဆုံး လိုအပ်ချက်ဖြစ်တဲ့ quarantine ကိစ္စကိုထိထိ ရောက်ရောက် ဆောင်ရွက်ရေး ဖြစ်ပြီး ၊ အဲ့ဒါကို ဆောင်ရွက်ဖို့အတွက် အစိုးရဌာနတွေ၊ ဝန်ထမ်းတွေချည်း လုပ်ရတာ မနိုင်မနင်းဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
 
"စိုးရိမ်စိတ်တွေ ကြီးလာတာနဲ့အမျှ၊ ဒေါသတွေလည်းကြီးလာကြပါတယ်။ COVID-19 ကိုတိုက်ဖို့ လိုတဲ့အင်အားတွေ ကိုကိုယ့်အချင်းချင်း တိုက်ဖို့ မသုံး ကြပါနဲ့" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
 
ဇေယျာမော်
ရန်ကုန်၊ ဧပြီ - ၁၄
 
( Zawgyi )
 

အင္းစိန္က ေရာဂါပိုးေတြ႕ရွိတဲ့ လူတစ္စုကိစၥနဲ႔ပတ္သက္ၿပီး ျပည္သူေတြအေနနဲ႔  ေဒါသေတြေျဖေဖ်ာက္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္က ပန္ၾကားေျပာဆိုလိုက္ပါတယ္။

 

ဧၿပီလ ၁၄ ရက္ေန႔ ညေနပိုင္းမွာ သူကိုယ္တိုင္သုံးတဲ့ လူမႈကြန္ရက္စာမ်က္ႏွာက တဆင့္ ေဒၚေအာင္ဆန္းစုၾကည္ကေရးသားေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

 

"အင္းစိန္မွာ လူတစ္စု ေရာဂါပိုးရွိေၾကာင္းသိရွိရမႈ ကအစခ်ီၿပီး၊ ရန္ကုန္တိုင္း အစိုးရရဲ႕ ထပ္ဆင့္ လုပ္ေဆာင္ခ်က္ေၾကာင့္ ကြၽန္မတို႔ ျပည္သူေတြၾကားစိတ္ဝမ္းကြဲၾကရတာေတြဟာ အလြန္ ၀မ္းနည္းစရာ ေကာင္းပါတယ္။ ေဒါသေတြကို ေဖ်ာက္ၾကပါ" လို႔ ေဒၚေအာင္ဆန္းစုၾကည္က ဆိုပါတယ္။

 

ဒါအျပင္ သူ႔အေနနဲ႔ COVID-19   ကာကြယ္ ထိန္းခ်ဳပ္ ကုသေရးအမ်ိဳးသား အဆင့္  ဗဟို​ေကာ္မတီ  ဥကၠဌ ျဖစ္တာေၾကာင့္ ဒီကိစၥကို မွန္ကန္မွ်တေအာင္ ေျဖရွင္းဖို႔ တာဝန္ယူပါမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

 

လက္ရွိမွာ အေရးႀကီးဆုံး လိုအပ္ခ်က္ျဖစ္တဲ့ quarantine ကိစၥကိုထိထိ ေရာက္ေရာက္ ေဆာင္႐ြက္ေရး ျဖစ္ၿပီး ၊ အဲ့ဒါကို ေဆာင္႐ြက္ဖို႔အတြက္ အစိုးရဌာနေတြ၊ ဝန္ထမ္းေတြခ်ည္း လုပ္ရတာ မႏိုင္မနင္းျဖစ္ေနတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

 

"စိုးရိမ္စိတ္ေတြ ႀကီးလာတာနဲ႔အမွ်၊ ေဒါသေတြလည္းႀကီးလာၾကပါတယ္။ COVID-19 ကိုတိုက္ဖို႔ လိုတဲ့အင္အားေတြ ကိုကိုယ့္အခ်င္းခ်င္း တိုက္ဖို႔ မသုံး ၾကပါနဲ႔" လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုခဲ့ပါတယ္။

 

ေဇယ်ာေမာ္

ရန္ကုန္၊ ဧၿပီ - ၁၄