နှစ်လည် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲ ၇၈၁၁ တွဲနှင့် ကျောက်မျက်အတွဲ ၄၈၁ တွဲတို့ကို ရောင်းချသွားမည်ဟု ဆို

နှစ်လည် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲ ၇၈၁၁ တွဲနှင့် ကျောက်မျက်အတွဲ ၄၈၁ တွဲတို့ကို ရောင်းချသွားမည်ဟု ဆို

၂၀၁၉ ခုနှစ်၊ နှစ်လည် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၆ ရက်၊ နံနက်ပိုင်းအချိန်က နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ပြုလုပ်ခဲ့ပြီး ယင်းကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲ ၇၈၁၁ တွဲနှင့် ကျောက်မျက်အတွဲ ၄၈၁ တွဲတို့ကို ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ယခုကျင်းပတဲ့ နှစ်လည် မြန်မာ့ကျောက်မျက်ရတနာပွဲသည် နိုင်ငံခြားငွေနှင့် ရောင်းချသည့်ပွဲဖြစ်ပြီး နိုင်ငံခြားငွေနှင့် ရောင်းချသည့်ပွဲများကို ၁၉၆၄ ခုနှစ်ကတည်းကစပြီး ကျင်းပခဲ့ရာ ယခုအကြိမ်နှင့် ဆိုပါက (၉၅) ကြိမ်မြောက် ရှိခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ယခုပွဲတွင် ပြသရောင်းချမည့် ကျောက်မျက်တွဲများအနေဖြင့် နိုင်ငံပိုင်အတွဲ (၃၂၃) တွဲ၊ ပုဂ္ဂလိကကုမ္ပဏီ၊ သမအရောင်းဆိုင် ၁၅ ခုမှ (၁၃၃) တွဲ၊ အကျိုးတူကုမ္ပဏီ ၉ ခုမှ (၂၅) တွဲ စုစုပေါင်း ၄၈၁ တွဲ တင်ပြရောင်းချဖို့ စီစဉ်ထားရှိသလို ကျောက်စိမ်းတွဲများအနေနဲ့ နိုင်ငံပိုင်အတွဲ (၅၀)၊ ပုဂ္ဂလိကကုမ္ပဏီ သမအရောင်းဆိုင် ၁၅ ခုမှ (၅၅၄၀) တွဲ၊ အကျိုးတူကုမ္ပဏီ (၅၃) ခုမှနေပြီး (၂၂၂၁) တွဲ၊ စုစုပေါင်း (၇၈၁၁) တွဲ ခင်းကျင်းရောင်းချသွားရန် ရှိတယ်လို့လည်း သိရပါတယ်။

“ကျောက်စိမ်းတွဲတွေကို အခြေခံဈေး ယူရို ၅၀၀၀၊ ကျောက်စိမ်းအရိုင်းတွေကို အခြေခံဈေး ယူရို ၅၀၀၀ အထက် သတ်မှတ်ထားပြီး အချောထည်တွေကိုတော့ ယူရို ၁၀၀၀ အထက် သတ်မှတ်ထားပါတယ်။

ယခုပွဲမှာ ကျောက်စိမ်းအရိုင်းအနေနဲ့ အခြေခံဈေးအများဆုံး အတွဲက ယူရိုငါးသန်းတန် အတွဲတစ်တွဲ ပါရှိပါတယ်။ကျောက်မျက်အနေနဲ့ အခြေခံဈေး ယူရို ၅၀၀၀ နဲ့အထက် အတွဲများ သတ်မှတ်ထားပြီး၊ အများဆုံးအတွဲမှာ ယူရို သုံးသိန်းငါးသောင်းငါးထောင် အခြေခံဈေးထားသည့် အတွဲကတော့ ဈေးနှုန်းအမြင့်ဆုံး အတွဲဖြစ်ပါတယ်။” လို့ ကျောက်စိမ်းလုပ်ငန်းကော်မတီ ဥက္ကဌ ဦးမင်းသူ က ပြောကြားခဲ့ပါတယ်။

အဆိုပါ ကျောက်မျက်တွဲများကို ဒီကနေ့ စက်တင်ဘာ ၁၆ ရက်မှ စတင်၍ ၁၈ ရက်နေ့အထိ ကြည့်ရှုရက်အဖြစ် သတ်မှတ်ထားပြီး စက်တင်ဘာ ၁၉ ရက်နေ့မှာတော့ ဖွင့်ဖောက်ပြီး ရောင်းချသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယခုလ စက်တင်ဘာ ၂၀ ရက်မှ ၂၅ ရက်နေ့အထိ (၆) ရက်ကြာ တစ်ရက်လျှင် အတွဲ (၁၃၀၀) ဝန်းကျင်ခန့်ကိုလည်း နေ့စဉ်ရောင်းချသွားရန် စီစဉ်ထားရှိတယ်လို့ သိရပါတယ်။

PTG
နေပြည်တော်၊ စက်တင်ဘာ - ၁၆

( Zawgyi )

၂၀၁၉ ခုႏွစ္၊ ႏွစ္လည္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲ ဖြင့္ပြဲအခမ္းအနားကို ဒီကေန႔ စက္တင္ဘာ ၁၆ ရက္၊ နံနက္ပိုင္းအခ်ိန္က ေနျပည္ေတာ္ မဏိရတနာေက်ာက္စိမ္းခန္းမတြင္ ျပဳလုပ္ခဲ့ၿပီး ယင္းေက်ာက္မ်က္ရတနာျပပြဲတြင္ ေက်ာက္စိမ္းအတြဲ ၇၈၁၁ တြဲႏွင့္ ေက်ာက္မ်က္အတြဲ ၄၈၁ တြဲတို႔ကို ေရာင္းခ်သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ယခုက်င္းပတဲ့ ႏွစ္လည္ ျမန္မာ့ေက်ာက္မ်က္ရတနာပြဲသည္ ႏိုင္ငံျခားေငြႏွင့္ ေရာင္းခ်သည့္ပြဲျဖစ္ၿပီး ႏိုင္ငံျခားေငြႏွင့္ ေရာင္းခ်သည့္ပြဲမ်ားကို ၁၉၆၄ ခုႏွစ္ကတည္းကစၿပီး က်င္းပခဲ့ရာ ယခုအႀကိမ္ႏွင့္ ဆိုပါက (၉၅) ႀကိမ္ေျမာက္ ရွိခဲ့ၿပီျဖစ္တယ္လို႔ ဆိုပါတယ္။

ယခုပြဲတြင္ ျပသေရာင္းခ်မည့္ ေက်ာက္မ်က္တြဲမ်ားအေနျဖင့္ ႏိုင္ငံပိုင္အတြဲ (၃၂၃) တြဲ၊ ပုဂၢလိကကုမၸဏီ၊ သမအေရာင္းဆိုင္ ၁၅ ခုမွ (၁၃၃) တြဲ၊ အက်ိဳးတူကုမၸဏီ ၉ ခုမွ (၂၅) တြဲ စုစုေပါင္း ၄၈၁ တြဲ တင္ျပေရာင္းခ်ဖို႔ စီစဥ္ထားရွိသလို ေက်ာက္စိမ္းတြဲမ်ားအေနနဲ႔ ႏိုင္ငံပိုင္အတြဲ (၅၀)၊ ပုဂၢလိကကုမၸဏီ သမအေရာင္းဆိုင္ ၁၅ ခုမွ (၅၅၄၀) တြဲ၊ အက်ိဳးတူကုမၸဏီ (၅၃) ခုမွေနၿပီး (၂၂၂၁) တြဲ၊ စုစုေပါင္း (၇၈၁၁) တြဲ ခင္းက်င္းေရာင္းခ်သြားရန္ ရွိတယ္လို႔လည္း သိရပါတယ္။

“ေက်ာက္စိမ္းတြဲေတြကို အေျခခံေဈး ယူ႐ို ၅၀၀၀၊ ေက်ာက္စိမ္းအ႐ိုင္းေတြကို အေျခခံေဈး ယူ႐ို ၅၀၀၀ အထက္ သတ္မွတ္ထားၿပီး အေခ်ာထည္ေတြကိုေတာ့ ယူ႐ို ၁၀၀၀ အထက္ သတ္မွတ္ထားပါတယ္။

ယခုပြဲမွာ ေက်ာက္စိမ္းအ႐ိုင္းအေနနဲ႔ အေျခခံေဈးအမ်ားဆုံး အတြဲက ယူ႐ိုငါးသန္းတန္ အတြဲတစ္တြဲ ပါရွိပါတယ္။ေက်ာက္မ်က္အေနနဲ႔ အေျခခံေဈး ယူ႐ို ၅၀၀၀ နဲ႔အထက္ အတြဲမ်ား သတ္မွတ္ထားၿပီး၊ အမ်ားဆုံးအတြဲမွာ ယူ႐ို သုံးသိန္းငါးေသာင္းငါးေထာင္ အေျခခံေဈးထားသည့္ အတြဲကေတာ့ ေဈးႏႈန္းအျမင့္ဆုံး အတြဲျဖစ္ပါတယ္။” လို႔ ေက်ာက္စိမ္းလုပ္ငန္းေကာ္မတီ ဥကၠဌ ဦးမင္းသူ က ေျပာၾကားခဲ့ပါတယ္။

အဆိုပါ ေက်ာက္မ်က္တြဲမ်ားကို ဒီကေန႔ စက္တင္ဘာ ၁၆ ရက္မွ စတင္၍ ၁၈ ရက္ေန႔အထိ ၾကည့္ရႈရက္အျဖစ္ သတ္မွတ္ထားၿပီး စက္တင္ဘာ ၁၉ ရက္ေန႔မွာေတာ့ ဖြင့္ေဖာက္ၿပီး ေရာင္းခ်သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ယခုလ စက္တင္ဘာ ၂၀ ရက္မွ ၂၅ ရက္ေန႔အထိ (၆) ရက္ၾကာ တစ္ရက္လွ်င္ အတြဲ (၁၃၀၀) ဝန္းက်င္ခန႔္ကိုလည္း ေန႔စဥ္ေရာင္းခ်သြားရန္ စီစဥ္ထားရွိတယ္လို႔ သိရပါတယ္။

PTG
ေနျပည္ေတာ္၊ စက္တင္ဘာ - ၁၆