နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး လူသားအားလုံးဒီထက်ပို၍ အဆင့်မြင့်မြင့်နေနိုင်အောင် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဌ တိုက်တွန်း

နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး လူသားအားလုံးဒီထက်ပို၍ အဆင့်မြင့်မြင့်နေနိုင်အောင် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဌ တိုက်တွန်း

နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး လူသားအားလုံးဒီထက်ပို၍ အဆင့်မြင့်မြင့်နေနိုင်အောင် အားလုံးကဝိုင်းဝန်းပြီး ကြိုးစားဆောင်ရွက်ကြဖို့ ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။

အဆိုပါပြောကြားမှုကို ဒီကနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်မြို့၊မင်းနန္ဒာလမ်းရှိ Myanmar Expo Hall မှာပြုလုပ်ခဲ့တဲ့ မွေးမြူရေး ဆိုင်ရာဆေး ဝါးနှင့် အစာထုတ်လုပ်မှု ဆိုင်ရာ နိုင်ငံတကာကုန်စည်ပြပွဲကြီး ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ၎င်းက အထက်ပါအတိုင်းထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ က စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုလုပ်ကိုင်ကြသူများ အနေဖြင့်လည်း ပြည်ပနိုင်ငံမှ နည်းပညာ များကို ရယူ၍စိတ်ဝင်တစားလုပ်ဆောင်ကြဖို့နဲ့ မွေးမြူရေးကဏ္ဍနှင့် ပတ်သက်သည့် ဆက်စပ်ထုတ်ကုန်များပိုမိုထုတ်လုပ်လာနိုင်အောင် ဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြဖို့ကိုလည်းတိုက်တွန်းပြောကြားခဲ့ပါသေးတယ်။

“ဒီလိုပွဲကြီးကိုကျနော်တို့နိုင်ငံမှာလုပ်တာဟာအရမ်းကောင်းပါတယ်။ကျနော်တို့နိုင်ငံမှာ မွေးမြူရေး လုပ်နိုင် မယ့် မြေကြီးတွေ အများ ကြီး ရှိတယ်။ စိုက်ပျိုးရေးလုပ်နိုင်မယ့် မြေကြီးတွေအများရှိပါတယ်။ နောက်ထုတ်ကုန်တွေလည်း အများကြီး ရှိပါတယ်။ ဒီလိုမျိုး ပွဲတွေ ကိုလုပ်ခြင်းအားဖြင့် ကျနော်တို့နိုင်ငံသူ၊နိုင်ငံသားတွေ အားလုံးဟာ ငါတို့ဘယ်လိုလုပ်ရမလဲ ဆိုတာကို တွေးလာပါလိမ့်မယ်။ တွေးလာ တဲ့အတွက်ကြောင့် ဒီအထဲမှာစိတ်ဝင်စားလာပါလိမ့်မယ်။ဒါကြောင့်မို့လည်း အိန္ဒိယနိုင်ငံမှာဆိုရင် နွားမွေးတယ်၊ သူတို့က နွားနို့သောက် တယ်။

နွားလေးတွေသုံးကောင်မွေးထားတယ်။အဲ့ကနေ နွားနို့ရောင်းချတယ်၊ရောင်းချရင်းနဲ့ ဘာဖြစ်သလဲ စောနကပြောသလို နို့နဲ့ ပတ်သက် တဲ့ဟာလေးတွေထုတ်တယ်။ ကျနော်တို့ငယ်ငယ်တုန်းကဆိုကန်ဘဲ့ အခုတော့ပါရမီပေါ့နော် သူဌေးကြီးတွေနေတဲ့နေရာပေါ့ လေ ဒါပေမယ့် တကယ်ကြည့်လိုက်တော့ နွားခြံတွေပါပဲ၊အဲ့ကထုတ်တဲ့နွားနို့ကိုကျနော်တို့ သောက်ရတယ်။ အခုဘယ်နားက သောက်ရမှာလဲ အဲ့ဒါတွေမရှိတော့ဘူး။ ဒီလိုမျိုး တွေလုပ်ဖို့လိုလာပြီပေါ့ မိထ္တီလာဆိုရင်လည်း ဟိုတုန်းက သူဌေးကြီးတစ်ယောက်ရွာတွေ ရွာတွေမှာ ဆိတ်မွေးဖို့အတွက်ကိုပေးလိုက်တဲ့ အခါမှာ ဆိတ်တွေကိုမြောက်မြားစွာထုတ်လုပ်လာတာကိုတွေ့လာရတယ်။ဒီလိုလုပ်ခြင်းအားဖြင့် အသေးစား၊အလတ်စားလေးတွေကိုလုပ်ခြင်းအားဖြင့်လည်း ကျနော်တို့ဒီဟာကိုအောင်မြင်နိုင်တာပေါ့။”လို့ ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ က “ဒီလိုပွဲကြီးကနေပြီးတော့ ကျနော်တို့ အစားအသောက်တွေ နည်းပညာအသစ်တွေ  အကုန်ုလုံးကိုဘယ်လိုဖွံ့ဖြိုးအောင်လုပ်ကြမလဲလို့ ကျနော်တို့နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ စဉ်းစားဖို့လည်း လိုတယ်ပေါ့။ ဥပမာ ထိုင်းနိုင်ငံ မှာပဲကြည့်ကြည့် ဗီယက်နမ်ကိုပဲရောက်ရောက်ကြည့်တဲ့အခါ သူတို့မုန့်လေးတွေအားလုံးသည် ကျနော်တို့နိုင်ငံမှာလုပ်လို့ရတဲ့ ပစ္စည်းတွေ ချည်းပဲ။ ဒါပေမယ့်ကျနော်တို့က သူတို့လိုသေချာမလုပ်နိုင်သေးဘူး။လုပ်နိုင်တဲ့နည်းပညာတွေကိုလည်း ကျနော်တို့ အများကြီး လိုပါ တယ်။ ကျနော်တို့ထုတ်ကုန်တွေအားလုံးကို လုပ်နိုင်တယ်ဆိုရင် ကျနော်တို့နိုင်ငံကို  ဒါမျိုးတွေကိုတားနိုင်ရင် ကျနော်တို့ ထွက်တဲ့ ငွေလည်း လျော့သွားပါမယ်။ နိုင်ငံကြီးမှာဒီထက်တိုးတက်ပြီးတော့လူတွေအားလုံး ဖွံ့ဖြိုးတိုးတက်ပြီးတော့ ဒီထက် အဆင့်မြင့်မြင့် နေနိုင်အောင် ဝိုင်းဝန်းပြီးတော့ အားလုံးကြိုးစား ဆောင်ရွက်ကြပါစို့ လို့ပြောကြားလိုပါတယ်။”လို့ ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

အဆိုပါပြပွဲကို မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်၏ ဦးစီးပြုလုပ်ခြင်းဖြစ်ပြီး ဒီကနေ့မှစတင်၍ ဒီဇင်ဘာ ၇ ရက်နေ့အထိ ပြုလုပ်သွား မယ်လို့ သိရပါတယ်။ဒါ့အပြင် ပြပွဲကြီးတွင် မြန်မာ့လယ်ယာသုံးပစ္စည်းများနှင့်အတူ အမေရိကန်၊ပြင်သစ်၊ အီတလီ၊ ဂျာမဏီ၊ နယ်သာလန်၊ အိန္ဒိယ၊တရုတ်၊မလေးရှား၊ဗီယက်နမ်နှင့် ကိုရီးယားအစရှိတဲ့ နိုင်ငံပေါင်း(၁၈)နိုင်ငံမှ ကုမ္ပဏီပေါင်း(၂၀၀)ကျော်တို့က စိုက်ပျိုး၊မွေးမြူရေးဆိုင်ရာကဏ္ဍအလိုက် ပြခန်းများကို ပါဝင်ပြသသွားမယ်လို့ ဆိုပါတယ်။

ထို့အတူ ဒီကနေ့ အခမ်းအနားသို့ ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်း၊ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမြဟန်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှုူးချုပ်  ဒေါက်တာရဲထွန်းဝင်း တို့အပါအဝင်၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းရှင်များ ၊အကြံပေးပုဂ္ဂိုလ်များ ပညာရှင်များတက်ရောက်ခဲ့ကြပါတယ်။

ပြေသိမ်း
ရန်ကုန်၊ဒီဇင်ဘာ ၅ 

(  Zawgyi  )

 ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ၿပီး လူသားအားလုံးဒီထက္ပို၍ အဆင့္ျမင့္ျမင့္ေနႏိုင္ေအာင္ အားလုံးကဝိုင္းဝန္းၿပီး ႀကိဳးစားေဆာင္႐ြက္ၾကဖို႔ ရန္ကုန္တိုင္း လႊတ္ေတာ္ ဥကၠဌ ဦးတင္ေမာင္ထြန္းက တိုက္တြန္းေျပာၾကားလိုက္ပါတယ္။

အဆိုပါေျပာၾကားမႈကို ဒီကေန႔ ဒီဇင္ဘာ ၅ ရက္တြင္ ရန္ကုန္ၿမိဳ႕၊မင္းနႏၵာလမ္းရွိ Myanmar Expo Hall မွာျပဳလုပ္ခဲ့တဲ့ ေမြးျမဴေရး ဆိုင္ရာေဆး ဝါးႏွင့္ အစာထုတ္လုပ္မႈ ဆိုင္ရာ ႏိုင္ငံတကာကုန္စည္ျပပြဲႀကီး ဖြင့္ပြဲအခမ္းအနားတြင္ မိန႔္ခြန္းေျပာၾကားစဥ္ ၎က အထက္ပါအတိုင္းထည့္သြင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠဌ က စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးကိုလုပ္ကိုင္ၾကသူမ်ား အေနျဖင့္လည္း ျပည္ပႏိုင္ငံမွ နည္းပညာ မ်ားကို ရယူ၍စိတ္ဝင္တစားလုပ္ေဆာင္ၾကဖို႔နဲ႔ ေမြးျမဴေရးက႑ႏွင့္ ပတ္သက္သည့္ ဆက္စပ္ထုတ္ကုန္မ်ားပိုမိုထုတ္လုပ္လာႏိုင္ေအာင္ ဝိုင္းဝန္း ႀကိဳးစားေဆာင္႐ြက္ၾကဖို႔ကိုလည္းတိုက္တြန္းေျပာၾကားခဲ့ပါေသးတယ္။

“ဒီလိုပြဲႀကီးကိုက်ေနာ္တို႔ႏိုင္ငံမွာလုပ္တာဟာအရမ္းေကာင္းပါတယ္။က်ေနာ္တို႔ႏိုင္ငံမွာ ေမြးျမဴေရး လုပ္ႏိုင္ မယ့္ ေျမႀကီးေတြ အမ်ား ႀကီး ရွိတယ္။ စိုက္ပ်ိဳးေရးလုပ္ႏိုင္မယ့္ ေျမႀကီးေတြအမ်ားရွိပါတယ္။ ေနာက္ထုတ္ကုန္ေတြလည္း အမ်ားႀကီး ရွိပါတယ္။ ဒီလိုမ်ိဳး ပြဲေတြ ကိုလုပ္ျခင္းအားျဖင့္ က်ေနာ္တို႔ႏိုင္ငံသူ၊ႏိုင္ငံသားေတြ အားလုံးဟာ ငါတို႔ဘယ္လိုလုပ္ရမလဲ ဆိုတာကို ေတြးလာပါလိမ့္မယ္။ ေတြးလာ တဲ့အတြက္ေၾကာင့္ ဒီအထဲမွာစိတ္ဝင္စားလာပါလိမ့္မယ္။ဒါေၾကာင့္မို႔လည္း အိႏၵိယႏိုင္ငံမွာဆိုရင္ ႏြားေမြးတယ္၊ သူတို႔က ႏြားႏို႔ေသာက္ တယ္။

ႏြားေလးေတြသုံးေကာင္ေမြးထားတယ္။အဲ့ကေန ႏြားႏို႔ေရာင္းခ်တယ္၊ေရာင္းခ်ရင္းနဲ႔ ဘာျဖစ္သလဲ ေစာနကေျပာသလို ႏို႔နဲ႔ ပတ္သက္ တဲ့ဟာေလးေတြထုတ္တယ္။ က်ေနာ္တို႔ငယ္ငယ္တုန္းကဆိုကန္ဘဲ့ အခုေတာ့ပါရမီေပါ့ေနာ္ သူေဌးႀကီးေတြေနတဲ့ေနရာေပါ့ ေလ ဒါေပမယ့္ တကယ္ၾကည့္လိုက္ေတာ့ ႏြားၿခံေတြပါပဲ၊အဲ့ကထုတ္တဲ့ႏြားႏို႔ကိုက်ေနာ္တို႔ ေသာက္ရတယ္။ အခုဘယ္နားက ေသာက္ရမွာလဲ အဲ့ဒါေတြမရွိေတာ့ဘူး။ ဒီလိုမ်ိဳး ေတြလုပ္ဖို႔လိုလာၿပီေပါ့ မိထၱီလာဆိုရင္လည္း ဟိုတုန္းက သူေဌးႀကီးတစ္ေယာက္႐ြာေတြ ႐ြာေတြမွာ ဆိတ္ေမြးဖို႔အတြက္ကိုေပးလိုက္တဲ့ အခါမွာ ဆိတ္ေတြကိုေျမာက္ျမားစြာထုတ္လုပ္လာတာကိုေတြ႕လာရတယ္။ဒီလိုလုပ္ျခင္းအားျဖင့္ အေသးစား၊အလတ္စားေလးေတြကိုလုပ္ျခင္းအားျဖင့္လည္း က်ေနာ္တို႔ဒီဟာကိုေအာင္ျမင္ႏိုင္တာေပါ့။”လို႔ ရန္ကုန္တိုင္းလႊတ္ေတာ္ ဥကၠဌ ဦးတင္ေမာင္ထြန္းက တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

ဆက္လက္၍ တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠဌ က “ဒီလိုပြဲႀကီးကေနၿပီးေတာ့ က်ေနာ္တို႔ အစားအေသာက္ေတြ နည္းပညာအသစ္ေတြ  အကုႏ္ုလုံးကိုဘယ္လိုဖြံ႕ၿဖိဳးေအာင္လုပ္ၾကမလဲလို႔ က်ေနာ္တို႔ႏိုင္ငံသူ၊ ႏိုင္ငံသားေတြရဲ႕ စဥ္းစားဖို႔လည္း လိုတယ္ေပါ့။ ဥပမာ ထိုင္းႏိုင္ငံ မွာပဲၾကည့္ၾကည့္ ဗီယက္နမ္ကိုပဲေရာက္ေရာက္ၾကည့္တဲ့အခါ သူတို႔မုန႔္ေလးေတြအားလုံးသည္ က်ေနာ္တို႔ႏိုင္ငံမွာလုပ္လို႔ရတဲ့ ပစၥည္းေတြ ခ်ည္းပဲ။ ဒါေပမယ့္က်ေနာ္တို႔က သူတို႔လိုေသခ်ာမလုပ္ႏိုင္ေသးဘူး။လုပ္ႏိုင္တဲ့နည္းပညာေတြကိုလည္း က်ေနာ္တို႔ အမ်ားႀကီး လိုပါ တယ္။ က်ေနာ္တို႔ထုတ္ကုန္ေတြအားလုံးကို လုပ္ႏိုင္တယ္ဆိုရင္ က်ေနာ္တို႔ႏိုင္ငံကို  ဒါမ်ိဳးေတြကိုတားႏိုင္ရင္ က်ေနာ္တို႔ ထြက္တဲ့ ေငြလည္း ေလ်ာ့သြားပါမယ္။ ႏိုင္ငံႀကီးမွာဒီထက္တိုးတက္ၿပီးေတာ့လူေတြအားလုံး ဖြံ႕ၿဖိဳးတိုးတက္ၿပီးေတာ့ ဒီထက္ အဆင့္ျမင့္ျမင့္ ေနႏိုင္ေအာင္ ဝိုင္းဝန္းၿပီးေတာ့ အားလုံးႀကိဳးစား ေဆာင္႐ြက္ၾကပါစို႔ လို႔ေျပာၾကားလိုပါတယ္။”လို႔ ထပ္ေလာင္းေျပာၾကားခဲ့ပါေသးတယ္။

အဆိုပါျပပြဲကို ျမန္မာႏိုင္ငံေမြးျမဴေရးအဖြဲ႕ခ်ဳပ္၏ ဦးစီးျပဳလုပ္ျခင္းျဖစ္ၿပီး ဒီကေန႔မွစတင္၍ ဒီဇင္ဘာ ၇ ရက္ေန႔အထိ ျပဳလုပ္သြား မယ္လို႔ သိရပါတယ္။ဒါ့အျပင္ ျပပြဲႀကီးတြင္ ျမန္မာ့လယ္ယာသုံးပစၥည္းမ်ားႏွင့္အတူ အေမရိကန္၊ျပင္သစ္၊ အီတလီ၊ ဂ်ာမဏီ၊ နယ္သာလန္၊ အိႏၵိယ၊တ႐ုတ္၊မေလးရွား၊ဗီယက္နမ္ႏွင့္ ကိုရီးယားအစရွိတဲ့ ႏိုင္ငံေပါင္း(၁၈)ႏိုင္ငံမွ ကုမၸဏီေပါင္း(၂၀၀)ေက်ာ္တို႔က စိုက္ပ်ိဳး၊ေမြးျမဴေရးဆိုင္ရာက႑အလိုက္ ျပခန္းမ်ားကို ပါဝင္ျပသသြားမယ္လို႔ ဆိုပါတယ္။

ထို႔အတူ ဒီကေန႔ အခမ္းအနားသို႔ ရန္ကုန္တိုင္းလႊတ္ေတာ္ ဥကၠဌ ဦးတင္ေမာင္ထြန္း၊ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီး ဦးေဇာ္ေအးေမာင္၊ ျမန္မာႏိုင္ငံေမြးျမဴေရးအဖြဲ႕ခ်ဳပ္ ဥကၠဌ ေဒါက္တာျမဟန္၊ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန ၫႊန္ၾကားေရးမႈူးခ်ဳပ္  ေဒါက္တာရဲထြန္းဝင္း တို႔အပါအဝင္၏ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးလုပ္ငန္းရွင္မ်ား ၊အႀကံေပးပုဂၢိဳလ္မ်ား ပညာရွင္မ်ားတက္ေရာက္ခဲ့ၾကပါတယ္။

ေျပသိမ္း
ရန္ကုန္၊ဒီဇင္ဘာ ၅