နိုင်ငံ့ဝန်ထမ်းများကားပါမစ်ပေးမည့်ကိစ္စ သမ္မတရုံးမှခွင့်ပြုပါက ဆက်လက်ဆောင်ရွက်မည်

နိုင်ငံ့ဝန်ထမ်းများကားပါမစ်ပေးမည့်ကိစ္စ သမ္မတရုံးမှခွင့်ပြုပါက ဆက်လက်ဆောင်ရွက်မည်

နိုင်ငံ့ဝန်ထမ်းများကားပါမစ်ပေးမည့်ကိစ္စအားကန့်ကွက်မှုများရှိသည့်အတွက်ခတ္တဆိုင်းငံ့ထားရခြင်းဖြစ်၊သမ္မတရုံးမှခွင့်ပြုပါကဆက်လက်ဆောင်ရွက်ပေးသွားမည်ဟုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးအောင်ထူးမှပြောပါတယ်။ ယနေ့ ပြုလုပ်သည့် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန် အစည်းအဝေး သတ္တမနေ့ အစီအစဉ် ကြယ်ပွင့်ပြ မေးခွန်းများ လာရောက် ဖြေဆိုအပြီး သတင်းထောက်များနှင့် တွေ့ဆုံးစဉ်ဝန်ထမ်းများကားပါမစ်ကိစ္စအခြေအနေလေးမေးမြန်းရာမှာ ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

“နိုင်ငံဝန်ထမ်းကောင်းတံဆိပ်ရတဲ့သူတွေကိုကားပါမစ်ပေးဖို့ကိစ္စကိုကျနော်တို့ဝန်ကြီးဌာနကိုဆောင်ရွက်ဖို့ဆိုပြီးပြောတော့ဒါတွေကိုလုပ်ဖို့ကျနော်တို့လုပ်တယ်။နောက်ပိုင်းမှာဆွေးနွေးချက်တွေဆန့်ကျင်မှုတွေနည်းနည်းများလာတယ်။ အထူးသဖြင့် မော်တော်ယာဉ်နဲ့ ပတ်သတ်တဲ့ စီးပွားရေး လုပ်ငန်းအဖွဲ့အစည်းတွေက ဆန့်ကျင်ကန့် ကွက်တာတွေ ရှိလာတယ်။ နောက်တစ်ချို့သော နိုင်ငံများကလည်း ဒါဟာ တန်းတူအခွင့်အရေး မပေးဘူး ဆိုတဲ့ ဟာ မျိုးနဲ့ ကန့်ကွက်တာရှိတယ်။ ကန့်ကွက်တာတွေရှိတဲ့ အတွက်ကြောင့် မိုလို့ ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ သမ္မတ ရုံးကညွန်ချုပ်ကြီးပြောသလိုမျိုး ဒါကိုခဏဆိုင်းငံ့ထားပါတယ်။

တစ်ဖက်မှာလည်းဘယ်လောက်အထိပေးရမလဲဆိုတဲ့စာရင်းတွေကောက်ယူခဲ့နေပါတယ်။နိုင်ငံတော်သမ္မတရုံးကနေဆက်လက်ဆောင်ရွက်ပါဆိုတာနဲ့ကျနော်တို့ ချက်ချင်းဆောင်ရွက်မှာဖြစ်ပါတယ်။သူတို့ဆိုင်းငံ့ထားပါလို့ပြောတာပါ။ဒါကိုဖျက်တယ်လို့မပြောပါဘူး”ဟု ဒုတိယဝန်ကြီးဦးအောင်ထူးမှပြောပါတယ်။

ယင်းအပြင်ဒုတိယဝန်ကြီးမှ “ကျနော်တို့အရင်သဘောကတော့ကျနော်တို့ဖြစ်စေချင်တဲ့သဘောက အခြားနိုင်ငံတွေမှာ အလုပ်ရပြီ ဆိုတာနဲ့ အိမ်ကိုလည်းအရစ်ကျဝယ်လို့ရတယ်။ ကားလည်းအရစ်ကျဝယ် လို့ရ တယ်။ တီဗီတို့ ရေခဲသေတ္တာတို့ အရစ်ကျ ဝယ်လို့ရတယ်၊ ကျနော်တို့ဒီလိုအရစ်ကျဖြစ်တဲ့ စနစ်တစ်ခုကို ဖော်ဆောင်ချင်တာပေါ့။ ဖော်ဆောင်ချင်တဲ့အခါ ဝန်ထမ်းတွေအနေနဲ့ ဒီလိုပေါ့ကားလည်း ဝယ်နိုင်တယ်။ အိမ်လည်းဝယ်နိုင်တယ် ဆိုတဲ့အရစ်ကျပေးနိုင်တဲစနစ်တစ်ခုကိုဖော်ဆောင်ချင်တယ်။အဲ့လိုဖော်ဆောင်တဲ့အခါမှာတိုင်းပြည်ရဲ့စီးပွားရေးက လည်းတက်လာတယ်။

ဒါဟာပုံမှန်စီးပွားရေးစနစ်တွေမှာလုပ်နေကျပါဘဲ။ဒါကိုကနော်တို့ကလုပ်ချင်တာပါ။အဲ့လိုလုပ်ချင်တဲ့အခါမှာဘယ်ဟာဘယ်လိုစလုပ်မလည်းပြောတဲ့အခါကျတော့ကျနော်တို့မှာကအများကြီးကိုလည်း မလုပ်ပေးနိုင်ဘူး။ မလုပ်ပေးနိုင်တဲ့အခါကျတော့ ဒီဝန်ထမ်းကောင်း တံဆိပ်ရတဲ့သူတွေကို စပြီးပေးမယ်ဆိုပြီး ကျနော်တို့အနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ အဲ့လိုဆောင်ရွက်တဲ့အခါ ကျတော့ တစ်နှစ် တစ်နှစ်ကိုဝန်ထမ်း ကောင်းတံဆိပ် ရတဲ့သူကတစ်သောင်းလောက်ရှိပါတယ်။

သူတို့ကလုပ်သက်(၂၇/၂၈)မှာကားပါမစ်ကိုရမယ်ဆို ရင်သူတို့အတွက် သက်တမ်းက ကျနော်ထင်တယ် (၄)နှစ်(၅)နှစ်လောက် ကျန်နေ မယ် ထင်တယ်ပေါ့။(၄)နှစ်(၅)နှစ် လောက်ကျန်နေမယ်ဆိုတော့ အဲ့ဒါတွေပါပေးမယ် ဆိုယင် ကျနော်တို့ မှန်းကြည့်တာက (၄)သောင်းကနေ (၅)သောင်းအထိပေးရလိမ့်မယ်ဆိုတော့ချိန်ပြီးလုပ်တာပါ။

လုပ်တဲ့အခါကျတော့အငယ်ပိုင်းတွေကစပြီးပေးဖို့ဆိုပြီးဒါကတော့ မူလေးကိုတော့ လုပ်ထားပါတယ်။ လုပ်ထားပြီးတဲ့ အခါကျတော့ နိုင်ငံတော်သမ္မတရုံးကခွင့်ပြုမယ်ဆိုယင်ဒါလေးကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။(၂၅)နှစ်ပြည့်တဲ့သူတွေကစပြီးပေးဖို့စဉ်းစားထားတာပါ “ ဟုပြောကြားခဲ့ပါတယ်။

သတင်းထောက်များမှ “အငယ်ပိုင်းတွေစပြီးပေးဖို့မူလေးချထားသည်နှင့်ပတ်သက်၍ မူဝါဒပြောင်း ထားပါသလား” ဟုမေးမြန်းသည့် အခါမူဝါဒပြောင်းတာတော့ မဟုတ်ပါဘူး အယင်ထဲ(၂၅)အထက်ကို အကုန်ပေးမယ်လို့ ပြောထားပြီးသားပါ။ ဒါပေမဲ့လည်း အဲ့လိုပေးတဲ့ အခါမှာ(၂၅)နှစ်ပြည့်တဲ့သူတွေကိုအငယ်တွေကိုဦးစားပေးပြီးပေးမယ်လို့ကျနော်တို့စဉ်းစားထားတာပါ။  

အဲ့လိုစဉ်းစားထားတဲ့အခါမှာဝန်ထမ်းတွေသက်သာအောင်လို့ဆိုပြီး(၁၅၀၀)စီစီအထိဘဲခွင့်ပြုဖို့ပေါ့။(၁၅၀၀)စီစီဆိုရင်အထူးကုန်စည်ခွန်ပေးဖို့မလိုဘူးပေါ့။ဝန်ထမ်းတွေဖြစ်တဲ့အတွက် ဝန်ထမ်းတွေဟာ ဆိုရင်ဝင်ငွေခွန် ကင်းလွတ်ခွင့်ရှိတယ်။ ဝင်ငွေခွန် မကင်းလွတ်တဲ့ ဝန်ထမ်းတွေ ဥပမာဆိုလို့ရှိယင် ညွန်ကြားရေးမှူးအထက်။ အထက်ဆိုရင်လည်း သူ့ရဲ့ဝင်ငွေခွန်တွေကို ပေးဆောင်ပြီးဖြစ်တယ်။ ဆိုလိုတဲ့သဘောကတော့ ဝန်ထမ်းတွေမှာရှိတဲ့ ပိုက်ဆံတွေ အကုန်လုံးသည် ငွေဖြူတွေဖြစ်တယ်။ ငွေဖြူတွေဖြစ်တဲ့ အတွက် သူတို့မှာ အခွန်ကို သီးခြားထပ်ပြီးတော့ပေးဆောင်စရာမလိုဘူးဆိုတဲ့သဘောပေါ့။

ဒါဆိုယင်ကျနော်တို့ကဝင်ငွေခွန်လွတ်သွားပြီ။ ကျနော်တို့က ရည်မှန်းချက်ကတော့ ဝန်ထမ်းတွေဟာ တိုင်းပြည်အတွက် အလုပ်လုပ် ခဲ့တယ်။လခလည်း သည်လောက်မရဘူး။ သူများလို အာဆီယံလစာတို့ ရတာမဟုတ်ဘူး။ ဒါကြောင့်မိုလို့ ဝန်ထမ်းတွေ အတွက်ကို အိမ်တို့ကားတို့ထောက်ပံ့ပေးနေရတယ်၊ထောက်ပံ့ ပေး တဲ့အခါမှာ ဒီလို့ခွင့်ပြုလိုက်မယ်ဆိုယင် ကားထောက်ပံ့ပေးမှုလည်း လျော့သွားမဲ့ သဘောရှိပါတယ်။ အိမ်ဆိုလို့ရှိယင်လည်း အရစ်ကျရောင်းချပေးတဲ့ စနစ်ရှိပြီဆိုရင် နိုင်ငံတော်ကဘဲ အကုန်တာဝန်ယူရတဲ့ အခြေအနေ မရှိတော့မဲ့ အခြေအနေမျိုး ရှိပါတယ်။

ဒီရည်ရွယ်ချက်တွေနဲ့ဘဲ ကျနော်တို့အနေ နဲ့ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်ပေမဲ့ တစ်ချို့တွေ က ဒါကိုနည်းနည်းလေးချဲ့ကားပြီး ကားဆိုတဲ့အတိုင်းချဲ့ကားပြီးပြောလိုက်တဲ့အတွက် ဘေးကအထူးအခွင့်အရေးပေးတယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။တစ်ကယ်တော့အထူးအခွင့်အရေးပေးတာမဟုတ်ပါဘူး။ကျနော်တို့၂၀၁၂ခုနှစ်မှာကားတင်သွင်းခွင့် ပေးလိုက်တဲ့ အခါမှာ ပုဂ္ဂလိကဏ္ဍကားတင်သွင်းဖို့ရာက (၂)သိန်း(၆)သောင်းကျော် လောက်ရှိပါတယ်။ ဆိုတော့ပုဂ္ဂလိ က ကဏ္ဍအနေနဲ့ (၂)သိန်း (၆)သောင်း ကျော် ကားတင်သွင်းမှုက အကျိုးရရှိခဲ့ပြီးဖြစ်ပါတယ်။ အဲ့တော့ကျနော်တို့ ပြည်သူ့ဝန်ထမ်းတွေကတော့ ဘာမှ ခံစားခွင့် မရှိပါဘူး။

ဒါနဲ့ပတ်သက်လို့ပြည်သူ့ဝန်ထမ်းတွေကိုသက်သာခွင့်စီစဉ်ပေးတာဖြစ်ပါတယ်။ဒါလည်းကန့်ကွက်မှုတွေရှိတဲ့အတွက်သမ္မတရုံးကနေခတ္တဆိုင်းငံ့ထားပါပြောတဲ့အတွက်ခေတ္တဆိုင်း ထားပါတယ်။ သမ္မတရုံးကနေပြီးတော့မှ ပြန်ပေးပါဆိုလို့ရှိယင် ကျနော်တို့ အနေနဲ့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်”ဟုဒုတိယဝန်ကြီးမှ ရှင်းလင်းပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ဖေဖေါ်ဝါရီ-၁၄

(  Zawgyi  )

 ႏိုင္ငံ့ဝန္ထမ္းမ်ားကားပါမစ္ေပးမည့္ကိစၥအားကန႔္ကြက္မႈမ်ားရွိသည့္အတြက္ခတၱဆိုင္းငံ့ထားရျခင္းျဖစ္၊သမၼတ႐ုံးမွခြင့္ျပဳပါကဆက္လက္ေဆာင္႐ြက္ေပးသြားမည္ဟုစီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ဒုတိယဝန္ႀကီးဦးေအာင္ထူးမွေျပာပါတယ္။ ယေန႔ ျပဳလုပ္သည့္ ျပည္သူ႔လႊတ္ေတာ္(၁၅)ႀကိမ္ေျမာက္ ပုံမွန္ အစည္းအေဝး သတၱမေန႔ အစီအစဥ္ ၾကယ္ပြင့္ျပ ေမးခြန္းမ်ား လာေရာက္ ေျဖဆိုအၿပီး သတင္းေထာက္မ်ားႏွင့္ ေတြ႕ဆုံးစဥ္ဝန္ထမ္းမ်ားကားပါမစ္ကိစၥအေျခအေနေလးေမးျမန္းရာမွာ ယင္းသို႔ ေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

“ႏိုင္ငံဝန္ထမ္းေကာင္းတံဆိပ္ရတဲ့သူေတြကိုကားပါမစ္ေပးဖို႔ကိစၥကိုက်ေနာ္တို႔ဝန္ႀကီးဌာနကိုေဆာင္႐ြက္ဖို႔ဆိုၿပီးေျပာေတာ့ဒါေတြကိုလုပ္ဖို႔က်ေနာ္တို႔လုပ္တယ္။ေနာက္ပိုင္းမွာေဆြးေႏြးခ်က္ေတြဆန႔္က်င္မႈေတြနည္းနည္းမ်ားလာတယ္။ အထူးသျဖင့္ ေမာ္ေတာ္ယာဥ္နဲ႔ ပတ္သတ္တဲ့ စီးပြားေရး လုပ္ငန္းအဖြဲ႕အစည္းေတြက ဆန႔္က်င္ကန႔္ ကြက္တာေတြ ရွိလာတယ္။ ေနာက္တစ္ခ်ိဳ႕ေသာ ႏိုင္ငံမ်ားကလည္း ဒါဟာ တန္းတူအခြင့္အေရး မေပးဘူး ဆိုတဲ့ ဟာ မ်ိဳးနဲ႔ ကန႔္ကြက္တာရွိတယ္။ ကန႔္ကြက္တာေတြရွိတဲ့ အတြက္ေၾကာင့္ မိုလို႔ ဒီကိစၥကို အေကာင္အထည္ေဖာ္ဖို႔ သမၼတ ႐ုံးကၫြန္ခ်ဳပ္ႀကီးေျပာသလိုမ်ိဳး ဒါကိုခဏဆိုင္းငံ့ထားပါတယ္။

တစ္ဖက္မွာလည္းဘယ္ေလာက္အထိေပးရမလဲဆိုတဲ့စာရင္းေတြေကာက္ယူခဲ့ေနပါတယ္။ႏိုင္ငံေတာ္သမၼတ႐ုံးကေနဆက္လက္ေဆာင္႐ြက္ပါဆိုတာနဲ႔က်ေနာ္တို႔ ခ်က္ခ်င္းေဆာင္႐ြက္မွာျဖစ္ပါတယ္။သူတို႔ဆိုင္းငံ့ထားပါလို႔ေျပာတာပါ။ဒါကိုဖ်က္တယ္လို႔မေျပာပါဘူး”ဟု ဒုတိယဝန္ႀကီးဦးေအာင္ထူးမွေျပာပါတယ္။

ယင္းအျပင္ဒုတိယဝန္ႀကီးမွ “က်ေနာ္တို႔အရင္သေဘာကေတာ့က်ေနာ္တို႔ျဖစ္ေစခ်င္တဲ့သေဘာက အျခားႏိုင္ငံေတြမွာ အလုပ္ရၿပီ ဆိုတာနဲ႔ အိမ္ကိုလည္းအရစ္က်ဝယ္လို႔ရတယ္။ ကားလည္းအရစ္က်ဝယ္ လို႔ရ တယ္။ တီဗီတို႔ ေရခဲေသတၱာတို႔ အရစ္က် ဝယ္လို႔ရတယ္၊ က်ေနာ္တို႔ဒီလိုအရစ္က်ျဖစ္တဲ့ စနစ္တစ္ခုကို ေဖာ္ေဆာင္ခ်င္တာေပါ့။ ေဖာ္ေဆာင္ခ်င္တဲ့အခါ ဝန္ထမ္းေတြအေနနဲ႔ ဒီလိုေပါ့ကားလည္း ဝယ္ႏိုင္တယ္။ အိမ္လည္းဝယ္ႏိုင္တယ္ ဆိုတဲ့အရစ္က်ေပးႏိုင္တဲစနစ္တစ္ခုကိုေဖာ္ေဆာင္ခ်င္တယ္။အဲ့လိုေဖာ္ေဆာင္တဲ့အခါမွာတိုင္းျပည္ရဲ႕စီးပြားေရးက လည္းတက္လာတယ္။

ဒါဟာပုံမွန္စီးပြားေရးစနစ္ေတြမွာလုပ္ေနက်ပါဘဲ။ဒါကိုကေနာ္တို႔ကလုပ္ခ်င္တာပါ။အဲ့လိုလုပ္ခ်င္တဲ့အခါမွာဘယ္ဟာဘယ္လိုစလုပ္မလည္းေျပာတဲ့အခါက်ေတာ့က်ေနာ္တို႔မွာကအမ်ားႀကီးကိုလည္း မလုပ္ေပးႏိုင္ဘူး။ မလုပ္ေပးႏိုင္တဲ့အခါက်ေတာ့ ဒီဝန္ထမ္းေကာင္း တံဆိပ္ရတဲ့သူေတြကို စၿပီးေပးမယ္ဆိုၿပီး က်ေနာ္တို႔အေနနဲ႔ ေဆာင္႐ြက္တာျဖစ္ပါတယ္။ အဲ့လိုေဆာင္႐ြက္တဲ့အခါ က်ေတာ့ တစ္ႏွစ္ တစ္ႏွစ္ကိုဝန္ထမ္း ေကာင္းတံဆိပ္ ရတဲ့သူကတစ္ေသာင္းေလာက္ရွိပါတယ္။

သူတို႔ကလုပ္သက္(၂၇/၂၈)မွာကားပါမစ္ကိုရမယ္ဆို ရင္သူတို႔အတြက္ သက္တမ္းက က်ေနာ္ထင္တယ္ (၄)ႏွစ္(၅)ႏွစ္ေလာက္ က်န္ေန မယ္ ထင္တယ္ေပါ့။(၄)ႏွစ္(၅)ႏွစ္ ေလာက္က်န္ေနမယ္ဆိုေတာ့ အဲ့ဒါေတြပါေပးမယ္ ဆိုယင္ က်ေနာ္တို႔ မွန္းၾကည့္တာက (၄)ေသာင္းကေန (၅)ေသာင္းအထိေပးရလိမ့္မယ္ဆိုေတာ့ခ်ိန္ၿပီးလုပ္တာပါ။

လုပ္တဲ့အခါက်ေတာ့အငယ္ပိုင္းေတြကစၿပီးေပးဖို႔ဆိုၿပီးဒါကေတာ့ မူေလးကိုေတာ့ လုပ္ထားပါတယ္။ လုပ္ထားၿပီးတဲ့ အခါက်ေတာ့ ႏိုင္ငံေတာ္သမၼတ႐ုံးကခြင့္ျပဳမယ္ဆိုယင္ဒါေလးကိုဆက္လက္ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။(၂၅)ႏွစ္ျပည့္တဲ့သူေတြကစၿပီးေပးဖို႔စဥ္းစားထားတာပါ “ ဟုေျပာၾကားခဲ့ပါတယ္။

သတင္းေထာက္မ်ားမွ “အငယ္ပိုင္းေတြစၿပီးေပးဖို႔မူေလးခ်ထားသည္ႏွင့္ပတ္သက္၍ မူဝါဒေျပာင္း ထားပါသလား” ဟုေမးျမန္းသည့္ အခါမူဝါဒေျပာင္းတာေတာ့ မဟုတ္ပါဘူး အယင္ထဲ(၂၅)အထက္ကို အကုန္ေပးမယ္လို႔ ေျပာထားၿပီးသားပါ။ ဒါေပမဲ့လည္း အဲ့လိုေပးတဲ့ အခါမွာ(၂၅)ႏွစ္ျပည့္တဲ့သူေတြကိုအငယ္ေတြကိုဦးစားေပးၿပီးေပးမယ္လို႔က်ေနာ္တို႔စဥ္းစားထားတာပါ။  

အဲ့လိုစဥ္းစားထားတဲ့အခါမွာဝန္ထမ္းေတြသက္သာေအာင္လို႔ဆိုၿပီး(၁၅၀၀)စီစီအထိဘဲခြင့္ျပဳဖို႔ေပါ့။(၁၅၀၀)စီစီဆိုရင္အထူးကုန္စည္ခြန္ေပးဖို႔မလိုဘူးေပါ့။ဝန္ထမ္းေတြျဖစ္တဲ့အတြက္ ဝန္ထမ္းေတြဟာ ဆိုရင္ဝင္ေငြခြန္ ကင္းလြတ္ခြင့္ရွိတယ္။ ဝင္ေငြခြန္ မကင္းလြတ္တဲ့ ဝန္ထမ္းေတြ ဥပမာဆိုလို႔ရွိယင္ ၫြန္ၾကားေရးမႉးအထက္။ အထက္ဆိုရင္လည္း သူ႔ရဲ႕ဝင္ေငြခြန္ေတြကို ေပးေဆာင္ၿပီးျဖစ္တယ္။ ဆိုလိုတဲ့သေဘာကေတာ့ ဝန္ထမ္းေတြမွာရွိတဲ့ ပိုက္ဆံေတြ အကုန္လုံးသည္ ေငြျဖဴေတြျဖစ္တယ္။ ေငြျဖဴေတြျဖစ္တဲ့ အတြက္ သူတို႔မွာ အခြန္ကို သီးျခားထပ္ၿပီးေတာ့ေပးေဆာင္စရာမလိုဘူးဆိုတဲ့သေဘာေပါ့။

ဒါဆိုယင္က်ေနာ္တို႔ကဝင္ေငြခြန္လြတ္သြားၿပီ။ က်ေနာ္တို႔က ရည္မွန္းခ်က္ကေတာ့ ဝန္ထမ္းေတြဟာ တိုင္းျပည္အတြက္ အလုပ္လုပ္ ခဲ့တယ္။လခလည္း သည္ေလာက္မရဘူး။ သူမ်ားလို အာဆီယံလစာတို႔ ရတာမဟုတ္ဘူး။ ဒါေၾကာင့္မိုလို႔ ဝန္ထမ္းေတြ အတြက္ကို အိမ္တို႔ကားတို႔ေထာက္ပံ့ေပးေနရတယ္၊ေထာက္ပံ့ ေပး တဲ့အခါမွာ ဒီလို႔ခြင့္ျပဳလိုက္မယ္ဆိုယင္ ကားေထာက္ပံ့ေပးမႈလည္း ေလ်ာ့သြားမဲ့ သေဘာရွိပါတယ္။ အိမ္ဆိုလို႔ရွိယင္လည္း အရစ္က်ေရာင္းခ်ေပးတဲ့ စနစ္ရွိၿပီဆိုရင္ ႏိုင္ငံေတာ္ကဘဲ အကုန္တာဝန္ယူရတဲ့ အေျခအေန မရွိေတာ့မဲ့ အေျခအေနမ်ိဳး ရွိပါတယ္။

ဒီရည္႐ြယ္ခ်က္ေတြနဲ႔ဘဲ က်ေနာ္တို႔အေန နဲ႔ေဆာင္႐ြက္တာျဖစ္ပါတယ္။ ဒါေပမဲ့ ဒီလိုရည္႐ြယ္ခ်က္ေတြနဲ႔ ေဆာင္႐ြက္ေပမဲ့ တစ္ခ်ိဳ႕ေတြ က ဒါကိုနည္းနည္းေလးခ်ဲ႕ကားၿပီး ကားဆိုတဲ့အတိုင္းခ်ဲ႕ကားၿပီးေျပာလိုက္တဲ့အတြက္ ေဘးကအထူးအခြင့္အေရးေပးတယ္ဆိုတဲ့ သေဘာ ျဖစ္ပါတယ္။တစ္ကယ္ေတာ့အထူးအခြင့္အေရးေပးတာမဟုတ္ပါဘူး။က်ေနာ္တို႔၂၀၁၂ခုႏွစ္မွာကားတင္သြင္းခြင့္ ေပးလိုက္တဲ့ အခါမွာ ပုဂၢလိက႑ကားတင္သြင္းဖို႔ရာက (၂)သိန္း(၆)ေသာင္းေက်ာ္ ေလာက္ရွိပါတယ္။ ဆိုေတာ့ပုဂၢလိ က က႑အေနနဲ႔ (၂)သိန္း (၆)ေသာင္း ေက်ာ္ ကားတင္သြင္းမႈက အက်ိဳးရရွိခဲ့ၿပီးျဖစ္ပါတယ္။ အဲ့ေတာ့က်ေနာ္တို႔ ျပည္သူ႔ဝန္ထမ္းေတြကေတာ့ ဘာမွ ခံစားခြင့္ မရွိပါဘူး။

ဒါနဲ႔ပတ္သက္လို႔ျပည္သူ႔ဝန္ထမ္းေတြကိုသက္သာခြင့္စီစဥ္ေပးတာျဖစ္ပါတယ္။ဒါလည္းကန႔္ကြက္မႈေတြရွိတဲ့အတြက္သမၼတ႐ုံးကေနခတၱဆိုင္းငံ့ထားပါေျပာတဲ့အတြက္ေခတၱဆိုင္း ထားပါတယ္။ သမၼတ႐ုံးကေနၿပီးေတာ့မွ ျပန္ေပးပါဆိုလို႔ရွိယင္ က်ေနာ္တို႔ အေနနဲ႔ ေဆာင္႐ြက္ သြားမွာ ျဖစ္ပါတယ္”ဟုဒုတိယဝန္ႀကီးမွ ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ေဖေဖၚဝါရီ-၁၄