ပုဂ္ဂလိကသူနာပြုကျောင်း (၄) ကျောင်းကို မကြာမီကာလအတွင်း ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေဟု ဆို

ပုဂ္ဂလိကသူနာပြုကျောင်း (၄) ကျောင်းကို မကြာမီကာလအတွင်း ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေဟု ဆို

ပုဂ္ဂလိကသူနာပြုကျောင်း (၄) ကျောင်းကို မကြာမီကာလအတွင်း ဖွင့်လှစ်သွားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောကြားလိုက်ပါတယ်။

ပြည်တွင်းမှာဖွင့်လှစ်မည့် ထိုပုဂ္ဂလိကသူနာပြုသင်တန်းကျောင်းများသည် ပြည်ပနိုင်ငံများနှင့် ဖက်စပ်ဆောင်ရွက်ခြင်းဖြစ်သဖြင့် မိမိတို့ဝန်ကြီးဌာနဘက်က ဆရာ၊ ဆရာမများကလည်း အချိန်ပိုင်းသွားရောက် သင်ကြားနိုင်မည်ဖြစ်သဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမှာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောပါတယ်။

အဆိုပါပြောကြားမှုကို စက်တင်ဘာ ၁၅ ရက်နေ့က ရန်ကုန်မြို့ရှိ သူနာပြုတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ပထမအကြိမ် နှစ်ပတ်လည်အအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့တာပါ။

“ဝန်ကြီးဌာနရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ အဓိကကျတဲ့ အင်အားစုကြီး(၃) ခုဖြစ်တဲ့ ဆရာဝန်များ၊ သူနာပြုများနဲ့ အခြေခံကျန်းမာရေးဝန်ထမ်းများအနက် သူနာပြုဆရာမများဟာ အရေးကြီးသော အင်အားစုကြီးတစ်ခု ဖြစ်ပါတယ်။မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီသည် ဤကဲ့သို့ အရေးကြီးသော သူနာပြုနှင့် သားဖွားဆရာမများ၏ အရည်အသွေးမြင့်မားရေး၊ ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ရေးတို့အတွက် ထိန်းသိမ်းကြီးကြပ်ပေးနေရသော အလွန်အရေးကြီးတဲ့ အဖွဲ့အစည်းကြီးတစ်ခု ဖြစ်ပါတယ်။မကြာမီမှာလည်း ပုဂ္ဂလိကသူနာပြုကျောင်း (၄) ကျောင်းကို ဖွင့်လှစ်နိုင်ရေးအတွက် ဝန်ကြီးဌာနမှ ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။
ထိုပုဂ္ဂလိကကျောင်းတွေဟာ ပြည်ပနိုင်ငံတွေနဲ့ ဖက်စပ်ဆောင်ရွက်ခြင်း ဖြစ်တဲ့အတွက် မိမိတို့ဝန်ကြီးဌာနဘက်က ဆရာ၊ ဆရာမများကလည်း အချိန်ပိုင်းသွားရောက် သင်ကြားနိုင်မှာဖြစ်ပါတယ်။နှစ်ဦးနှစ်ဖက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောကြားခဲ့ပါတယ်။

 

ထို့အတူ ပြည်ထောင်စုဝန်ကြီးက သူနာပြုနှင့် သားဖွားဆရာမများအားလုံး တစ်ဦးနှင့် တစ်ဦး အပြန်အလှန်လေးစားမှုဖြင့် အသင်းအဖွဲ့စိတ်ဓါတ်ဖြင့် ညီညီညွတ်ညွတ် ဆောင်ရွက်လျှင် သူနာပြုနှင့် သားဖွားဆရာမများ၏ပုံရိပ် ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအား အရည်အသွေးပြည့်ဝပြီး ကျင့်ဝတ်နှင့်ညီသော ပြုစုစောင့်ရှောက်မှုပေးနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် တစ်သင်းတစ်ဖွဲ့တည်း သဘောထား၍ ကြိုးစားဆောင်ရွက်စေလိုကြောင်းကိုလည်း တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။

အဆိုပါ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ပထမအကြိမ် နှစ်ပတ်လည်အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ဗဟိုကောင်စီဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊ စက်တင်ဘာ - ၁၆
ဓါတ်ပုံ - ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန

( Zawgyi )

ပုဂၢလိကသူနာျပဳေက်ာင္း (၄) ေက်ာင္းကို မၾကာမီကာလအတြင္း ဖြင့္လွစ္သြားႏိုင္ေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိတယ္လို႔ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး က ေျပာၾကားလိုက္ပါတယ္။

ျပည္တြင္းမွာဖြင့္လွစ္မည့္ ထိုပုဂၢလိကသူနာျပဳသင္တန္းေက်ာင္းမ်ားသည္ ျပည္ပႏိုင္ငံမ်ားႏွင့္ ဖက္စပ္ေဆာင္႐ြက္ျခင္းျဖစ္သျဖင့္ မိမိတို႔ဝန္ႀကီးဌာနဘက္က ဆရာ၊ ဆရာမမ်ားကလည္း အခ်ိန္ပိုင္းသြားေရာက္ သင္ၾကားႏိုင္မည္ျဖစ္သျဖင့္ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးရွိေစမွာျဖစ္တယ္လို႔လည္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး က ေျပာပါတယ္။

အဆိုပါေျပာၾကားမႈကို စက္တင္ဘာ ၁၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ သူနာျပဳတကၠသိုလ္မွာ ျပဳလုပ္ခဲ့တဲ့ ျမန္မာႏိုင္ငံ သူနာျပဳႏွင့္ သားဖြားေကာင္စီ ပထမအႀကိမ္ ႏွစ္ပတ္လည္အအစည္းအေဝးမွာ ျပည္ေထာင္စုဝန္ႀကီးက အထက္ပါအတိုင္း ေျပာၾကားခဲ့တာပါ။

“ဝန္ႀကီးဌာနရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းေတြကို ေဆာင္႐ြက္ရာမွာ အဓိကက်တဲ့ အင္အားစုႀကီး(၃) ခုျဖစ္တဲ့ ဆရာဝန္မ်ား၊ သူနာျပဳမ်ားနဲ႔ အေျခခံက်န္းမာေရးဝန္ထမ္းမ်ားအနက္ သူနာျပဳဆရာမမ်ားဟာ အေရးႀကီးေသာ အင္အားစုႀကီးတစ္ခု ျဖစ္ပါတယ္။ျမန္မာႏိုင္ငံ သူနာျပဳႏွင့္ သားဖြားေကာင္စီသည္ ဤကဲ့သို႔ အေရးႀကီးေသာ သူနာျပဳႏွင့္ သားဖြားဆရာမမ်ား၏ အရည္အေသြးျမင့္မားေရး၊ က်င့္ဝတ္ႏွင့္အညီ ေဆာင္႐ြက္ေရးတို႔အတြက္ ထိန္းသိမ္းႀကီးၾကပ္ေပးေနရေသာ အလြန္အေရးႀကီးတဲ့ အဖြဲ႕အစည္းႀကီးတစ္ခု ျဖစ္ပါတယ္။မၾကာမီမွာလည္း ပုဂၢလိကသူနာျပဳေက်ာင္း (၄) ေက်ာင္းကို ဖြင့္လွစ္ႏိုင္ေရးအတြက္ ဝန္ႀကီးဌာနမွ ႀကိဳးစားေဆာင္႐ြက္လ်က္ ရွိပါတယ္။
ထိုပုဂၢလိကေက်ာင္းေတြဟာ ျပည္ပႏိုင္ငံေတြနဲ႔ ဖက္စပ္ေဆာင္႐ြက္ျခင္း ျဖစ္တဲ့အတြက္ မိမိတို႔ဝန္ႀကီးဌာနဘက္က ဆရာ၊ ဆရာမမ်ားကလည္း အခ်ိန္ပိုင္းသြားေရာက္ သင္ၾကားႏိုင္မွာျဖစ္ပါတယ္။ႏွစ္ဦးႏွစ္ဖက္ အက်ိဳးရွိေစမွာ ျဖစ္ပါတယ္။” လို႔ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး က ေျပာၾကားခဲ့ပါတယ္။

ထို႔အတူ ျပည္ေထာင္စုဝန္ႀကီးက သူနာျပဳႏွင့္ သားဖြားဆရာမမ်ားအားလုံး တစ္ဦးႏွင့္ တစ္ဦး အျပန္အလွန္ေလးစားမႈျဖင့္ အသင္းအဖြဲ႕စိတ္ဓါတ္ျဖင့္ ညီညီၫြတ္ၫြတ္ ေဆာင္႐ြက္လွ်င္ သူနာျပဳႏွင့္ သားဖြားဆရာမမ်ား၏ပုံရိပ္ ပိုမိုျမင့္မားလာမည္ျဖစ္ေၾကာင္း၊ ျပည္သူလူထုအား အရည္အေသြးျပည့္ဝၿပီး က်င့္ဝတ္ႏွင့္ညီေသာ ျပဳစုေစာင့္ေရွာက္မႈေပးႏိုင္ရန္ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနႏွင့္ တစ္သင္းတစ္ဖြဲ႕တည္း သေဘာထား၍ ႀကိဳးစားေဆာင္႐ြက္ေစလိုေၾကာင္းကိုလည္း တိုက္တြန္းေျပာၾကားခဲ့ပါေသးတယ္။

အဆိုပါ ျမန္မာႏိုင္ငံ သူနာျပဳႏွင့္ သားဖြားေကာင္စီ ပထမအႀကိမ္ ႏွစ္ပတ္လည္အစည္းအေဝးသို႔ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး၊ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးမ်ား၊ ျမန္မာႏိုင္ငံ သူနာျပဳႏွင့္ သားဖြားေကာင္စီ ဗဟိုေကာင္စီဝင္မ်ားႏွင့္ ဌာနဆိုင္ရာမ်ား တက္ေရာက္ခဲ့ၾကတယ္လို႔ သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ စက္တင္ဘာ - ၁၆
ဓါတ္ပုံ - က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန