ပေါက်ဖော်ရင်းနှီးမှုပိုမိုဖြစ်ထွန်း လာစေရန် တရုတ်- မြန်မာချစ်ကြည်ရေးယဉ်ကျေးမှုအနုပညာဖလှယ်ပွဲ မန္တလေးတွင်ကျင်းပ

ပေါက်ဖော်ရင်းနှီးမှုပိုမိုဖြစ်ထွန်း လာစေရန် တရုတ်- မြန်မာချစ်ကြည်ရေးယဉ်ကျေးမှုအနုပညာဖလှယ်ပွဲ မန္တလေးတွင်ကျင်းပ

မြန်မာနဲ့တရုတ်ယဉ်ကျေးမှုအနုပညာဖလှယ်ရင်း နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ရင်းနှီးမှုပိုမိုဖြစ်ထွန်းလာ စေဖို့အတွက်ရည်ရွယ်တဲ့  တရုတ်မြန်မာ ချစ်ကြည် ရေးယဉ်ကျေးမှုအနုပညာဖလှယ်ပွဲကို နိုဝင်ဘာ ၃ ရက်နေ့ညက မန္တလေးမြို့ အမျိုးသားဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။မြန်မာဘက် က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တရုတ်ဘက်က မန္တလေးမြို့ရုံးစိုက်တရုတ်ကောင်စစ်ဝန်ရုံး တာဝန်ရှိသူတွေ တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ယဉ်ကျေးမှုနှင့်ခရီးသွားဌာနတာဝန်ရှိသူတွေကိုယ်တိုင် တက်ရောက်ချီးမြှင့်ကြတဲ့ဒီပွဲမှာ တရုတ်ဘက်က တက်ဟုန်းပြည် နယ်ခွဲ တိုင်းရင်းသားရိုးရာ အနုပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ယဉ်ကျေးမှုအဖွဲ့၊ မြန်မာဘက်က မန္တလေးမြို့အခြေစိုက် ရှမ်း ချင်း ကရင် ကယန်း မွန် ရခိုင်တိုင်းရင်းသားလူမျိုးစုအဖွဲ့တို့က သီဆို ကပြဖျော်ဖြေမှု တွေနဲ့တင်ဆက်သွားခဲ့ကြတာပါ။

တရုတ်နဲ့မြန်မာနိုင်ငံဟာ တောတောင်ရေမြေချင်းထိစပ်နေပါတယ်၊ ချစ်ကြည်ရေးမှာလည်း ရှည်လျားတဲ့ သမိုင်းကြောင်း ရှိပါတယ်၊ ဒီနေ့ညဖျော်ဖြေပွဲ က တစ်ဆင့် ပြည်သူချင်းအပြန်အလှန်နားလည်မှုတိုးပွား လာလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ် လို့ မန္တလေးမြို့ရုံးစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ဒုတိယကောင်စစ်ဝန်ချုပ်မစ္စလီလီဝေ့ကပြောပါတယ်။

တရုတ်နိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံရှိတဲ့နိုင်ငံဖြစ်ပြီး ယမန်နေ့ညဖျော်ဖြေပွဲမှာတော့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကလူနည်းစု တိုင်းရင်းသားတွေရဲ့သီချင်းတွေနဲ့အကတွေကို တင်ဆက်ခဲ့တာဖြစ်ပါတယ်။ မြန်မာဘက်ကတော့ ရခိုင်တိုင်းရင်းသားရိုးရာအက၊ တိုင်ရှမ်း တိုင်းရင်းသား ရိုးရာအက၊ ဂျိန်းဖောတိုင်းရင်းသားတို့ရဲ့တူရိယာတေးသံသာ၊ တအာင်းတိုင်းရင်းသားရိုးရာအက၊ မွန်တိုင်းရင်းသားရိုးရာအက၊ ကရင်တိုင်းရင်းသားရိုးရာ အကအစရှိတဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသားတို့ရဲ့ရိုးရာယဉ်ကျေးမှုအတီးအမှုတ်အက အလှတွေနဲ့ဖျော်ဖြေ တင်ဆက်ခဲ့ကြတာပါ။

ဒီလိုပွဲတွေကနေ တရုတ်မြန်မာပေါက်ဖော်ချစ်ကြည်ရေးကို ခိုင်မာစေဖို့၊ နှစ်ဖက်ကိုယ်စားလှယ်ပူးပေါင်းမှုကို နက်ရှှိုင်းလာစေဖို့ ကျွန်တော်တို့က တက်ဟုန်းပြည်နယ်ခွဲ တိုင်းရင်းသားရိုးရာအနုပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့ ယဉ်ကျေးမှုအဖွဲ့ကိုခေါ်ဆောင်လာတာဖြစ်ပါတယ် မြန်မာနိုင်ငံကတိုင်းရင်းသားအနုပညာရှင်တွေနဲ့ပူးပေါင်းတင်ဆက်ဖျော်ဖြေသွားခြင်းအားဖြင့် နှစ်ဖက်ဖလှယ်သင်ယူမှုကိုမြှင့်တင်သွားနိုင်ဖို့၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပိုမိုနက်ရှိုင်းစွာဖလှယ်သွားနိုင်ဖို့မျှောင်လင့်ပြီး နှစ်နိုင်ငံပေါက်ဖော်ချစ်ကြည်ရေး အဆက်မပြတ်မြင့်တက် လာစေဖို့ အတွက် အထောက်အ ကူပြုစေမှာဖြစ်ပါတယ် လို့ တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ယဉ်ကျေးမှုနှင့်ခရီးသွားဌာန ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် မစ္စတာ ကျန်းဖူလွမ်ကပြောပါ တယ်။

တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲက မြန်မာနိုင်ငံ ရှမ်းပြည် ကချင်ပြည်နယ်တို့နဲ့နယ်နိမိတ်ချင်းထိစပ်နေတာဖြစ်ပြီး မူဆယ် နမ့်ခမ်း ပန်ဆိုင်း မုံးကိုး လွယ်ဂျယ်တို့နဲ့နယ်စပ်ချင်းထိစပ်နေတဲ့မြို့တွေလည်းရှိကြောင်း၊ တက်ဟုန်းပြည်နယ်ခွဲမှာ ရှမ်း ဂျိန်းဖော လီဆူး အားချန်း တအာင်း တိုင်းရင်းသားတွေ ရှိနေ ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်နေထိုင်ကြပြီး ယဉ်ကျေးမှုချင်းဆက်နွှယ်နေတာတွေ ကိုးကွယ်ယုံကြည်မှု တူညီခြင်းရှိနေတာတွေဟာ တရုတ် နဲ့မြန်မာနိုင်ငံတို့ရဲ့ထူးခြားမှုတွေဖြစ်တယ်လို့သိရပါတယ်။

KT
မန္တလေး၊နိုဝင်ဘာ ၄

( Zawgyi  )

 ျမန္မာနဲ႔တ႐ုတ္ယဥ္ေက်းမႈအႏုပညာဖလွယ္ရင္း ႏွစ္ႏိုင္ငံေဆြမ်ိဳးေပါက္ေဖာ္ရင္းႏွီးမႈပိုမိုျဖစ္ထြန္းလာ ေစဖို႔အတြက္ရည္႐ြယ္တဲ့  တ႐ုတ္ျမန္မာ ခ်စ္ၾကည္ ေရးယဥ္ေက်းမႈအႏုပညာဖလွယ္ပြဲကို ႏိုဝင္ဘာ ၃ ရက္ေန႔ညက မႏၲေလးၿမိဳ႕ အမ်ိဳးသားဇာတ္႐ုံမွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ျမန္မာဘက္ က မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕နဲ႔ တ႐ုတ္ဘက္က မႏၲေလးၿမိဳ႕႐ုံးစိုက္တ႐ုတ္ေကာင္စစ္ဝန္႐ုံး တာဝန္ရွိသူေတြ တ႐ုတ္ႏိုင္ငံ တက္ဟုန္းျပည္နယ္ခြဲ ယဥ္ေက်းမႈႏွင့္ခရီးသြားဌာနတာဝန္ရွိသူေတြကိုယ္တိုင္ တက္ေရာက္ခ်ီးျမႇင့္ၾကတဲ့ဒီပြဲမွာ တ႐ုတ္ဘက္က တက္ဟုန္းျပည္ နယ္ခြဲ တိုင္းရင္းသား႐ိုးရာ အႏုပညာရွင္ေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ယဥ္ေက်းမႈအဖြဲ႕၊ ျမန္မာဘက္က မႏၲေလးၿမိဳ႕အေျခစိုက္ ရွမ္း ခ်င္း ကရင္ ကယန္း မြန္ ရခိုင္တိုင္းရင္းသားလူမ်ိဳးစုအဖြဲ႕တို႔က သီဆို ကျပေဖ်ာ္ေျဖမႈ ေတြနဲ႔တင္ဆက္သြားခဲ့ၾကတာပါ။

တ႐ုတ္နဲ႔ျမန္မာႏိုင္ငံဟာ ေတာေတာင္ေရေျမခ်င္းထိစပ္ေနပါတယ္၊ ခ်စ္ၾကည္ေရးမွာလည္း ရွည္လ်ားတဲ့ သမိုင္းေၾကာင္း ရွိပါတယ္၊ ဒီေန႔ညေဖ်ာ္ေျဖပြဲ က တစ္ဆင့္ ျပည္သူခ်င္းအျပန္အလွန္နားလည္မႈတိုးပြား လာလိမ့္မယ္လို႔ ယုံၾကည္ေမွ်ာ္လင့္ပါတယ္ လို႔ မႏၲေလးၿမိဳ႕႐ုံးစိုက္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ေကာင္စစ္ဝန္ခ်ဳပ္႐ုံးမွ ဒုတိယေကာင္စစ္ဝန္ခ်ဳပ္မစၥလီလီေဝ့ကေျပာပါတယ္။

တ႐ုတ္ႏိုင္ငံဟာ တိုင္းရင္းသားလူမ်ိဳးေပါင္းစုံရွိတဲ့ႏိုင္ငံျဖစ္ၿပီး ယမန္ေန႔ညေဖ်ာ္ေျဖပြဲမွာေတာ့ တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းကလူနည္းစု တိုင္းရင္းသားေတြရဲ႕သီခ်င္းေတြနဲ႔အကေတြကို တင္ဆက္ခဲ့တာျဖစ္ပါတယ္။ ျမန္မာဘက္ကေတာ့ ရခိုင္တိုင္းရင္းသား႐ိုးရာအက၊ တိုင္ရွမ္း တိုင္းရင္းသား ႐ိုးရာအက၊ ဂ်ိန္းေဖာတိုင္းရင္းသားတို႔ရဲ႕တူရိယာေတးသံသာ၊ တအာင္းတိုင္းရင္းသား႐ိုးရာအက၊ မြန္တိုင္းရင္းသား႐ိုးရာအက၊ ကရင္တိုင္းရင္းသား႐ိုးရာ အကအစရွိတဲ့ ျပည္ေထာင္စုဖြားတိုင္းရင္းသားတို႔ရဲ႕႐ိုးရာယဥ္ေက်းမႈအတီးအမႈတ္အက အလွေတြနဲ႔ေဖ်ာ္ေျဖ တင္ဆက္ခဲ့ၾကတာပါ။

ဒီလိုပြဲေတြကေန တ႐ုတ္ျမန္မာေပါက္ေဖာ္ခ်စ္ၾကည္ေရးကို ခိုင္မာေစဖို႔၊ ႏွစ္ဖက္ကိုယ္စားလွယ္ပူးေပါင္းမႈကို နက္ရွႈိင္းလာေစဖို႔ ကြၽန္ေတာ္တို႔က တက္ဟုန္းျပည္နယ္ခြဲ တိုင္းရင္းသား႐ိုးရာအႏုပညာရွင္ေတြနဲ႔ဖြဲ႕စည္းထားတဲ့ ယဥ္ေက်းမႈအဖြဲ႕ကိုေခၚေဆာင္လာတာျဖစ္ပါတယ္ ျမန္မာႏိုင္ငံကတိုင္းရင္းသားအႏုပညာရွင္ေတြနဲ႔ပူးေပါင္းတင္ဆက္ေဖ်ာ္ေျဖသြားျခင္းအားျဖင့္ ႏွစ္ဖက္ဖလွယ္သင္ယူမႈကိုျမႇင့္တင္သြားႏိုင္ဖို႔၊ တိုင္းရင္းသား ႐ိုးရာယဥ္ေက်းမႈပိုမိုနက္ရႈိင္းစြာဖလွယ္သြားႏိုင္ဖို႔ေမွ်ာင္လင့္ၿပီး ႏွစ္ႏိုင္ငံေပါက္ေဖာ္ခ်စ္ၾကည္ေရး အဆက္မျပတ္ျမင့္တက္ လာေစဖို႔ အတြက္ အေထာက္အ ကူျပဳေစမွာျဖစ္ပါတယ္ လို႔ တ႐ုတ္ႏိုင္ငံ တက္ဟုန္းျပည္နယ္ခြဲ ယဥ္ေက်းမႈႏွင့္ခရီးသြားဌာန ယဥ္ေက်းမႈအဖြဲ႕ေခါင္းေဆာင္ မစၥတာ က်န္းဖူလြမ္ကေျပာပါ တယ္။

တ႐ုတ္ႏိုင္ငံ တက္ဟုန္းျပည္နယ္ခြဲက ျမန္မာႏိုင္ငံ ရွမ္းျပည္ ကခ်င္ျပည္နယ္တို႔နဲ႔နယ္နိမိတ္ခ်င္းထိစပ္ေနတာျဖစ္ၿပီး မူဆယ္ နမ့္ခမ္း ပန္ဆိုင္း မုံးကိုး လြယ္ဂ်ယ္တို႔နဲ႔နယ္စပ္ခ်င္းထိစပ္ေနတဲ့ၿမိဳ႕ေတြလည္းရွိေၾကာင္း၊ တက္ဟုန္းျပည္နယ္ခြဲမွာ ရွမ္း ဂ်ိန္းေဖာ လီဆူး အားခ်န္း တအာင္း တိုင္းရင္းသားေတြ ရွိေန ေၾကာင္း၊ ႏွစ္ႏိုင္ငံ နယ္စပ္ျဖတ္ေက်ာ္ေနထိုင္ၾကၿပီး ယဥ္ေက်းမႈခ်င္းဆက္ႏႊယ္ေနတာေတြ ကိုးကြယ္ယုံၾကည္မႈ တူညီျခင္းရွိေနတာေတြဟာ တ႐ုတ္ နဲ႔ျမန္မာႏိုင္ငံတို႔ရဲ႕ထူးျခားမႈေတြျဖစ္တယ္လို႔သိရပါတယ္။

KT
မႏၲေလး၊ႏိုဝင္ဘာ ၄