နိုင်ငံ့ဝန်ထမ်းတွေ ပြည်သူ့ဝန်ထမ်းတွေမော်တော်ယာဉ်တင်သွင်းခွင့်နှင့် ပတ်သက်ပြီး ဆိုင်းငံ့ထားရန် သမ္မတရုံးမှ ညွှန်ကြား

နိုင်ငံ့ဝန်ထမ်းတွေ ပြည်သူ့ဝန်ထမ်းတွေမော်တော်ယာဉ်တင်သွင်းခွင့်နှင့် ပတ်သက်ပြီး ဆိုင်းငံ့ထားရန် သမ္မတရုံးမှ ညွှန်ကြား

နိုင်ငံ့ဝန်ထမ်းတွေပြည်သူ့ဝန်ထမ်းတွေမော်တော်ယာဉ်တင်သွင်းခွင့်နှင့်ပတ်သက်ပြီးဆိုင်းငံ့ထားရန်သမ္မတရုံးမှညွန်ကြားထားကြောင်းသမ္မတရုံးပြောရေးဆိုခွင့်ရှိသူညွန်ကြားရေးမှူးချုပ်ဦးဇော်ဌေးမှပြောပါတယ်။

ဇန်နဝါရီ ၃၁ ရက် ညနေပိုင်း၊နေပြည်တော်၊သမ္မတအိမ်တော်ဝန်း၊မီဒီယာရှင်းလင်းဆောင်တွင်နေပြည်တော်ရှိအိမ်တော်သတင်းထောက်များနှင့်တွေဆုံရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

“ဒီကြားကာလမှာလူတွေဝေဖန်ပြောများနေတဲ့ကားပါမစ်ကိစ္စအဲ့ကိစ္စနဲ့ပတ်သက်လို့ရည်ရွယ်ချက်ကတော့အငြိမ်းစားသွားတော့မဲ့နိုင်ငံ့ဝန်ထမ်းတွေပင်စင်သွားကာနီးဝန်ထမ်းတွေပေါ့။အထူးသဖြင့်သူတို့ကိုရည်ရွယ်ပြီး ဆောင်ရွက်ဖို့စတင်တာဖြစ်ပါတယ်။သို့သော်လည်းလောလောဆယ်စီးပွားကူးသန်းကထုတ်ပြန်တဲ့ဟာတွေပေါ့ ဖေ့ဘုတ်တွေမှာလည်းတက်လာတယ်၊မီဒီယာတွေမှာလည်းရေးကြတယ်၊ဒီကိစ္စတွေနဲ့ပတ်သက်ပြီးပြောနိုင်တာ ကတော့မော်တော်ယာဉ်တင်သွင်းခွင့်နဲ့ပတ်သက်လို့ဆိုင်းငံ့ထားဖို့ညွန်ကြားထားပြီးဖြစ်ပါတယ်၊စီးပွားကူးသန်းအနေနဲ့ဒီကိစ္စကိုဆိုင်းငံ့ထားဖို့ပြီးရင်ကျနော်တို့လူကြီးတွေသုံးသပ်နေပါတယ်၊သုံးသပ်ပြီးတော့မှအသင့်လျော်ဆုံးလေးအဖြစ့်ဆုံးလေး၊ဒါဘယ်လိုရမလဲဆိုတာတော့မသိသေးဘူး၊လောလောဆယ်တော့နိုင်ငံ့ဝန်ထမ်းတွေပြည်သူ့ဝန်ထမ်းတွေမော်တော်ယာဉ်တင်သွင်းခွင့်နဲ့ပတ်သက်ပြီးတော့ဆိုင်းငံ့ထားတာပါ”ဟုသမ္မတရုံးပြောရေးဆိုခွင့်ရှိသူညွန်ကြားရေးမှူးချုပ်ဦးဇော်ဌေးမှပြောပါတယ်။

“လူကြီးများပြန်လည်သုံးသပ်ချက်နှင့်ပတ်သက်၍လူကြီးတွေကဘယ်လိုသုံးသပ်လည်ဆိုတော့ပင်စင် သွားတဲ့သူတွေပေါ့၊အဓိကရည်ရွယ်တာနိုင်ငံ့ဝန်ထမ်းတွေပင်စင်သွားကာနီးဝန်ထမ်းတွေနိုင်ငံတာဝန်ကိုပြစ်မှု တစ်စုံတစ်ရာမရှိထမ်းဆောင်တဲ့ပြည်သူ့ဝန်ထမ်းကောင်းတွေ(၂၆)နှစ်၊တပ်ဖက်မှာ(၂၅)နှစ်ဆိုနိုင်ငံ့ဝန်ထမ်းကောင်းရတယ်၊အရပ်ဖက်မှာ(၂၆)နှစ်ဆိုပြည်သူ့ဝန်ထမ်းကောင်းရတယ်၊အဲ့ဒီပြည်သူ့ဝန်ထမ်းကောင်းရတဲ့သူကမင်နီမ ရှိရဘူး၊ပြစ်မှုကျူးလွန်တာတွေမရှိရဘူး၊စည်းကမ်းဖောက်ဖျက်မှုတွေမရှိရဘူး၊အဲ့လိုလူတွေကိုပေးတာ။အဲ့လိုစည်းနဲ့ကမ်းနဲ့နေထိုင်လာတယ်။ကောင်းကောင်းမွန်မွန်လုပ်ကိုင်လာတယ်။ပင်စင်သွားတော့မယ်၊ဒီဝန်ထမ်းတွေကိုနိုင်ငံတော်ကတစ်စုံတစ်ရာပေါ့အသိအမှတ်ပြုတဲ့အနေနဲ့လုပ်မယ်ဆိုပြီးစခဲ့တာ။သို့သော်စီးပွားကူးသန်းစာတွေထွက်လာတာတွေရှင်းတာတွေကအလွန်အကျွံဖြစ်နေတယ်။အလွန်အကျွံဖြစ်နေတော့လူကြီးတွေကဒါကိုဆိုင်းငံ့ထားလိုက်လို့ပြောလိုက်တယ်။အဲ့အပေါ်မှာဘယ်လိုလုပ်ယင်ဥပမာပြည်တွင်းမှာရှိတဲ့ရှိုးရွန်းသမားတွေကလည်းဒီအပေါ်မှာသတင်းစာရှင်းလင်းပွဲတွေလုပ်တယ်၊ကန့်ကွတ်မှုတွေလုပ်တယ်။နောက်ဆုံးမှာနိုင်ငံတော်သမ္မတနဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဆီစာတွေတင်တယ်။အလားတူပြည်တွင်းကမော်တော်ကာတင်သွင်းပြီးလုပ်ကိုင်နေတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေရှိတယ်၊အဲ့အဖွဲ့တွေကလည်းအတိုင်ပင်ခံနဲ့သမ္မတကြီးဆီစာတွေတင်တယ်၊အဲ့စာပါတဲ့အချက်တွေပေါ်ပြန်သုံးသပ်တယ်၊သုံးသပ်ပြီးတော့အကြမ်းဖျဉ်းအားဖြင့်ကြည့်လိုက်ယင်ပင်စင်တစ်နှစ်တစ်နှစ်ကိုသွားတဲ့သူကပျမ်းမျှလေးသောင်းခွဲလောက်ရှိနေတော့ဒီထဲမှာကပြည်သူ့ဝန်ထမ်းကောင်းရတဲ့ဝန်ထမ်းဘယ်လောက်ရှိလည်းဆိုတာဝန်ကြီးဌာနတွေကိုစာရင်းတောင်းထားတယ်၊ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကတောင်းထားတယ်၊တောင်းထားတဲ့ဟာ ကဒီကနေ့သတင်းစာရှင်းလင်းပွဲမလုပ်ခင်အထိအပြည့်အစုံမရသေးဘူး။မရတဲ့အပေါ်မှပြည်သူ့ဝန်ထမ်းကောင်းရပြီး၊ပင်စင်သွားကာနီးဘယ်နှစ်နှစ်အလိုစာရင်းတွေပြန်ကြည့်ရမယ်လူဘယ်နှစ်သောင်းကကားတင်သွင်းခွင့်တွေရ မလဲ။အဲ့ဒါဆိုစျေးကွက်ထဲမှာသက်ရောက်မှုကဘယ်လိုရှိမလဲ။ဒါတွေကိုပြန်သုံးသပ်နေတာဖြစ်တယ်၊ပြန်သုံးသပ်ပြီးမှပြောရယင်ပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုလည်းထိခိုက်နစ်နာမှုအနည်းဆုံးဖြစ်ရမယ်။အခွန်အနေနဲ့နိုင်ငံတော်နစ်နာဆုံးရှုံးမှုနည်းရမယ်။စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းစျေးကွက်ကမောက်ကမတွေမဖြစ်အောင်လည်းဘယ်လိုလုပ်မလဲဒီလိုမျိုးဘက်ပေါင်းစုံချင့်ချိန်စဉ်းစားပြီးမှဘယ်လိုလုပ်မလဲဆိုတာဆုံးဖြတ်မှာဖြစ်တယ်။အဲ့ဒါကြောင့်ဒီကိစ္စကိုစီးပွားကူးသန်းလည်းပြောထားတယ်ဆိုင်းငံ့ထားပါ၊ရပ်ထားပါလို့ပြောတာပါ”ဟုဦးဇော်ဌေးမှပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ ဖေဖေါ်ဝါရီ - ၁

( Zawgyi )

ႏိုင္ငံ့ဝန္ထမ္းေတြျပည္သူ႔ဝန္ထမ္းေတြေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ႏွင့္ပတ္သက္ၿပီးဆိုင္းငံ့ထားရန္သမၼတ႐ုံးမွၫြန္ၾကားထားေၾကာင္းသမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူၫြန္ၾကားေရးမႉးခ်ဳပ္ဦးေဇာ္ေဌးမွေျပာပါတယ္။

ဇန္နဝါရီ ၃၁ ရက္ ညေနပိုင္း၊ေနျပည္ေတာ္၊သမၼတအိမ္ေတာ္ဝန္း၊မီဒီယာရွင္းလင္းေဆာင္တြင္ေနျပည္ေတာ္ရွိအိမ္ေတာ္သတင္းေထာက္မ်ားႏွင့္ေတြဆုံရွင္းလင္းပြဲတြင္ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

“ဒီၾကားကာလမွာလူေတြေဝဖန္ေျပာမ်ားေနတဲ့ကားပါမစ္ကိစၥအဲ့ကိစၥနဲ႔ပတ္သက္လို႔ရည္႐ြယ္ခ်က္ကေတာ့အၿငိမ္းစားသြားေတာ့မဲ့ႏိုင္ငံ့ဝန္ထမ္းေတြပင္စင္သြားကာနီးဝန္ထမ္းေတြေပါ့။အထူးသျဖင့္သူတို႔ကိုရည္႐ြယ္ၿပီး ေဆာင္႐ြက္ဖို႔စတင္တာျဖစ္ပါတယ္။သို႔ေသာ္လည္းေလာေလာဆယ္စီးပြားကူးသန္းကထုတ္ျပန္တဲ့ဟာေတြေပါ့ ေဖ့ဘုတ္ေတြမွာလည္းတက္လာတယ္၊မီဒီယာေတြမွာလည္းေရးၾကတယ္၊ဒီကိစၥေတြနဲ႔ပတ္သက္ၿပီးေျပာႏိုင္တာ ကေတာ့ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္နဲ႔ပတ္သက္လို႔ဆိုင္းငံ့ထားဖို႔ၫြန္ၾကားထားၿပီးျဖစ္ပါတယ္၊စီးပြားကူးသန္းအေနနဲ႔ဒီကိစၥကိုဆိုင္းငံ့ထားဖို႔ၿပီးရင္က်ေနာ္တို႔လူႀကီးေတြသုံးသပ္ေနပါတယ္၊သုံးသပ္ၿပီးေတာ့မွအသင့္ေလ်ာ္ဆုံးေလးအျဖစ့္ဆုံးေလး၊ဒါဘယ္လိုရမလဲဆိုတာေတာ့မသိေသးဘူး၊ေလာေလာဆယ္ေတာ့ႏိုင္ငံ့ဝန္ထမ္းေတြျပည္သူ႔ဝန္ထမ္းေတြေမာ္ေတာ္ယာဥ္တင္သြင္းခြင့္နဲ႔ပတ္သက္ၿပီးေတာ့ဆိုင္းငံ့ထားတာပါ”ဟုသမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူၫြန္ၾကားေရးမႉးခ်ဳပ္ဦးေဇာ္ေဌးမွေျပာပါတယ္။

“လူႀကီးမ်ားျပန္လည္သုံးသပ္ခ်က္ႏွင့္ပတ္သက္၍လူႀကီးေတြကဘယ္လိုသုံးသပ္လည္ဆိုေတာ့ပင္စင္ သြားတဲ့သူေတြေပါ့၊အဓိကရည္႐ြယ္တာႏိုင္ငံ့ဝန္ထမ္းေတြပင္စင္သြားကာနီးဝန္ထမ္းေတြႏိုင္ငံတာဝန္ကိုျပစ္မႈ တစ္စုံတစ္ရာမရွိထမ္းေဆာင္တဲ့ျပည္သူ႔ဝန္ထမ္းေကာင္းေတြ(၂၆)ႏွစ္၊တပ္ဖက္မွာ(၂၅)ႏွစ္ဆိုႏိုင္ငံ့ဝန္ထမ္းေကာင္းရတယ္၊အရပ္ဖက္မွာ(၂၆)ႏွစ္ဆိုျပည္သူ႔ဝန္ထမ္းေကာင္းရတယ္၊အဲ့ဒီျပည္သူ႔ဝန္ထမ္းေကာင္းရတဲ့သူကမင္နီမ ရွိရဘူး၊ျပစ္မႈက်ဴးလြန္တာေတြမရွိရဘူး၊စည္းကမ္းေဖာက္ဖ်က္မႈေတြမရွိရဘူး၊အဲ့လိုလူေတြကိုေပးတာ။အဲ့လိုစည္းနဲ႔ကမ္းနဲ႔ေနထိုင္လာတယ္။ေကာင္းေကာင္းမြန္မြန္လုပ္ကိုင္လာတယ္။ပင္စင္သြားေတာ့မယ္၊ဒီဝန္ထမ္းေတြကိုႏိုင္ငံေတာ္ကတစ္စုံတစ္ရာေပါ့အသိအမွတ္ျပဳတဲ့အေနနဲ႔လုပ္မယ္ဆိုၿပီးစခဲ့တာ။သို႔ေသာ္စီးပြားကူးသန္းစာေတြထြက္လာတာေတြရွင္းတာေတြကအလြန္အကြၽံျဖစ္ေနတယ္။အလြန္အကြၽံျဖစ္ေနေတာ့လူႀကီးေတြကဒါကိုဆိုင္းငံ့ထားလိုက္လို႔ေျပာလိုက္တယ္။အဲ့အေပၚမွာဘယ္လိုလုပ္ယင္ဥပမာျပည္တြင္းမွာရွိတဲ့ရႈိး႐ြန္းသမားေတြကလည္းဒီအေပၚမွာသတင္းစာရွင္းလင္းပြဲေတြလုပ္တယ္၊ကန႔္ကြတ္မႈေတြလုပ္တယ္။ေနာက္ဆုံးမွာႏိုင္ငံေတာ္သမၼတနဲ႔အတိုင္ပင္ခံပုဂၢိဳလ္ဆီစာေတြတင္တယ္။အလားတူျပည္တြင္းကေမာ္ေတာ္ကာတင္သြင္းၿပီးလုပ္ကိုင္ေနတဲ့ႏိုင္ငံတကာအဖြဲ႕အစည္းေတြရွိတယ္၊အဲ့အဖြဲ႕ေတြကလည္းအတိုင္ပင္ခံနဲ႔သမၼတႀကီးဆီစာေတြတင္တယ္၊အဲ့စာပါတဲ့အခ်က္ေတြေပၚျပန္သုံးသပ္တယ္၊သုံးသပ္ၿပီးေတာ့အၾကမ္းဖ်ဥ္းအားျဖင့္ၾကည့္လိုက္ယင္ပင္စင္တစ္ႏွစ္တစ္ႏွစ္ကိုသြားတဲ့သူကပ်မ္းမွ်ေလးေသာင္းခြဲေလာက္ရွိေနေတာ့ဒီထဲမွာကျပည္သူ႔ဝန္ထမ္းေကာင္းရတဲ့ဝန္ထမ္းဘယ္ေလာက္ရွိလည္းဆိုတာဝန္ႀကီးဌာနေတြကိုစာရင္းေတာင္းထားတယ္၊ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးကေတာင္းထားတယ္၊ေတာင္းထားတဲ့ဟာ ကဒီကေန႔သတင္းစာရွင္းလင္းပြဲမလုပ္ခင္အထိအျပည့္အစုံမရေသးဘူး။မရတဲ့အေပၚမွျပည္သူ႔ဝန္ထမ္းေကာင္းရၿပီး၊ပင္စင္သြားကာနီးဘယ္ႏွစ္ႏွစ္အလိုစာရင္းေတြျပန္ၾကည့္ရမယ္လူဘယ္ႏွစ္ေသာင္းကကားတင္သြင္းခြင့္ေတြရ မလဲ။အဲ့ဒါဆိုေစ်းကြက္ထဲမွာသက္ေရာက္မႈကဘယ္လိုရွိမလဲ။ဒါေတြကိုျပန္သုံးသပ္ေနတာျဖစ္တယ္၊ျပန္သုံးသပ္ၿပီးမွေျပာရယင္ပုဂၢလိကလုပ္ငန္းရွင္ေတြကိုလည္းထိခိုက္နစ္နာမႈအနည္းဆုံးျဖစ္ရမယ္။အခြန္အေနနဲ႔ႏိုင္ငံေတာ္နစ္နာဆုံးရႈံးမႈနည္းရမယ္။ေစ်းကြက္ယွဥ္ၿပိဳင္ႏိုင္စြမ္းေစ်းကြက္ကေမာက္ကမေတြမျဖစ္ေအာင္လည္းဘယ္လိုလုပ္မလဲဒီလိုမ်ိဳးဘက္ေပါင္းစုံခ်င့္ခ်ိန္စဥ္းစားၿပီးမွဘယ္လိုလုပ္မလဲဆိုတာဆုံးျဖတ္မွာျဖစ္တယ္။အဲ့ဒါေၾကာင့္ဒီကိစၥကိုစီးပြားကူးသန္းလည္းေျပာထားတယ္ဆိုင္းငံ့ထားပါ၊ရပ္ထားပါလို႔ေျပာတာပါ”ဟုဦးေဇာ္ေဌးမွေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ ေဖေဖၚဝါရီ - ၁