ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကိုးလအတွင်း ကန်ဒေါ်လာ ၂၁ ဘီလျံဖိုး ကုန်သွယ်ခဲ့

ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကိုးလအတွင်း ကန်ဒေါ်လာ ၂၁ ဘီလျံဖိုး ကုန်သွယ်ခဲ့

ကုန်သွယ်ရေးဦးစီးဌာန သြဂုတ်လ ပထမအပတ်အတွင်း ထုတ်ပြန်ခဲ့တဲ့ ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ကုန်သွယ်မှု အခြေအနေ စာရင်းအချက်အလက်များအရ ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကန်ဒေါ်လာ ၂၁ ဘီလျံကျော် ကုန်သွယ်နိုင်ခဲ့ကာ ကိုးလတာ ကုန်သွယ်မှုစုစုပေါင်း၏ ရာခိုင်နူန်း ၈၀ ကျော် ဖြစ်ကြောင်း သိရပါတယ်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ကိုးလတာအတွင်း ပုဂ္ဂလိကပိုင်ကဏ္ဍမှ ပို့ကုန် ကန်ဒေါ်လာ ၈၉၂၇ ဒသမ ၈၁၆ သန်း တင်ပို့ခဲ့ရာမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၆၄၁၇ ဒသမ ၇၃၇ သန်းနှင့် နယ်စပ်မှ ၂၅၁၀ ဒသမ ၀၇၉ သန်း ပါဝင်ခဲ့ပြီး သွင်းကုန် ကန်ဒေါ်လာ ၁၂၈၆၇  ဒသမ ၄၇၅ သန်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁၀၆၉၄ ဒသမ ၆၅၇ သန်းနှင့် နယ်စပ်မှ ကန်ဒေါ်လာ ၂၁၇၂ ဒသမ ၈၁၈ သန်းဖိုး ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ဇွန်လအတွင်း ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကုန်သွယ်ရာတွင် နှစ်ဘီလျံကျော် (၂၄၀၃ ဒသမ ၀၅ သန်း) ကုန်သွယ်ခဲ့ပြီး ပို့ကုန်တွင် ကန်ဒေါ်လာ ၉၅၈ ဒသမ ၂၂၃ သန်းနှင့် သွင်းကုန်တွင် ပုဂ္ဂလိကကဏ္ဍမှ ကန်ဒေါ်လာ ၁၄၄၄ ဒသမ ၈၂၇ သန်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ဘဏ္ဍာနှစ် ကိုးလတာအတွင်း ပုဂ္ဂလိကပိုင်ကဏ္ဍ ကုန်သွယ်မှုကို ပြန်ကြည့်ပါက ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁၇၁၁၂ ဒသမ ၃၉၄ သန်းနှင့် နယ်စပ်မှ ကန်ဒေါ်လာ ၄၆၈၂ ဒသမ ၈၉၇ သန်း ကုန်သွယ်နိုင်ခဲ့တာကို တွေ့ရပါတယ်။

ဘဏ္ဍာနှစ်အလိုက် ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကုန်သွယ်ရာတွင်  ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၆၇၃ ဒသမ ၄၉၆ သန်း၊၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁၉၆၀ ဒသမ ၀၆၁ သန်း၊ ၂၀၁၃-၂၀၁၄ဘ ဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၀၇၅ ဒသမ ၈၄၈ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉၁၈၇ ဒသမ ၇၃၀ သန်း၊၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉၇၆၂ ဒသမ ၅၈၃ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၄၃၈၅ ဒသမ ၅၄၉ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၂၇၂၄၃  ဒသမ ၉၃၅ သန်းနှင့် ၂၀၁၈ ကာလတိုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅၇၀၉ ဒသမ ၈၆၆ သန်း ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။    

PWA
ရန်ကုန်၊ သြဂုတ် - ၁၄

( Zawgyi )

ကုန္သြယ္ေရးဦးစီးဌာန ၾသဂုတ္လ ပထမအပတ္အတြင္း ထုတ္ျပန္ခဲ့တဲ့ ဘ႑ာႏွစ္အလိုက္ ပုံမွန္/နယ္စပ္ ႏိုင္ငံပိုင္၊ ပုဂၢလိကပိုင္ ကုန္သြယ္မႈ အေျခအေန စာရင္းအခ်က္အလက္မ်ားအရ ပုဂၢလိကပိုင္က႑မွ ကန္ေဒၚလာ ၂၁ ဘီလ်ံေက်ာ္ ကုန္သြယ္ႏိုင္ခဲ့ကာ ကိုးလတာ ကုန္သြယ္မႈစုစုေပါင္း၏ ရာခိုင္ႏူန္း ၈၀ ေက်ာ္ ျဖစ္ေၾကာင္း သိရပါတယ္။

၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္ ကိုးလတာအတြင္း ပုဂၢလိကပိုင္က႑မွ ပို႔ကုန္ ကန္ေဒၚလာ ၈၉၂၇ ဒသမ ၈၁၆ သန္း တင္ပို႔ခဲ့ရာမွာ ပင္လယ္ေရေၾကာင္းမွ ကန္ေဒၚလာ ၆၄၁၇ ဒသမ ၇၃၇ သန္းႏွင့္ နယ္စပ္မွ ၂၅၁၀ ဒသမ ၀၇၉ သန္း ပါဝင္ခဲ့ၿပီး သြင္းကုန္ ကန္ေဒၚလာ ၁၂၈၆၇  ဒသမ ၄၇၅ သန္း ပင္လယ္ေရေၾကာင္းမွ ကန္ေဒၚလာ ၁၀၆၉၄ ဒသမ ၆၅၇ သန္းႏွင့္ နယ္စပ္မွ ကန္ေဒၚလာ ၂၁၇၂ ဒသမ ၈၁၈ သန္းဖိုး ပါဝင္ခဲ့ေၾကာင္း သိရပါတယ္။

ဇြန္လအတြင္း ပုဂၢလိကပိုင္က႑မွ ကုန္သြယ္ရာတြင္ ႏွစ္ဘီလ်ံေက်ာ္ (၂၄၀၃ ဒသမ ၀၅ သန္း) ကုန္သြယ္ခဲ့ၿပီး ပို႔ကုန္တြင္ ကန္ေဒၚလာ ၉၅၈ ဒသမ ၂၂၃ သန္းႏွင့္ သြင္းကုန္တြင္ ပုဂၢလိကက႑မွ ကန္ေဒၚလာ ၁၄၄၄ ဒသမ ၈၂၇ သန္း တင္သြင္းခဲ့တယ္လို႔ သိရပါတယ္။

ဘ႑ာႏွစ္ ကိုးလတာအတြင္း ပုဂၢလိကပိုင္က႑ ကုန္သြယ္မႈကို ျပန္ၾကည့္ပါက ပင္လယ္ေရေၾကာင္းမွ ကန္ေဒၚလာ ၁၇၁၁၂ ဒသမ ၃၉၄ သန္းႏွင့္ နယ္စပ္မွ ကန္ေဒၚလာ ၄၆၈၂ ဒသမ ၈၉၇ သန္း ကုန္သြယ္ႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။

ဘ႑ာႏွစ္အလိုက္ ပုဂၢလိကပိုင္က႑မွ ကုန္သြယ္ရာတြင္  ၂၀၁၁-၂၀၁၂ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၀၆၇၃ ဒသမ ၄၉၆ သန္း၊၂၀၁၂ -၂၀၁၃ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၁၉၆၀ ဒသမ ၀၆၁ သန္း၊ ၂၀၁၃-၂၀၁၄ဘ ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၆၀၇၅ ဒသမ ၈၄၈ သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၉၁၈၇ ဒသမ ၇၃၀ သန္း၊၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၉၇၆၂ ဒသမ ၅၈၃ သန္း၊ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၂၄၃၈၅ ဒသမ ၅၄၉ သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၂၇၂၄၃  ဒသမ ၉၃၅ သန္းႏွင့္ ၂၀၁၈ ကာလတိုဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၅၇၀၉ ဒသမ ၈၆၆ သန္း ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။    

PWA
ရန္ကုန္၊ ၾသဂုတ္ - ၁၄