နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ ကင်းထောက်အကြီးအကဲ မန္တလေးမြို့တွင် ကင်းထောက်အဖွဲ့များနှင့် တွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ ကင်းထောက်အကြီးအကဲ မန္တလေးမြို့တွင် ကင်းထောက်အဖွဲ့များနှင့် တွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ ကင်းထောက်အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့မနက်ပိုင်းက မန္တလေးမြို့ မြို့တော်ခန်းမ (၁) မှာ  မြန်မာနိုင်ငံ ကင်းထောက်များအဖွဲ့နဲ့ လာရောက်တွေ့ဆုံသွားခဲ့ပါတယ်။

တွေ့ဆုံပွဲအခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နဲ့ အစိုးရအဖွဲ့ ဝန်ကြီးအကြီးအကဲတွေ လွှတ်တော်တာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ကင်းထောက်လူငယ်တွေကို ဂုဏ်ပြုအမှာစကားတွေ ပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က မြန်မာနိုင်ငံ ကင်းထောက်အကြီးအကဲအဖြစ်  ကတိခံယူခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဒီကနေ့ မန္တလေးမြို့မှာ ပထမဆုံးအဖြစ်နဲ့ ကင်းထောက်လူငယ်တွေနဲ့ လာရောက်တွေ့ဆုံခဲ့တာပါ။

 

မြန်မာနိုင်ငံ ကင်းထောက်လူငယ်များ အဖွဲ့ချုပ်ကို လူငယ်တွေ စာရိတ္တမြှင့်တင်ဖို့နဲ့ စိတ်ဓာတ်မြှင့်တင်ဖို့အတွက် ဖွဲ့စည်းခဲ့တာဖြစ်ပြီး အင်္ဂလန်နိုင်ငံမှာ ၁၉၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၁၉၁၆ ခုနှစ်ကတည်းက အမျိုးသမီးကင်းထောက်အဖွဲ့ဆိုတာရှိခဲ့ပြီး အဲဒီနောက်ပိုင်း ၁၉၂၀ ခုနှစ်မှာ ကင်းထောက်လူငယ် အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းနိုင်ခဲ့တာလို့ သိရပါတယ်။

KT
မန္တလေး၊ သြဂုတ် - ၁၆

( Zawgyi )

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္၊ ျမန္မာႏိုင္ငံ ကင္းေထာက္အႀကီးအကဲ ေဒၚေအာင္ဆန္းစုၾကည္ ဟာ ဒီကေန႔မနက္ပိုင္းက မႏၲေလးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမ (၁) မွာ  ျမန္မာႏိုင္ငံ ကင္းေထာက္မ်ားအဖြဲ႕နဲ႔ လာေရာက္ေတြ႕ဆုံသြားခဲ့ပါတယ္။

ေတြ႕ဆုံပြဲအခမ္းအနားမွာ မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ နဲ႔ အစိုးရအဖြဲ႕ ဝန္ႀကီးအႀကီးအကဲေတြ လႊတ္ေတာ္တာဝန္ရွိသူေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္း တက္ေရာက္ခဲ့ၾကၿပီး ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ကင္းေထာက္လူငယ္ေတြကို ဂုဏ္ျပဳအမွာစကားေတြ ေျပာသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လ ၂၀ ရက္ေန႔က ျမန္မာႏိုင္ငံ ကင္းေထာက္အႀကီးအကဲအျဖစ္  ကတိခံယူခဲ့တဲ့ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ဟာ ဒီကေန႔ မႏၲေလးၿမိဳ႕မွာ ပထမဆုံးအျဖစ္နဲ႔ ကင္းေထာက္လူငယ္ေတြနဲ႔ လာေရာက္ေတြ႕ဆုံခဲ့တာပါ။

ျမန္မာႏိုင္ငံ ကင္းေထာက္လူငယ္မ်ား အဖြဲ႕ခ်ဳပ္ကို လူငယ္ေတြ စာရိတၱျမႇင့္တင္ဖို႔နဲ႔ စိတ္ဓာတ္ျမႇင့္တင္ဖို႔အတြက္ ဖြဲ႕စည္းခဲ့တာျဖစ္ၿပီး အဂၤလန္ႏိုင္ငံမွာ ၁၉၁၆ ခုႏွစ္က စတင္ဖြဲ႕စည္းခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ ၁၉၁၆ ခုႏွစ္ကတည္းက အမ်ိဳးသမီးကင္းေထာက္အဖြဲ႕ဆိုတာရွိခဲ့ၿပီး အဲဒီေနာက္ပိုင္း ၁၉၂၀ ခုႏွစ္မွာ ကင္းေထာက္လူငယ္ အဖြဲ႕အစည္းအဆင့္ဆင့္ ဖြဲ႕စည္းႏိုင္ခဲ့တာလို႔ သိရပါတယ္။

KT
မႏၲေလး၊ ၾသဂုတ္ - ၁၆