နှစ်သစ်ကူး အပန်းဖြေမည့်သူ များခြင်းကြောင့် ချောင်းသာ၊ ငွေဆောင် ကမ်းခြေဟိုတယ်တစ်ချို့ ဈေးနှစ်ဆလောက် မြင့်တက်

နှစ်သစ်ကူး အပန်းဖြေမည့်သူ များခြင်းကြောင့် ချောင်းသာ၊ ငွေဆောင် ကမ်းခြေဟိုတယ်တစ်ချို့ ဈေးနှစ်ဆလောက် မြင့်တက်

လာမယ့် ၂၀၁၈ အကုန် ၂၀၁၉ အပြောင်း နှစ်သစ်ကူးကာလမှာ အပန်းဖြေလည်ပတ်မယ့်သူတွေ များပြားနေတာကြောင့် ချောင်းသာ၊ ငွေဆောင် ကမ်းခြေတွေက ဟိုတယ်တစ်ချို့မှာ ဈေးနှစ်ဆလောက် မြင့်တက်တဲ့ အခြေအနေမျိုး ဖြစ်လာတယ်လို့ အပန်းဖြေခရီးသွားဖို့ ပြင်ဆင်နေသူတွေဆီက သိရပါတယ်။

“Booking လုပ်ဖို့ မေးကြည့်တော့ အခုရက်ထဲလာရင် နဂိုဈေးပဲလို့ ပြောပါတယ်၊ ဒီဇင်ဘာ ၂၂ ရက်နောက်ပိုင်း ဈေးပြောင်းထားကြတယ်၊ အခန်းခတွေကလည်း လက်ရှိထက် နှစ်ဆလောက်တောင် ဖြစ်နေတယ်၊ ချောင်းသာ၊ ငွေဆောင် New Year အတွက် အတူတူပဲ၊ ဈေးတွေပြောင်းထားတယ်၊ ဟိုတယ်တွေ တော်တော်များများကို Booking လုပ်ဖို့အတွက် ကျွန်မ ဖုန်းဆက်ကြည့်တာပါ” လို့လည်း ကမ်းခြေအပန်းဖြေခရီး စီစဉ်နေတဲ့ ဒေါ်ခင်မြင့်ဌေး က ပြောပြပါတယ်။

လက်ရှိကာလမှာ ငွေကျပ် ၃၅၀၀၀ လောက် ပေးရတဲ့ နှစ်ယောက်ခန်း တစ်ခန်းဟာ အဲ့ဒီ နှစ်သစ်ကူးကာလအတွက် Booking လုပ်ပါက ကျပ် ၇၅၀၀၀ လောက် ကျသင့်နေပြီး မိသားစုတည်းနိုင်တဲ့ ကျပ် ၆၀၀၀၀ လောက်တန် အခန်းမှာ အဲ့ဒီကာလထဲ ကျပ် ၁၄၀၀၀၀ ဖြစ်နေတယ်လို့ Booking လုပ်ဖို့ စုံစမ်းသူတွေက ပြောကြပါတယ်။

အဲ့ဒီလို ဈေးပြောင်းလဲတာကို ဒီဇင်ဘာ ၂၂ ရက်ကနေ ဇန်နဝါရီ ၅ ရက်အထိ ၁၅ ရက်ဝန်းကျင်လောက် ပြောင်းလဲသတ်မှတ်ထားကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အခု ၂၀၁၈ ခုနှစ်ရဲ့ နှစ်သစ်ကူး အစိုးရရုံးပိတ်ရက်ဟာ စနေ၊ တနင်္ဂနွေရက်တွေနဲ့ ဆက်တိုက်ဖြစ်နေတာကြောင့် ခရီးသွားဖို့ ပြင်ဆင်နေသူတွေလည်း အများအပြားရှိနေပြီး ကမ်းခြေခရီးတွေအတွက် ပြင်ဆင်နေသူတွေလည်း များပြားတဲ့အခြေအနေမျိုး ဖြစ်ပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၂၀

( Zawgyi )

လာမယ့္ ၂၀၁၈ အကုန္ ၂၀၁၉ အေျပာင္း ႏွစ္သစ္ကူးကာလမွာ အပန္းေျဖလည္ပတ္မယ့္သူေတြ မ်ားျပားေနတာေၾကာင့္ ေခ်ာင္းသာ၊ ေငြေဆာင္ ကမ္းေျခေတြက ဟိုတယ္တစ္ခ်ိဳ႕မွာ ေဈးႏွစ္ဆေလာက္ ျမင့္တက္တဲ့ အေျခအေနမ်ိဳး ျဖစ္လာတယ္လို႔ အပန္းေျဖခရီးသြားဖို႔ ျပင္ဆင္ေနသူေတြဆီက သိရပါတယ္။

“Booking လုပ္ဖို႔ ေမးၾကည့္ေတာ့ အခုရက္ထဲလာရင္ နဂိုေဈးပဲလို႔ ေျပာပါတယ္၊ ဒီဇင္ဘာ ၂၂ ရက္ေနာက္ပိုင္း ေဈးေျပာင္းထားၾကတယ္၊ အခန္းခေတြကလည္း လက္ရွိထက္ ႏွစ္ဆေလာက္ေတာင္ ျဖစ္ေနတယ္၊ ေခ်ာင္းသာ၊ ေငြေဆာင္ New Year အတြက္ အတူတူပဲ၊ ေဈးေတြေျပာင္းထားတယ္၊ ဟိုတယ္ေတြ ေတာ္ေတာ္မ်ားမ်ားကို Booking လုပ္ဖို႔အတြက္ ကြၽန္မ ဖုန္းဆက္ၾကည့္တာပါ” လို႔လည္း ကမ္းေျခအပန္းေျဖခရီး စီစဥ္ေနတဲ့ ေဒၚခင္ျမင့္ေဌး က ေျပာျပပါတယ္။

လက္ရွိကာလမွာ ေငြက်ပ္ ၃၅၀၀၀ ေလာက္ ေပးရတဲ့ ႏွစ္ေယာက္ခန္း တစ္ခန္းဟာ အဲ့ဒီ ႏွစ္သစ္ကူးကာလအတြက္ Booking လုပ္ပါက က်ပ္ ၇၅၀၀၀ ေလာက္ က်သင့္ေနၿပီး မိသားစုတည္းႏိုင္တဲ့ က်ပ္ ၆၀၀၀၀ ေလာက္တန္ အခန္းမွာ အဲ့ဒီကာလထဲ က်ပ္ ၁၄၀၀၀၀ ျဖစ္ေနတယ္လို႔ Booking လုပ္ဖို႔ စုံစမ္းသူေတြက ေျပာၾကပါတယ္။

အဲ့ဒီလို ေဈးေျပာင္းလဲတာကို ဒီဇင္ဘာ ၂၂ ရက္ကေန ဇန္နဝါရီ ၅ ရက္အထိ ၁၅ ရက္ဝန္းက်င္ေလာက္ ေျပာင္းလဲသတ္မွတ္ထားၾကတာ ျဖစ္တယ္လို႔ သိရပါတယ္။

အခု ၂၀၁၈ ခုႏွစ္ရဲ႕ ႏွစ္သစ္ကူး အစိုးရ႐ုံးပိတ္ရက္ဟာ စေန၊ တနဂၤေႏြရက္ေတြနဲ႔ ဆက္တိုက္ျဖစ္ေနတာေၾကာင့္ ခရီးသြားဖို႔ ျပင္ဆင္ေနသူေတြလည္း အမ်ားအျပားရွိေနၿပီး ကမ္းေျခခရီးေတြအတြက္ ျပင္ဆင္ေနသူေတြလည္း မ်ားျပားတဲ့အေျခအေနမ်ိဳး ျဖစ္ပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၂၀