နေပြည်တော်တွင် ကျေးရွာများတွင်ရှိသည့် (၅)ရက်တစ်ဈေး ဈေးလေးများ ပိတ်သိမ်းထားပြီး၊ ဈေးကြီးများကို အနီးကပ်စောင့်ကြည့်မှုများ ဆောင်ရွက်နေဟုဆို

နေပြည်တော်တွင် ကျေးရွာများတွင်ရှိသည့် (၅)ရက်တစ်ဈေး ဈေးလေးများ ပိတ်သိမ်းထားပြီး၊ ဈေးကြီးများကို အနီးကပ်စောင့်ကြည့်မှုများ ဆောင်ရွက်နေဟုဆို                                              

နေပြည်တော်တွင် ကျေးရွာများတွင်ရှိသည့် (၅)ရက်တစ်ဈေး ဈေးလေးများ ပိတ်သိမ်းထားပြီး၊ ဈေးကြီးများကို အနီးကပ်စောင့်ကြည့်မှုများ ဆောင်ရွက်နေကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးမှ နေပြည်တော်၊ စည်ပင်သာယာရေးဘဏ် တွင်း နေပြည်တော်အခြေစိုက် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

"လက်ရှိကျေးရွာတွေ ဘယ်လိုလုပ်သလဲဆိုရင် ပထမဆုံးစလုပ်တာသည် ကျေးရွာတွေကနေ (၅)ရက်တစ်ဈေး ထွက်ပြီး ရောင်းကြတာရှိတယ်၊ တစ်ချို့ဈေးသည်တွေက သူရွာမှာသူ ရောင်းတယ်၊ တစ်ချို့ဈေးသည်တွေကိုတော့ (၅)ရက်တစ်ဈေးရှိတဲ့ ရွာတိုင်းရွာတိုင်းကို လျှောက် သွားပြီးရောင်းတာပေါ့။ ရောင်းတဲ့အခါကျတော့ ရောဂါပိုးရှိတဲ့သူက ဈေးလာဝယ်တယ်၊ ဈေးရောင်း တဲ့သူတွေကို ကူးသွားမယ် ကူးသွားပြီး သူကမှတစ်ဆင့် ရွာတွေကို လျှောက်သွားပြီး တစ်ခြားရွာတွေကို ရောဂါပိုးပြန့်မှာစိုးတယ်။ စိုးတော့ အခု(၅)ရက်တစ်ဈေးတွေကို ကျနော်တို့ ယာယီပိတ်လိုက်တယ်။

(၅)ရက်တစ်ဈေးတွေမှာ အရောင်းအဝယ် မလုပ်ပါနဲ့ ပုံမှန်ဈေးကြီးတွေကို လာပါ၊ ပုံမှန်ဈေးကြီး တွေမှာတော့ ကျနော်တို့က အနီးကပ်စောင့်ကြည့်နေတယ်။ လက်ဆေးဖို့ဟာတွေ၊ အပူချိန် တိုင်းတာတွေ၊ဆေးဖျန်းဖို့ဟာတွေ ပုံမှန်လုပ်ပေးနေတယ်"ဟု ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးမှ ပြောပါတယ်။

ယခုလက်ရှိတွင် နေပြည်တော်တွင် COVID-19ရောဂါပိုးတွေ ရှိထား၍ ဆေးကုသနေသူ တစ်ဦး သာရှိနေပြီး အခြား ကူးစက်မှုမရှိသေးသည့် အတွက် ပြည်တွင်းကူးစက်မှု နေပြည်တော်မှာ ပေါ်ပေါက်လာယင် ဈေးတွေကို စဉ်းစားမယ်ဆိုပါတယ်။       
                              
"အခုချိန်မှာ ကျနော်တို့ဆီမှာ မရှိသေးတော့ ဈေးတွေကို စောင့်ကြည့်အနေအထား လုပ်ထား တယ်၊ နေ့တိုင်းဈေးတွေမှာ ဆေးဖျန်းပြီးတော့ ဈေးသိမ်းတဲ့ အချိန်မှာ ပိုးသတ်ပေးတယ်၊ ကျနော်တို့ အနီးကပ်ဈေးတွေ စောင့်ကြည့်ပေးထားပါတယ်၊ တစ်ခုခုထူးခြားတာ ဖြစ်တာနဲ့ လိုအပ်တဲ့ လုံလောက်တဲ့ အစီအမံကို ဆောင်ရွက်မှာဖြစ်ပါတယ်"ဟု ဒုတိယ မြို့တော်ဝန်မှ ပြောကြားခဲ့ပါတယ်။

နေပြည်တော်ကောင်စီ နယ်မြေအတွင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဈေးများ ကွက်ကဲမှုအောက်တွင် ကော်မတီပိုင်ဈေး(၃၃)ဈေးရှိပြီး၊ မြို့ပေါ်ဈေးနှင့် ကျေးလက်ဈေးဟူ၍ ခွဲခြားထားပြီး ကျေးလက်(၅)ရက်တစ်ဈေး ဖွင့်လှစ်ရောင်းချသည့် ဈေး(၁၂)ဈေး ရှိကြောင်း သိရှိရပါတယ်။

KO                                      
နေပြည်တော် ၊ ဧပြီ ၇

(  Zawgyi  )

 ေနျပည္ေတာ္တြင္ ေက်း႐ြာမ်ားတြင္ရွိသည့္ (၅)ရက္တစ္ေဈး ေဈးေလးမ်ား ပိတ္သိမ္းထားၿပီး၊ ေဈးႀကီးမ်ားကို အနီးကပ္ေစာင့္ၾကည့္မႈမ်ား ေဆာင္႐ြက္ေနေၾကာင္း ေနျပည္ေတာ္ စည္ပင္သာယာေရး ေကာ္မတီ၊ ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးမွ ေနျပည္ေတာ္၊ စည္ပင္သာယာေရးဘဏ္ တြင္း ေနျပည္ေတာ္အေျခစိုက္ သတင္းေထာက္မ်ားႏွင့္ ေတြ႕ဆုံစဥ္ ယင္းသို႔ ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

"လက္ရွိေက်း႐ြာေတြ ဘယ္လိုလုပ္သလဲဆိုရင္ ပထမဆုံးစလုပ္တာသည္ ေက်း႐ြာေတြကေန (၅)ရက္တစ္ေဈး ထြက္ၿပီး ေရာင္းၾကတာရွိတယ္၊ တစ္ခ်ိဳ႕ေဈးသည္ေတြက သူ႐ြာမွာသူ ေရာင္းတယ္၊ တစ္ခ်ိဳ႕ေဈးသည္ေတြကိုေတာ့ (၅)ရက္တစ္ေဈးရွိတဲ့ ႐ြာတိုင္း႐ြာတိုင္းကို ေလွ်ာက္ သြားၿပီးေရာင္းတာေပါ့။ ေရာင္းတဲ့အခါက်ေတာ့ ေရာဂါပိုးရွိတဲ့သူက ေဈးလာဝယ္တယ္၊ ေဈးေရာင္း တဲ့သူေတြကို ကူးသြားမယ္ ကူးသြားၿပီး သူကမွတစ္ဆင့္ ႐ြာေတြကို ေလွ်ာက္သြားၿပီး တစ္ျခား႐ြာေတြကို ေရာဂါပိုးျပန႔္မွာစိုးတယ္။ စိုးေတာ့ အခု(၅)ရက္တစ္ေဈးေတြကို က်ေနာ္တို႔ ယာယီပိတ္လိုက္တယ္။

(၅)ရက္တစ္ေဈးေတြမွာ အေရာင္းအဝယ္ မလုပ္ပါနဲ႔ ပုံမွန္ေဈးႀကီးေတြကို လာပါ၊ ပုံမွန္ေဈးႀကီး ေတြမွာေတာ့ က်ေနာ္တို႔က အနီးကပ္ေစာင့္ၾကည့္ေနတယ္။ လက္ေဆးဖို႔ဟာေတြ၊ အပူခ်ိန္ တိုင္းတာေတြ၊ေဆးဖ်န္းဖို႔ဟာေတြ ပုံမွန္လုပ္ေပးေနတယ္"ဟု ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးမွ ေျပာပါတယ္။

ယခုလက္ရွိတြင္ ေနျပည္ေတာ္တြင္ COVID-19ေရာဂါပိုးေတြ ရွိထား၍ ေဆးကုသေနသူ တစ္ဦး သာရွိေနၿပီး အျခား ကူးစက္မႈမရွိေသးသည့္ အတြက္ ျပည္တြင္းကူးစက္မႈ ေနျပည္ေတာ္မွာ ေပၚေပါက္လာယင္ ေဈးေတြကို စဥ္းစားမယ္ဆိုပါတယ္။       
                              
"အခုခ်ိန္မွာ က်ေနာ္တို႔ဆီမွာ မရွိေသးေတာ့ ေဈးေတြကို ေစာင့္ၾကည့္အေနအထား လုပ္ထား တယ္၊ ေန႔တိုင္းေဈးေတြမွာ ေဆးဖ်န္းၿပီးေတာ့ ေဈးသိမ္းတဲ့ အခ်ိန္မွာ ပိုးသတ္ေပးတယ္၊ က်ေနာ္တို႔ အနီးကပ္ေဈးေတြ ေစာင့္ၾကည့္ေပးထားပါတယ္၊ တစ္ခုခုထူးျခားတာ ျဖစ္တာနဲ႔ လိုအပ္တဲ့ လုံေလာက္တဲ့ အစီအမံကို ေဆာင္႐ြက္မွာျဖစ္ပါတယ္"ဟု ဒုတိယ ၿမိဳ႕ေတာ္ဝန္မွ ေျပာၾကားခဲ့ပါတယ္။

ေနျပည္ေတာ္ေကာင္စီ နယ္ေျမအတြင္း ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ ေဈးမ်ား ကြက္ကဲမႈေအာက္တြင္ ေကာ္မတီပိုင္ေဈး(၃၃)ေဈးရွိၿပီး၊ ၿမိဳ႕ေပၚေဈးႏွင့္ ေက်းလက္ေဈးဟူ၍ ခြဲျခားထားၿပီး ေက်းလက္(၅)ရက္တစ္ေဈး ဖြင့္လွစ္ေရာင္းခ်သည့္ ေဈး(၁၂)ေဈး ရွိေၾကာင္း သိရွိရပါတယ္။

KO                                      
ေနျပည္ေတာ္ ၊ ဧၿပီ ၇