နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဆေးရှဲလ်နိုင်ငံတော် ဒုသမ္မတ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဆေးရှဲလ်နိုင်ငံတော် ဒုသမ္မတ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ ဆေးရှဲလ်နိုင်ငံတော် ဒုတိယသမ္မတ H.E.Mr. Vincent Meriton ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒီကနေ့ ဧပြီ  ၁၉ ရက်၊ နံနက်ပိုင်းအချိန်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမတွင် လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါတယ်။

ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်၊ ဦးစိုးဟန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးချမ်းအေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမင်းသိမ်း တို့ တက်ရောက်ခဲ့ကြပါတယ်။

ထို့အတူ ဧည့်သည်တော်များဘက်မှ ဆေးရှဲလ်နိုင်ငံတော် ဒုတိယသမ္မတ H.E.Mr. Vincent Meriton, Mr.Nico Barito (Envoy of the President of Seychelles for ASEAN), Mr.Steven Japutra (Seychelles Financial Service Authority Representative to ASEAN), Mr.Jordy Akhmad Pratama (Program Coordinator of Seychelles to ASEAN), Mr.Irwan Herdiansyah (Protocol Assistant of Seychelles to ASEAN) တို့မှ တက်ရောက်တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

PTG
နေပြည်တော်၊ ဧပြီ - ၁၉

( Zawgyi )




PTG
နေပြည်တော်၊ ဧပြီ - ၁၉