ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှု ယခုဘဏ္ဍာနှစ်သစ် ပထမလအတွင်း ကန်ဒေါ်လာ နှစ်ဘီလျံကျော် ရှိခဲ့

ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှု ယခုဘဏ္ဍာနှစ်သစ် ပထမလအတွင်း ကန်ဒေါ်လာ နှစ်ဘီလျံကျော် ရှိခဲ့

ကုန်သွယ်ရေးဦးစီးဌာနက နိုဝင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် ကာလတူ ပုံမှန်/နယ်စပ် ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုပမာဏ အခြေအနေစာရင်းအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်သစ် ပထမလအတွင်း ကုန်သွယ်ရာတွင် ကန်ဒေါ်လာ ၃၁၉၇ ဒသမ ၉၃၂ သန်းရှိခဲ့ရာ ပင်လယ် ရေကြောင်းမှ နိုင်ငံတကာနှင့် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော် ရှိခဲ့ကြောင်း သိရပါတယ်။

ယခုဘဏ္ဍာနှစ် အောက်တိုဘာလမှ နိုဝင်ဘာ ၁ ရက်အထိ တစ်လတာကာလအတွင်း ပြည်ပနိုင်ငံများနှင့် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်ရာတွင် ပြည်ပသို့ ပို့ကုန် အမေရိကန်ဒေါ်လာ ၉၆၅ ဒသမ ၉၉၆ သန်း တင်ပို့ခဲ့ကာ ပြည်ပမှ အမေရိကန်ဒေါ်လာ ၁၃၅၀ ဒသမ ၅၀၅ သန်း ပမာဏရှိသည့် ကုန်ပစ္စည်းများ ပြန်လည်တင်သွင်းခဲ့ပါတယ်။

အဆိုပါစာရင်းအချက်အလက်များအရ တစ်လတာကာလအတွင်း ပင်လယ်ရေကြောင်းမှ ကုန်သွယ်ရာတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၃၁၆ ဒသမ ၅၀၁ သန်းဖိုး ကုန်သွယ်ခဲ့နိုင်ခဲ့ပြီး ကုန်သွယ်ရေးလိုငွေ အမေရိကန်ဒေါ်လာ ၃၈၄ ဒသမ ၅၀၉ သန်း ဖြစ်ပေါ်ခဲ့ပါတယ်။

ယခုဘဏ္ဍာနှစ်သစ် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှုကို ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၂၂၅ ဒသမ ၅၆၄ သန်း တိုးတက်လာခဲ့ကြောင်း သိရပါတယ်။

စီးပွား/ကူးသန်း ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကာလတူအလိုက် ပုံမှန်/နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုပမာဏ အခြေအနေစာရင်းဇယားအရ ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း  နယ်စပ်နှင့် ပင်လယ်ရေကြောင်းမှ ကုန်သွယ်သည့်ပမာဏမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၆၉၁၉ ဒသမ ၉၂၅ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၈၀၅၉ ဒသမ ၉၃၈ သန်း၊ စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃၄၉၇၉ ဒသမ ၈၆၃ သန်းဖိုး ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ နိုဝင်ဘာ - ၁၆

( Zawgyi )

ကုန္သြယ္ေရးဦးစီးဌာနက ႏိုဝင္ဘာလအတြင္း ထုတ္ျပန္ခဲ့သည့္ ကာလတူ ပုံမွန္/နယ္စပ္ ပို႔ကုန္၊ သြင္းကုန္၊ ကုန္သြယ္မႈပမာဏ အေျခအေနစာရင္းအရ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္သစ္ ပထမလအတြင္း ကုန္သြယ္ရာတြင္ ကန္ေဒၚလာ ၃၁၉၇ ဒသမ ၉၃၂ သန္းရွိခဲ့ရာ ပင္လယ္ ေရေၾကာင္းမွ ႏိုင္ငံတကာႏွင့္ ကုန္သြယ္မႈပမာဏမွာ အေမရိကန္ေဒၚလာ ၂ ဘီလ်ံေက်ာ္ ရွိခဲ့ေၾကာင္း သိရပါတယ္။

ယခုဘ႑ာႏွစ္ ေအာက္တိုဘာလမွ ႏိုဝင္ဘာ ၁ ရက္အထိ တစ္လတာကာလအတြင္း ျပည္ပႏိုင္ငံမ်ားႏွင့္ ပင္လယ္ေရေၾကာင္းမွတစ္ဆင့္ ကုန္သြယ္ရာတြင္ ျပည္ပသို႔ ပို႔ကုန္ အေမရိကန္ေဒၚလာ ၉၆၅ ဒသမ ၉၉၆ သန္း တင္ပို႔ခဲ့ကာ ျပည္ပမွ အေမရိကန္ေဒၚလာ ၁၃၅၀ ဒသမ ၅၀၅ သန္း ပမာဏရွိသည့္ ကုန္ပစၥည္းမ်ား ျပန္လည္တင္သြင္းခဲ့ပါတယ္။

အဆိုပါစာရင္းအခ်က္အလက္မ်ားအရ တစ္လတာကာလအတြင္း ပင္လယ္ေရေၾကာင္းမွ ကုန္သြယ္ရာတြင္ စုစုေပါင္း အေမရိကန္ေဒၚလာ ၂၃၁၆ ဒသမ ၅၀၁ သန္းဖိုး ကုန္သြယ္ခဲ့ႏိုင္ခဲ့ၿပီး ကုန္သြယ္ေရးလိုေငြ အေမရိကန္ေဒၚလာ ၃၈၄ ဒသမ ၅၀၉ သန္း ျဖစ္ေပၚခဲ့ပါတယ္။

ယခုဘ႑ာႏွစ္သစ္ ပင္လယ္ေရေၾကာင္းမွတစ္ဆင့္ ကုန္သြယ္မႈကို ယခင္ဘ႑ာႏွစ္ ကာလတူႏွင့္ ႏႈိင္းယွဥ္ပါက ကန္ေဒၚလာ ၂၂၅ ဒသမ ၅၆၄ သန္း တိုးတက္လာခဲ့ေၾကာင္း သိရပါတယ္။

စီးပြား/ကူးသန္း ဝန္ႀကီးဌာနက ထုတ္ျပန္သည့္ ကာလတူအလိုက္ ပုံမွန္/နယ္စပ္ (ႏိုင္ငံအလိုက္) ပို႔ကုန္၊ သြင္းကုန္၊ ကုန္သြယ္မႈပမာဏ အေျခအေနစာရင္းဇယားအရ ၿပီးခဲ့သည့္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္အတြင္း  နယ္စပ္ႏွင့္ ပင္လယ္ေရေၾကာင္းမွ ကုန္သြယ္သည့္ပမာဏမွာ ပို႔ကုန္ အေမရိကန္ေဒၚလာ ၁၆၉၁၉ ဒသမ ၉၂၅ သန္းႏွင့္ သြင္းကုန္ အေမရိကန္ေဒၚလာ သန္းေပါင္း ၁၈၀၅၉ ဒသမ ၉၃၈ သန္း၊ စုစုေပါင္းကုန္သြယ္မႈ အေမရိကန္ေဒၚလာ ၃၄၉၇၉ ဒသမ ၈၆၃ သန္းဖိုး ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ ႏိုဝင္ဘာ - ၁၆