နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုမှ တရုတ်နှင့် ကုန်သွယ်မှု ၉ လတာ ကာလအတွင်း ကန်ဒေါ်လာ ငါးဘီလျံနီးပါး ရှိလာ

နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုမှ တရုတ်နှင့် ကုန်သွယ်မှု ၉ လတာ ကာလအတွင်း ကန်ဒေါ်လာ ငါးဘီလျံနီးပါး ရှိလာ

ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၁၈ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၂ ရက် အထိ ကိုးလတာ ကာလအတွင်း မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး စသည့် နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုမှ ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၄၇၉၆ ဒသမ ၅၅၇ သန်းရှိပြီး ဇွန် ၂၂ရက်မှ ဇူလိုင် ၁၂ရက်အထိ ရက် ၂၀ ကာလအတွင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၃၄၁ ဒသမ ၈၄၉ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။

“ဒီဘက်နှစ်တွေမှာ တရုတ်ကို တင်ပို့တဲ့ကုန်မှန်သမျှ ဟိုဘက်က တားတာနဲ့ ကန့်သတ်တာနဲ့၊ ပို့ပြီး ငွေမချေတာနဲ့ ဒီဘက်က ကုန်သည်မှန်သမျှထိတယ်။ရာသီကုန်သမားတွေက ထိတာအဆိုးဆုံးဘဲ။ဖရဲချိန်လည်းထိ၊သခွားချိန်လည်းထိ၊ နာနတ်သီးချိန်ဆိုလည်းထိ။ဈေးကိုလိုသလိုလုပ်ကြတာ။ဒီတော့ အရောင်းအဝယ်ကကြာရင် မူဆယ် တရုတ်ဆို ရှောင်လာတော့မယ်။မလွယ်ပါဘူး” လို့ မူဆယ် တစ်ပိုင်တစ်နိုင်ရောင်းဝယ်သူ ကိုဉာဏ်လင်း က ဆိုပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ဇူလိုင် ၁၂  ရက်အထိ ကိုးလခန့်ကာလအတွင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်  ကန်ဒေါ်လာ၂၅၄၃ ဒသမ ၁၄၉ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၁၃၉၅ ဒသမ ၂ သန်း၊ ကန်ပိုက်တီစခန်းမှ ပို့ကုန် ကန်ဒေါ်လာ၂၅၀ ဒသမ ၆၈၅ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ၂၄ ဒသမ ၉၃၀ သန်း၊ ချင်းရွှေဟော်စခန်းမှ ပို့ကုန် ကန်ဒေါ်လာ ၃၉၁ ဒသမ၂၄၉ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၅၅ ဒသမ၈၇၁ သန်း၊ လွယ်ဂျယ်စခန်းမှ ပို့ကုန်  ကန်ဒေါ်လာ ၁၁၉ ဒသမ ၈၇၉ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၁၅ ဒသမ ၅၉၄ သန်း ရောင်းဝယ်ခဲ့ပြီး စုစုပေါင်းကုန်သွယ်မှု ကန်ဒေါ်လာ ၄၇၉၆ ဒသမ ၅၅၇ သန်းဖိုး ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ကိုးလခန့်ကာလအတွင်း တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၄ ခုမှ ပို့ကုန် ကန်ဒေါ်လာ ၃၃၀၄ ဒသမ ၉၆၂ သန်း တင်ပို့ခဲ့ကာ သွင်းကုန် ၁၄၉၁ ဒသမ ၅၉၅ သန်း ပြန်လည်တင်သွင်းခဲ့သဖြင့် ကုန်သွယ်ရေးပိုငွေ ၁၈၁၃ ဒသမ ၃၆၇ သန်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကိုးလခန့်ကာလအတွင်း တရုတ်နှင့် ထိစပ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်း ၄ ခုမှ ကုန်သွယ်ခဲ့ရာတွင် ယခင်ကာလတူ ဘဏ္ဍနှစ်ထက် ကုန်သွယ်မှု ကန်ဒေါ်လာ ၅၅၄၈ ဒသမ ၃၈၄ သန်းထက် သန်းခြောက်ရာကျော် ( ၈၆၆ ဒသမ ၆၁၁ သန်း) လျော့နည်းခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ ဇူလိုင် - ၂၄

( Zawgyi )

ကုန္သြယ္ေရးဦးစီးဌာနမွ ထုတ္ျပန္သည့္ အခ်က္အလက္မ်ားအရ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာမွ ၂၀၁၉ ခုႏွစ္ ဇူလိုင္ ၁၂ ရက္ အထိ ကိုးလတာ ကာလအတြင္း မူဆယ္၊ လြယ္ဂ်ယ္၊ ခ်င္းေ႐ႊေဟာ္၊ ကန္ပိုက္တီး စသည့္ နယ္စပ္ကုန္သြယ္ေရးစခန္း ေလးခုမွ ကုန္သြယ္မႈမွာ ကန္ေဒၚလာ ၄၇၉၆ ဒသမ ၅၅၇ သန္းရွိၿပီး ဇြန္ ၂၂ရက္မွ ဇူလိုင္ ၁၂ရက္အထိ ရက္ ၂၀ ကာလအတြင္း တ႐ုတ္ႏိုင္ငံႏွင့္ ကုန္သြယ္မႈမွာ ကန္ေဒၚလာ ၃၄၁ ဒသမ ၈၄၉ သန္း ရွိခဲ့တယ္လို႔ သိရပါတယ္။

“ဒီဘက္ႏွစ္ေတြမွာ တ႐ုတ္ကို တင္ပို႔တဲ့ကုန္မွန္သမွ် ဟိုဘက္က တားတာနဲ႔ ကန႔္သတ္တာနဲ႔၊ ပို႔ၿပီး ေငြမေခ်တာနဲ႔ ဒီဘက္က ကုန္သည္မွန္သမွ်ထိတယ္။ရာသီကုန္သမားေတြက ထိတာအဆိုးဆုံးဘဲ။ဖရဲခ်ိန္လည္းထိ၊သခြားခ်ိန္လည္းထိ၊ နာနတ္သီးခ်ိန္ဆိုလည္းထိ။ေဈးကိုလိုသလိုလုပ္ၾကတာ။ဒီေတာ့ အေရာင္းအဝယ္ကၾကာရင္ မူဆယ္ တ႐ုတ္ဆို ေရွာင္လာေတာ့မယ္။မလြယ္ပါဘူး” လို႔ မူဆယ္ တစ္ပိုင္တစ္ႏိုင္ေရာင္းဝယ္သူ ကိုဉာဏ္လင္း က ဆိုပါတယ္။

၂၀၁၈ ခုႏွစ္ ေအာက္တိုဘာမွ ၂၀၁၉ ဇူလိုင္ ၁၂  ရက္အထိ ကိုးလခန႔္ကာလအတြင္း မူဆယ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ပို႔ကုန္  ကန္ေဒၚလာ၂၅၄၃ ဒသမ ၁၄၉ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၁၃၉၅ ဒသမ ၂ သန္း၊ ကန္ပိုက္တီစခန္းမွ ပို႔ကုန္ ကန္ေဒၚလာ၂၅၀ ဒသမ ၆၈၅ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ၂၄ ဒသမ ၉၃၀ သန္း၊ ခ်င္းေ႐ႊေဟာ္စခန္းမွ ပို႔ကုန္ ကန္ေဒၚလာ ၃၉၁ ဒသမ၂၄၉ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၅၅ ဒသမ၈၇၁ သန္း၊ လြယ္ဂ်ယ္စခန္းမွ ပို႔ကုန္  ကန္ေဒၚလာ ၁၁၉ ဒသမ ၈၇၉ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၁၅ ဒသမ ၅၉၄ သန္း ေရာင္းဝယ္ခဲ့ၿပီး စုစုေပါင္းကုန္သြယ္မႈ ကန္ေဒၚလာ ၄၇၉၆ ဒသမ ၅၅၇ သန္းဖိုး ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါ ကိုးလခန႔္ကာလအတြင္း တ႐ုတ္ႏိုင္ငံႏွင့္ နယ္စပ္ကုန္သြယ္ေရးစခန္း ၄ ခုမွ ပို႔ကုန္ ကန္ေဒၚလာ ၃၃၀၄ ဒသမ ၉၆၂ သန္း တင္ပို႔ခဲ့ကာ သြင္းကုန္ ၁၄၉၁ ဒသမ ၅၉၅ သန္း ျပန္လည္တင္သြင္းခဲ့သျဖင့္ ကုန္သြယ္ေရးပိုေငြ ၁၈၁၃ ဒသမ ၃၆၇ သန္း ျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ကိုးလခန႔္ကာလအတြင္း တ႐ုတ္ႏွင့္ ထိစပ္ေနသည့္ နယ္စပ္ကုန္သြယ္ေရးစခန္း ၄ ခုမွ ကုန္သြယ္ခဲ့ရာတြင္ ယခင္ကာလတူ ဘ႑ႏွစ္ထက္ ကုန္သြယ္မႈ ကန္ေဒၚလာ ၅၅၄၈ ဒသမ ၃၈၄ သန္းထက္ သန္းေျခာက္ရာေက်ာ္ ( ၈၆၆ ဒသမ ၆၁၁ သန္း) ေလ်ာ့နည္းခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ ဇူလိုင္ - ၂၄