နိုင်ငံအကြီးအကဲမဖြစ်တာ ဒီပုဒ်မကြောင့်ဆိုပြီး စိတ်ခံစားမှုကိုရှေ့တန်းတင်ပြင်ဆင်တာကို စိတ်မကောင်းဖြစ်ဟု ပြည်ခိုင်ဖြိုးအမတ် ဆို

နိုင်ငံအကြီးအကဲမဖြစ်တာ ဒီပုဒ်မကြောင့်ဆိုပြီး စိတ်ခံစားမှုကိုရှေ့တန်းတင်ပြင်ဆင်တာကို စိတ်မကောင်းဖြစ်ဟု ပြည်ခိုင်ဖြိုးအမတ် ဆို

အိမ်ထောင်ဖက်ရွေးချယ်မှုအရ နိုင်ငံအကြီးအကဲမဖြစ်တာကို ဒီပုဒ်မကြောင့်ဆိုပြီး စိတ်ခံစားမှုကိုရှေ့တန်းတင်တာကို စိတ်မကောင်းဖြစ်မိဟု ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်အမတ်ဖြစ်သူ မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေး က ပြောဆိုလိုက်ပါတယ်။
 
ယင်းကဲ့သို့ ပြောဆိုမှုကို ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းပါ ပုဒ်မ-၂၆၂၊ ပုဒ်မခွဲများအပေါ် ဆွေးနွေးခဲ့ရာမှာ ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
 
“ခေတ်ကာလနဲ့လျော်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ပြင်ဆင်ရာမှာ မှန်ပေမဲ့ နိုင်ငံရဲ့ပကတိအခြေအနေနဲ့ အတိတ်ဖြစ်စဉ်များကိုသုံးသပ်ပြီး နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်အားလုံးဟာ တစ်စုတစ်ဖွဲ့၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ပြင်ဆင်ချက်မျိုးမဖြစ်စေဘဲ တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူလူထုများအတွက် အမှန်တစ်ကယ်လိုအပ်တဲ့ ပြင်ဆင်မှု၊ ဖြည့်စွက်မှုမျိုးဖြစ်ဖို့ အရေးကြီးပါတယ်။” လို့ မက်မန်းမဲဆန္ဒနယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး က ပြောကြားခဲ့တာပါ။
 
ဒါ့အပြင် "နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအတွက် အရည်အချင်းသတ်မှတ်ချက်ဖြစ်တဲ့ ပုဒ်မခွဲကိုပယ်ဖျက်ဖို့ တင်သွင်းလာတာတွေ့ရတော့ တော်တော်လေးအံ့သြမိကြောင်း၊ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတတို့ဟာ နိုင်ငံတော်ရဲ့ဥသျှောင်ဖြစ်သလို နိုင်ငံသားများ၏ အားကိုးအားထားရာ အမျိုးသားခေါင်းဆောင်လည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအဖြစ် ဆောင်ရွက်မည့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများဟာ အထူးသဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိစောင့်သိ ရိုသေသူဖြစ်ရမှာဖြစ်ကြောင်းကိုလည်း ၎င်း၏ဆွေးနွေးချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
 
“ဒါဟာ ပြည်သူများက လုံးဝဥဿုံချွင်းချက်မရှိ ယုံကြည်အားနိုင်သူဖြစ်ရေးနှင့် သံသယမပွားနိုင်စေရေးအတွက် လိုအပ်တာကြောင့် ပြဋ္ဌာန်းထားခြင်းဖြစ်ပါတယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကျမှ ထူးပြီးပြဋ္ဌာန်းထားတာမဟုတ်ပါဘူး။ဘယ်သူဘယ်ဝါ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ပြီးရေးဆွဲခဲ့ခြင်းမဟုတ်ဘူးဆိုတာ နားလည်ဖို့လိုပါတယ်။အိမ်ထောင်ဖက်ရွေးချယ်မှုအရ နိုင်ငံအကြီးအကဲမဖြစ်တာကို ဒီပုဒ်မကြောင့်ဆိုပြီး စိတ်ခံစားမှုကိုရှေ့တန်းတင် ရမယ်ရှာလက်ညှိးထိုး၊ ဝေဖန်ပြောဆိုနေသံတွေကြားရတော့ အင်မတန်မှစိတ်မကောင်းဖြစ်ရပါတယ်။” လို့ ပြည်ခိုင်ဖြိုးအမတ် ဦးတင်အေး က ပြောပါတယ်။
 
အဆိုပါဆွေးနွေးချက်နှင့် ပတ်သက်၍ NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က “အိမ်ထောင်ဖက်ရွေးချယ်တာ မှားယွင်းမိတာကို ရမယ်ရှာပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ကြိုးစားတယ်ဆိုတဲ့ စကားရပ်မျိုးဟာ ဒီကနေ့အခြေအနေမျိုးအပေါ် ပြောသင့်ပြောထိုက် ပြောအပ်တဲ့ကိစ္စမဟုတ်ပါဘူး။ဒါဟာ အပြန်အလှန်အငြင်းပွားမှုတွေ ပိုပြီးကြီးထွားနိုင်တာဖြစ်တဲ့အတွက် ယင်းစကားရပ်ကို နုတ်ပယ်ပေးဖို့အပြင် ဒီလိုကိစ္စရပ်မျိုး နောက်ထပ်မပြုလုပ်နိုင်ရေးကို နာယကကြီးအနေနဲ့ ထိန်းချုပ်ပေးသင့်ပါတယ်။” လို့ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ကန့်ကွက်ကြောင်း တင်ပြခဲ့ပါတယ်။
 
ထိုသို့တင်ပြမှုနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက က လုံးကောက်ဆောင်ရွက်ပြီး ဥပဒေနှင့်မညီညွတ်သည်များကို ထုတ်ပယ်သွားမှာဖြစ်တယ်လို့လည်း ပြန်လည်ပြောကြားပေးခဲ့ပါတယ်။
 
KO
နေပြည်တော်၊ ဖေ‌ဖော်ဝါရီ - ၂၆
 
( Zawgyi )
 
အိမ္ေထာင္ဖက္ေ႐ြးခ်ယ္မႈအရ ႏိုင္ငံအႀကီးအကဲမျဖစ္တာကို ဒီပုဒ္မေၾကာင့္ဆိုၿပီး စိတ္ခံစားမႈကိုေရွ႕တန္းတင္တာကို စိတ္မေကာင္းျဖစ္မိဟု ျပည္ခိုင္ၿဖိဳးပါတီ၏ လႊတ္ေတာ္အမတ္ျဖစ္သူ မက္မန္းမဲဆႏၵနယ္မွ ဦးတင္ေအး က ေျပာဆိုလိုက္ပါတယ္။
 
ယင္းကဲ့သို႔ ေျပာဆိုမႈကို ဒီကေန႔က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးတြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ ဥပေဒၾကမ္းပါ ပုဒ္မ-၂၆၂၊ ပုဒ္မခြဲမ်ားအေပၚ ေဆြးေႏြးခဲ့ရာမွာ ၎က အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။
 
“ေခတ္ကာလနဲ႔ေလ်ာ္ညီတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒေတြကို ျပင္ဆင္ရာမွာ မွန္ေပမဲ့ ႏိုင္ငံရဲ႕ပကတိအေျခအေနနဲ႔ အတိတ္ျဖစ္စဥ္မ်ားကိုသုံးသပ္ၿပီး ႏိုင္ငံေရးပါတီအသီးသီးမွ ကိုယ္စားလွယ္အားလုံးဟာ တစ္စုတစ္ဖြဲ႕၊ ပုဂၢိဳလ္တစ္ဦးတစ္ေယာက္အတြက္ ျပင္ဆင္ခ်က္မ်ိဳးမျဖစ္ေစဘဲ တစ္ႏိုင္ငံလုံးရွိ တိုင္းရင္းသားျပည္သူလူထုမ်ားအတြက္ အမွန္တစ္ကယ္လိုအပ္တဲ့ ျပင္ဆင္မႈ၊ ျဖည့္စြက္မႈမ်ိဳးျဖစ္ဖို႔ အေရးႀကီးပါတယ္။” လို႔ မက္မန္းမဲဆႏၵနယ္၊ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေအး က ေျပာၾကားခဲ့တာပါ။
 
ဒါ့အျပင္ "ႏိုင္ငံေတာ္သမၼတႏွင့္ ဒုတိယသမၼတမ်ားအတြက္ အရည္အခ်င္းသတ္မွတ္ခ်က္ျဖစ္တဲ့ ပုဒ္မခြဲကိုပယ္ဖ်က္ဖို႔ တင္သြင္းလာတာေတြ႕ရေတာ့ ေတာ္ေတာ္ေလးအံ့ၾသမိေၾကာင္း၊ ႏိုင္ငံေတာ္သမၼတ၊ ဒုတိယသမၼတတို႔ဟာ ႏိုင္ငံေတာ္ရဲ႕ဥေသွ်ာင္ျဖစ္သလို ႏိုင္ငံသားမ်ား၏ အားကိုးအားထားရာ အမ်ိဳးသားေခါင္းေဆာင္လည္းျဖစ္ပါေၾကာင္း၊ ႏိုင္ငံေတာ္အႀကီးအကဲအျဖစ္ ေဆာင္႐ြက္မည့္ ႏိုင္ငံေတာ္သမၼတ၊ ဒုတိယသမၼတမ်ားဟာ အထူးသျဖင့္ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ားအေပၚ သစၥာေစာင့္သိေစာင့္သိ ႐ိုေသသူျဖစ္ရမွာျဖစ္ေၾကာင္းကိုလည္း ၎၏ေဆြးေႏြးခ်က္မွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။
 
“ဒါဟာ ျပည္သူမ်ားက လုံးဝဥႆုံခြၽင္းခ်က္မရွိ ယုံၾကည္အားႏိုင္သူျဖစ္ေရးႏွင့္ သံသယမပြားႏိုင္ေစေရးအတြက္ လိုအပ္တာေၾကာင့္ ျပ႒ာန္းထားျခင္းျဖစ္ပါတယ္။၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒက်မွ ထူးၿပီးျပ႒ာန္းထားတာမဟုတ္ပါဘူး။ဘယ္သူဘယ္ဝါ လူပုဂၢိဳလ္တစ္ဦးတစ္ေယာက္ကိုမွ ရည္႐ြယ္ၿပီးေရးဆြဲခဲ့ျခင္းမဟုတ္ဘူးဆိုတာ နားလည္ဖို႔လိုပါတယ္။အိမ္ေထာင္ဖက္ေ႐ြးခ်ယ္မႈအရ ႏိုင္ငံအႀကီးအကဲမျဖစ္တာကို ဒီပုဒ္မေၾကာင့္ဆိုၿပီး စိတ္ခံစားမႈကိုေရွ႕တန္းတင္ ရမယ္ရွာလက္ညႇိးထိုး၊ ေဝဖန္ေျပာဆိုေနသံေတြၾကားရေတာ့ အင္မတန္မွစိတ္မေကာင္းျဖစ္ရပါတယ္။” လို႔ ျပည္ခိုင္ၿဖိဳးအမတ္ ဦးတင္ေအး က ေျပာပါတယ္။
 
အဆိုပါေဆြးေႏြးခ်က္ႏွင့္ ပတ္သက္၍ NLD ပါတီမွ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ၾကည္ၫြန႔္ က “အိမ္ေထာင္ဖက္ေ႐ြးခ်ယ္တာ မွားယြင္းမိတာကို ရမယ္ရွာၿပီးေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ဖို႔ ႀကိဳးစားတယ္ဆိုတဲ့ စကားရပ္မ်ိဳးဟာ ဒီကေန႔အေျခအေနမ်ိဳးအေပၚ ေျပာသင့္ေျပာထိုက္ ေျပာအပ္တဲ့ကိစၥမဟုတ္ပါဘူး။ဒါဟာ အျပန္အလွန္အျငင္းပြားမႈေတြ ပိုၿပီးႀကီးထြားႏိုင္တာျဖစ္တဲ့အတြက္ ယင္းစကားရပ္ကို ႏုတ္ပယ္ေပးဖို႔အျပင္ ဒီလိုကိစၥရပ္မ်ိဳး ေနာက္ထပ္မျပဳလုပ္ႏိုင္ေရးကို နာယကႀကီးအေနနဲ႔ ထိန္းခ်ဳပ္ေပးသင့္ပါတယ္။” လို႔ ျပည္ေထာင္စုလႊတ္ေတာ္ နာယကထံသို႔ ကန႔္ကြက္ေၾကာင္း တင္ျပခဲ့ပါတယ္။
 
ထိုသို႔တင္ျပမႈႏွင့္ပတ္သက္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္ နာယက က လုံးေကာက္ေဆာင္႐ြက္ၿပီး ဥပေဒႏွင့္မညီၫြတ္သည္မ်ားကို ထုတ္ပယ္သြားမွာျဖစ္တယ္လို႔လည္း ျပန္လည္ေျပာၾကားေပးခဲ့ပါတယ္။
 
KO
ေနျပည္ေတာ္၊ ေဖ‌ေဖာ္ဝါရီ - ၂၆