နိုင်ငံတော်အကြီးအကဲများ၏ ကျန်းမာရေးအတွက် နေအိမ်အဝင် အထွက်တွေ့ဆုံမှုများကို ကျန်းမာရေး guideline တွေနဲ့အညီအထူးကြပ်မတ် စိစစ်မှုဆောင်ရွက်ထား

နိုင်ငံတော်အကြီးအကဲများ၏ ကျန်းမာရေးအတွက် နေအိမ်အဝင် အထွက်တွေ့ဆုံမှုများကို ကျန်းမာရေး guideline တွေနဲ့အညီအထူးကြပ်မတ် စိစစ်မှုဆောင်ရွက်ထား

နိုင်ငံတော်အကြီးအကဲများ၏ ကျန်းမာရေးအတွက် နေအိမ်အဝင် အထွက်၊တွေ့ဆုံမှုတွေကို ကျန်းမာရေး guideline တွေနဲ့အညီ အထူးကြပ်မတ် ထားတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးမှ ယ‌နေ့နံနက်ပိုင်းတွင်‌ ဖြေကြားခဲ့ပါတယ်။

သမ္မတအိမ်တော်သတင်းထောက်များ ဂရုမှ​ "ဒေးဗစ်လားနဲ့ တွဲလျက် ဓါတ်ပုံ တစ်ပုံနဲ့ အတူ ဒု-သမ္မတ ၂မှာ ကိုဗစ်နိုင်တင်း​တွေ့ရတယ်ဆိုတဲ့ သတင်းစကား အွန်လိုင်းမှာပျံ့​လာ​နေတာ​တွေ့ပါ တယ်။ အဲဒါ​လေးသိချင်ပါတယ်။

တစ်လက်စထဲ နိုင်ငံ​တော်အကြီးအကဲများ၊ ပြည်​ထောင်စုအစိုးရအဖွဲ့ဝင်များ အားလုံးရဲ့ကျန်းမာ​ရေးအ​ခြေအ​နေနဲ့ ကိုဗစ်နိုင်တင်း ကူးစက်မခံရ​အောင် စီမံ​​ဆောင်ရွက်​နေတာရှိ ရင်လည်း သိချင်ပါတယ်။ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ဝင်​တွေကို​ရော ဒါနဲ့ပတ်သက်လို့ လိုက်နာ​ဆောင်ရွက် ရန် ညွှန်ကြားထားတာရှိရင်လည်း ​ပြောပြပေးရန်"ဆိုသည့် ပေးပို့ မေးမြန်းမှုအပေါ်‌ ဖြေကြား ခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါမေးမြန်းဓါတ်ပုံများဖြင့် မေးမြန်းလာသည့် ဒုတိယသမ္မတကိစ္စ ဖြေကြားချက်

(၁) အဆိုပါပုံများဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့ က လို့ စိစစ်သိရှိရပါတယ်။ မြန်မာနိုင်ငံမှာ အစောဆုံး ကူးစက်မှု တွေ့ရှိခဲ့တာက မတ်လ ၂၃ ရက်နေ့  ဖြစ်ပါတယ်။ အဆိုပါဘာသာရေးအဖွဲ့နဲ့ ဒီရက် နောက်ပိုင်း တွေ့ဆုံမှု မရှိဘူး လို့ သိရပါတယ်။

(၂) သို့သော်လည်းပဲ အခုလို ထိတွေ့မှုသတင်းတွေအပေါ် လူထုစိုးရိမ်မှု မြင့်တက်နေတာ တွေ့ရှိရတဲ့အတွက် ရှင်းရှင်းလင်းလင်း သိနိုင်အောင် ဒုတိယသမ္မတကြီးနဲ့ မိသားစုဝင်တွေ၊ အနီးကပ်ထိတွေ့မှုရှိသူတွေ အားလုံး၊ စုစုပေါင်း လူသုံးဆယ်လောက်ကို ဒီနေ့ ဓါတ်ခွဲနမူတွေ ရယူပြီး စစ်မှာ ဖြစ်ပါတယ်။

(၃) နိုင်ငံတော်အကြီးအကဲ တွေရဲ့ ကျန်းမာရေးအတွက် နေအိမ်အဝင် အထွက်တွေ၊ တွေ့ဆုံမှု တွေကို ကျန်းမာရေး guideline တွေနဲ့အညီအထူးကြပ်မတ် စိစစ်မှုတွေ ဆောင်ရွက်ထား ပါတယ်ဟု ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးမှဖြေကြားခဲ့ပါတယ်"လို့ ပြန်လည်ပေးပို့ ဖြေကြား ခဲ့ပါတယ်။

KO
နေပြည်တော်၊ ဧပြီ ၁၄

(  Zawgyi  )

 ႏိုင္ငံေတာ္အႀကီးအကဲမ်ား၏ က်န္းမာေရးအတြက္ ေနအိမ္အဝင္ အထြက္၊ေတြ႕ဆုံမႈေတြကို က်န္းမာေရး guideline ေတြနဲ႔အညီ အထူးၾကပ္မတ္ ထားတယ္လို႔ ေျပာေရးဆိုခြင့္ရွိသူ ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးေဇာ္ေဌးမွ ယ‌ေန႔နံနက္ပိုင္းတြင္‌ ေျဖၾကားခဲ့ပါတယ္။

သမၼတအိမ္ေတာ္သတင္းေထာက္မ်ား ဂ႐ုမွ​ "ေဒးဗစ္လားနဲ႔ တြဲလ်က္ ဓါတ္ပုံ တစ္ပုံနဲ႔ အတူ ဒု-သမၼတ ၂မွာ ကိုဗစ္ႏိုင္တင္း​ေတြ႕ရတယ္ဆိုတဲ့ သတင္းစကား အြန္လိုင္းမွာပ်ံ႕​လာ​ေနတာ​ေတြ႕ပါ တယ္။ အဲဒါ​ေလးသိခ်င္ပါတယ္။

တစ္လက္စထဲ ႏိုင္ငံ​ေတာ္အႀကီးအကဲမ်ား၊ ျပည္​ေထာင္စုအစိုးရအဖြဲ႕ဝင္မ်ား အားလုံးရဲ႕က်န္းမာ​ေရးအ​ေျခအ​ေနနဲ႔ ကိုဗစ္ႏိုင္တင္း ကူးစက္မခံရ​ေအာင္ စီမံ​​ေဆာင္႐ြက္​ေနတာရွိ ရင္လည္း သိခ်င္ပါတယ္။ တိုင္းနဲ႔ျပည္နယ္ အစိုးရအဖြဲ႕ဝင္​ေတြကို​ေရာ ဒါနဲ႔ပတ္သက္လို႔ လိုက္နာ​ေဆာင္႐ြက္ ရန္ ၫႊန္ၾကားထားတာရွိရင္လည္း ​ေျပာျပေပးရန္"ဆိုသည့္ ေပးပို႔ ေမးျမန္းမႈအေပၚ‌ ေျဖၾကား ခဲ့ျခင္း ျဖစ္ပါတယ္။

အဆိုပါေမးျမန္းဓါတ္ပုံမ်ားျဖင့္ ေမးျမန္းလာသည့္ ဒုတိယသမၼတကိစၥ ေျဖၾကားခ်က္

(၁) အဆိုပါပုံမ်ားဟာ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔ က လို႔ စိစစ္သိရွိရပါတယ္။ ျမန္မာႏိုင္ငံမွာ အေစာဆုံး ကူးစက္မႈ ေတြ႕ရွိခဲ့တာက မတ္လ ၂၃ ရက္ေန႔  ျဖစ္ပါတယ္။ အဆိုပါဘာသာေရးအဖြဲ႕နဲ႔ ဒီရက္ ေနာက္ပိုင္း ေတြ႕ဆုံမႈ မရွိဘူး လို႔ သိရပါတယ္။

(၂) သို႔ေသာ္လည္းပဲ အခုလို ထိေတြ႕မႈသတင္းေတြအေပၚ လူထုစိုးရိမ္မႈ ျမင့္တက္ေနတာ ေတြ႕ရွိရတဲ့အတြက္ ရွင္းရွင္းလင္းလင္း သိႏိုင္ေအာင္ ဒုတိယသမၼတႀကီးနဲ႔ မိသားစုဝင္ေတြ၊ အနီးကပ္ထိေတြ႕မႈရွိသူေတြ အားလုံး၊ စုစုေပါင္း လူသုံးဆယ္ေလာက္ကို ဒီေန႔ ဓါတ္ခြဲနမူေတြ ရယူၿပီး စစ္မွာ ျဖစ္ပါတယ္။

(၃) ႏိုင္ငံေတာ္အႀကီးအကဲ ေတြရဲ႕ က်န္းမာေရးအတြက္ ေနအိမ္အဝင္ အထြက္ေတြ၊ ေတြ႕ဆုံမႈ ေတြကို က်န္းမာေရး guideline ေတြနဲ႔အညီအထူးၾကပ္မတ္ စိစစ္မႈေတြ ေဆာင္႐ြက္ထား ပါတယ္ဟု ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးေဇာ္ေဌးမွေျဖၾကားခဲ့ပါတယ္"လို႔ ျပန္လည္ေပးပို႔ ေျဖၾကား ခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ ဧၿပီ ၁၄