ပရဆေးပင်များ၏အာနိသင်နှင့် ခေတ်မီ နည်းပညာများ ပေါင်းစပ်ကာ နိုင်ငံတကာသို့ ထိုးဖောက်ရန် နိုင်ငံတော် သမ္မတတိုက်တွန်း

ပရဆေးပင်များ၏အာနိသင်နှင့် ခေတ်မီ နည်းပညာများ ပေါင်းစပ်ကာ နိုင်ငံတကာသို့ ထိုးဖောက်ရန်  နိုင်ငံတော် သမ္မတတိုက်တွန်း

ပရဆေးပင်များ၏ အစွမ်းထက်သည့် အာနိသင်တို့အား ခေတ်မီ နည်းပညာများနှင့် စံချိန်စံညွှန်များ ဖော်ထုတ် ကာ နိုင်ငံတကာသို့ ထိုးဖောက်နိုင်ရေးအတွက် ဝိုင်းဝန်းအားထုတ်ကြရန်လိုအပ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပသည့် အကြိမ် ၂၀ မြောက် မြန်မာတိုင်းရင်းဆေးသမားတော်များညီလာခံ နှင့် နှီးနှော ဖလှယ်ပွဲသို့ နိုင်ငံတော်သမ္မတ  ဦးဝင်းမြင့် မှ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

“ အနှစ်သာရ ပြည့်ဝသော တိုင်းရင်းဆေးပညာသဘောတရားများနှင့် လူတို့ဖန်တီးအပ်သော နည်းပညာများကို မမှီခိုဘဲ ပေါက်ရောက်နေသည့် သဘာဝအရင်းအမြစ် ပရဆေပင်များ၏ ပင်ကိုယ်အစွမ်းထက်သည့် အာနိသင် တို့အား ခေတ်မီနည်းပညာများနှင့်  စံချိန်စံညွှန်းများဖော်ထုတ်ကာ နိုင်ငံတကာသို့ ထိုးဖောက် နိုင်ရေးအတွက် ဝိုင်းဝန်းအားထုတ်ကြရန်လိုအပ် “ တယ်လို့ သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ပါတယ်။

မြန်မာတိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်စေရန် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးသည် အရေးကြီး သည့် ကဏ္ဍတစ်ခုဖြစ်သောကြောင့် အရည်အသွေးပြည့်ဝသော မျိုးဆက်သစ် တိုင်းရင်းဆေးပညာရှင်များကို ပြည်တွင်း ပြည်ပ သင်တန်းများ အလုပ်ရုံဆွေးနွေးပွဲများသို့ ပိုမိုစေလွှတ်လျှက် ရှိကြောင်း၊မြန်မာဆေးကောင်စီ  ဥပဒေကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြဌာန်းနိုင် ခဲ့ကြောင်း၊ တိုင်း ရင်းဆေးမှတ်တိုင်များစာအုပ်ကို လည်း ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း ထုတ်ဝေ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကျင်းပလျှက်ရှိသည့် အကြိမ် ၂၀ မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှော ဖလှယ် ပွဲကြီးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊တိုင်းရင်ဆေးပညာဦးစီးဌာန မှ တာဝန်ရှိသူများ၊ တိုင်းရင်း ဆေးကောင်စီ ၊ တိုင်းရင်ဆေးပညာဆိုင်ရာအကြံပေးအဖွဲ့ ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ အသင်း၊ မြန်မာ နိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ၊နိုင်ငံတစ်နံ တစ်လျားမှ တိုင်း ရင်းဆေးပညာရှင်များ တွေ့ကြုံခိုက်တွင် ချစ်ခင်ရင်းနှီးစွာဖြင့် မြန်မာတိုင်းရင်ဆေးဖွံ့ဖြိုးတိုးတက်မှု အရှိန်ကို မြှင့်တင်၍ ပြည်သူလူထု၏ ကျန်းမာရေးအား ပိုမိုတိုးမြှင့် စောင့်ရှောက်ပေးနိုင် ကြစေရန်အတွက် တစ်တပ် တစ်အား ဆောင်ရွက်နိုင်ကြစေရန် ဆန္ဒပြု သဝဏ်ပေးပို့ခဲ့ခြင်းဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
MINISTRY OF HEALTH AND SPORTS

(  Zawgyi  )

 ပရေဆးပင္မ်ား၏ အစြမ္းထက္သည့္ အာနိသင္တို႔အား ေခတ္မီ နည္းပညာမ်ားႏွင့္ စံခ်ိန္စံၫႊန္မ်ား ေဖာ္ထုတ္ ကာ ႏိုင္ငံတကာသို႔ ထိုးေဖာက္ႏိုင္ေရးအတြက္ ဝိုင္းဝန္းအားထုတ္ၾကရန္လိုအပ္ေၾကာင္း ယေန႔ ဒီဇင္ဘာလ ၁၂ ရက္ေန႔တြင္ က်င္းပသည့္ အႀကိမ္ ၂၀ ေျမာက္ ျမန္မာတိုင္းရင္းေဆးသမားေတာ္မ်ားညီလာခံ ႏွင့္ ႏွီးေႏွာ ဖလွယ္ပြဲသို႔ ႏိုင္ငံေတာ္သမၼတ  ဦးဝင္းျမင့္ မွ သဝဏ္လႊာေပးပို႔ခဲ့ပါတယ္။

“ အႏွစ္သာရ ျပည့္ဝေသာ တိုင္းရင္းေဆးပညာသေဘာတရားမ်ားႏွင့္ လူတို႔ဖန္တီးအပ္ေသာ နည္းပညာမ်ားကို မမွီခိုဘဲ ေပါက္ေရာက္ေနသည့္ သဘာဝအရင္းအျမစ္ ပရေဆပင္မ်ား၏ ပင္ကိုယ္အစြမ္းထက္သည့္ အာနိသင္ တို႔အား ေခတ္မီနည္းပညာမ်ားႏွင့္  စံခ်ိန္စံၫႊန္းမ်ားေဖာ္ထုတ္ကာ ႏိုင္ငံတကာသို႔ ထိုးေဖာက္ ႏိုင္ေရးအတြက္ ဝိုင္းဝန္းအားထုတ္ၾကရန္လိုအပ္ “ တယ္လို႔ သဝဏ္လႊာေပးပို႔ခဲ့ျခင္းျဖစ္ပါတယ္။

ျမန္မာတိုင္းရင္းေဆးပညာ ဖြံ႕ၿဖိဳးတိုးတက္ၿပီး ကမာၻႏွင့္ ရင္ေဘာင္တန္းႏိုင္ေစရန္ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳး တိုးတက္ေရးသည္ အေရးႀကီး သည့္ က႑တစ္ခုျဖစ္ေသာေၾကာင့္ အရည္အေသြးျပည့္ဝေသာ မ်ိဳးဆက္သစ္ တိုင္းရင္းေဆးပညာရွင္မ်ားကို ျပည္တြင္း ျပည္ပ သင္တန္းမ်ား အလုပ္႐ုံေဆြးေႏြးပြဲမ်ားသို႔ ပိုမိုေစလႊတ္လွ်က္ ရွိေၾကာင္း၊ျမန္မာေဆးေကာင္စီ  ဥပေဒကို ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၂၅ ရက္ေန႔တြင္ ျပဌာန္းႏိုင္ ခဲ့ေၾကာင္း၊ တိုင္း ရင္းေဆးမွတ္တိုင္မ်ားစာအုပ္ကို လည္း ၂၀၁၉ ခုႏွစ္ ၾသဂုတ္လအတြင္း ထုတ္ေဝ ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

က်င္းပလွ်က္ရွိသည့္ အႀကိမ္ ၂၀ ေျမာက္ ျမန္မာ့ တိုင္းရင္းေဆးသမားေတာ္မ်ား ညီလာခံႏွင့္ ႏွီးေႏွာ ဖလွယ္ ပြဲႀကီးတြင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ဌာန၊တိုင္းရင္ေဆးပညာဦးစီးဌာန မွ တာဝန္ရွိသူမ်ား၊ တိုင္းရင္း ေဆးေကာင္စီ ၊ တိုင္းရင္ေဆးပညာဆိုင္ရာအႀကံေပးအဖြဲ႕ ၊ ျမန္မာႏိုင္ငံတိုင္းရင္းေဆးဆရာ အသင္း၊ ျမန္မာ ႏိုင္ငံတိုင္းရင္းေဆးဝါး ထုတ္လုပ္သူမ်ားႏွင့္ ေဆးပစၥည္းလုပ္ငန္းရွင္မ်ားအသင္း ၊ႏိုင္ငံတစ္နံ တစ္လ်ားမွ တိုင္း ရင္းေဆးပညာရွင္မ်ား ေတြ႕ႀကဳံခိုက္တြင္ ခ်စ္ခင္ရင္းႏွီးစြာျဖင့္ ျမန္မာတိုင္းရင္ေဆးဖြံ႕ၿဖိဳးတိုးတက္မႈ အရွိန္ကို ျမႇင့္တင္၍ ျပည္သူလူထု၏ က်န္းမာေရးအား ပိုမိုတိုးျမႇင့္ ေစာင့္ေရွာက္ေပးႏိုင္ ၾကေစရန္အတြက္ တစ္တပ္ တစ္အား ေဆာင္႐ြက္ႏိုင္ၾကေစရန္ ဆႏၵျပဳ သဝဏ္ေပးပို႔ခဲ့ျခင္းျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဒီဇင္ဘာ ၁၂
MINISTRY OF HEALTH AND SPORTS