နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ငလျင် ၁၈ ကြိမ် လှုပ်ခတ်ခဲ့

နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ငလျင် ၁၈ ကြိမ် လှုပ်ခတ်ခဲ့

၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ငလျင် ၁၈ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ မိုး/ဇလ က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မောက်လိုက်မြို့အနီးတွင် ငလျင်အကြိမ်ပေါင်း ၄ ကြိမ် လှုပ်ခတ်ခဲ့ပြီး အိန္ဒိယ - မြန်မာ နယ်စပ်အနီးတွင် ငလျင် ၃ ကြိမ်အထိ လှုပ်ခတ်ခဲ့ပါတယ်။

လှုပ်ခတ်ခဲ့သည့် ငလျင်များအနက် နိုဝင်ဘာလ ၂၈ ရက်နေ့က ပူတာအိုမြို့ အနောက်ဘက် ၃၆ မိုင်အကွာ အိန္ဒိယ - မြန်မာ နယ်စပ်အနီးတွင် အင်အား ရစ်စတာစကေး ၅ ဒဿမ ၆ ဖြင့် လှုပ်ခတ်သွားသော ငလျင်သည် အင်အားအပြင်းထန်ဆုံး ဖြစ်ခဲ့ပါတယ်။

အဆိုပါ အင်အားပြင်း လှုပ်ခတ်ခဲ့သည့် နေရာသည် နာဂတောင်တန်း ရှိသည့်နေရာဟု ခန့်မှန်းရပြီး အိန္ဒိယ ကျောက်ထုချပ်နဲ့ ဘားမား ကျောက်ထုချပ်တို့ ထိုးစိုက်ဇုန်တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်တယ်လို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ နာယက ဒေါ်လှလှအောင်  က ပြောကြားပါတယ်။

“အိန္ဒိယ ကျောက်ထုချပ်ကနေ မြန်မာ ကျောက်ထုချပ် အောက်ကို ဆင်းသွားတဲ့ ထိုးစိုက်ဇုန်မှာ ဖြစ်တာ။အဲ့ဒီ ငလျင်ရဲ့ ဒဏ်ကို ခံစားရမယ်ဆိုလို့ရှိရင် နာဂတောင်တန်းတွေ ရှိတဲ့နေရာမှာ ဖြစ်တယ်။အဲ့ဒီမှာ လူနေတာတွေရှိရင် ဟိုဘက်မှာလည်း နာဂ ဒီဘက်မှာလည်း နာဂ။သူတို့ နေရာမှာ ဘာဖြစ်သွားလဲဆိုတာတော့ ဘာသံမှ မကြားလိုက်ဘူး” လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံအဝှမ်း ငလျင်များ အကြိမ်ရေ ၁၀၀ ကျော်ခန့် လှုပ်ခတ်ခဲ့ပြီး အိန္ဒိယ - ဘားမား ကျောက်ထုချပ် ထိုးစိုက်ဇုန်ကြောင့် ငလျင်များလည်း အများအပြား လှုပ်ခတ်လာကြောင်း၊ ပုဂံဘုရားများ ပြိုပျက်ခဲ့သည့် ၂၀၁၆ ခုနှစ် ချောက် ငလျင်သည် အိန္ဒိယ - ဘားမား ကျောက်ထုချပ်များ ထိုးစိုက်ဇုန်မှ ဖြစ်ပေါ်ခြင်းဖြစ်တယ်လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

အိန္ဒိယ - ဘားမား ကျောက်ထုချပ် ထိုးစိုက်ဇုန်သည် အိန္ဒိယ - မြန်မာ နယ်စပ်မှ အင်ဒိုနီးရှား ကျွန်းများအထိ ရှည်လျားရှိပြီး ၂၀၀၄ ခုနှစ် အင်ဒိုနီးရှား ဆူနာမီ ငလျင်သည် အဆိုပါ ထိုးစိုက်ဇုန်ကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

မင်းထွန်း(အုတ်ကျင်း)
Photo Credit : Asia Society

( Zawgyi )

၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလအတြင္း ျမန္မာႏိုင္ငံတြင္ ငလ်င္ ၁၈ ႀကိမ္ လႈပ္ခတ္ခဲ့တယ္လို႔ မိုး/ဇလ က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေမာက္လိုက္ၿမိဳ႕အနီးတြင္ ငလ်င္အႀကိမ္ေပါင္း ၄ ႀကိမ္ လႈပ္ခတ္ခဲ့ၿပီး အိႏၵိယ - ျမန္မာ နယ္စပ္အနီးတြင္ ငလ်င္ ၃ ႀကိမ္အထိ လႈပ္ခတ္ခဲ့ပါတယ္။

လႈပ္ခတ္ခဲ့သည့္ ငလ်င္မ်ားအနက္ ႏိုဝင္ဘာလ ၂၈ ရက္ေန႔က ပူတာအိုၿမိဳ႕ အေနာက္ဘက္ ၃၆ မိုင္အကြာ အိႏၵိယ - ျမန္မာ နယ္စပ္အနီးတြင္ အင္အား ရစ္စတာစေကး ၅ ဒႆမ ၆ ျဖင့္ လႈပ္ခတ္သြားေသာ ငလ်င္သည္ အင္အားအျပင္းထန္ဆုံး ျဖစ္ခဲ့ပါတယ္။

အဆိုပါ အင္အားျပင္း လႈပ္ခတ္ခဲ့သည့္ ေနရာသည္ နာဂေတာင္တန္း ရွိသည့္ေနရာဟု ခန႔္မွန္းရၿပီး အိႏၵိယ ေက်ာက္ထုခ်ပ္နဲ႔ ဘားမား ေက်ာက္ထုခ်ပ္တို႔ ထိုးစိုက္ဇုန္တြင္ ျဖစ္ေပၚခဲ့ျခင္း ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ ေျမငလ်င္ေကာ္မတီ နာယက ေဒၚလွလွေအာင္  က ေျပာၾကားပါတယ္။

“အိႏၵိယ ေက်ာက္ထုခ်ပ္ကေန ျမန္မာ ေက်ာက္ထုခ်ပ္ ေအာက္ကို ဆင္းသြားတဲ့ ထိုးစိုက္ဇုန္မွာ ျဖစ္တာ။အဲ့ဒီ ငလ်င္ရဲ႕ ဒဏ္ကို ခံစားရမယ္ဆိုလို႔ရွိရင္ နာဂေတာင္တန္းေတြ ရွိတဲ့ေနရာမွာ ျဖစ္တယ္။အဲ့ဒီမွာ လူေနတာေတြရွိရင္ ဟိုဘက္မွာလည္း နာဂ ဒီဘက္မွာလည္း နာဂ။သူတို႔ ေနရာမွာ ဘာျဖစ္သြားလဲဆိုတာေတာ့ ဘာသံမွ မၾကားလိုက္ဘူး” လို႔ ဆိုပါတယ္။

၂၀၁၈ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံအဝွမ္း ငလ်င္မ်ား အႀကိမ္ေရ ၁၀၀ ေက်ာ္ခန႔္ လႈပ္ခတ္ခဲ့ၿပီး အိႏၵိယ - ဘားမား ေက်ာက္ထုခ်ပ္ ထိုးစိုက္ဇုန္ေၾကာင့္ ငလ်င္မ်ားလည္း အမ်ားအျပား လႈပ္ခတ္လာေၾကာင္း၊ ပုဂံဘုရားမ်ား ၿပိဳပ်က္ခဲ့သည့္ ၂၀၁၆ ခုႏွစ္ ေခ်ာက္ ငလ်င္သည္ အိႏၵိယ - ဘားမား ေက်ာက္ထုခ်ပ္မ်ား ထိုးစိုက္ဇုန္မွ ျဖစ္ေပၚျခင္းျဖစ္တယ္လို႔ ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

အိႏၵိယ - ဘားမား ေက်ာက္ထုခ်ပ္ ထိုးစိုက္ဇုန္သည္ အိႏၵိယ - ျမန္မာ နယ္စပ္မွ အင္ဒိုနီးရွား ကြၽန္းမ်ားအထိ ရွည္လ်ားရွိၿပီး ၂၀၀၄ ခုႏွစ္ အင္ဒိုနီးရွား ဆူနာမီ ငလ်င္သည္ အဆိုပါ ထိုးစိုက္ဇုန္ေၾကာင့္ ျဖစ္ေပၚလာရျခင္း ျဖစ္တယ္လို႔ ဆိုပါတယ္။

မင္းထြန္း(အုတ္က်င္း)
Photo Credit : Asia Society