ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် တောင်ပြိုကျမှုကို ရှင်းလင်းစဉ် ရုပ်အလောင်း ၇ လောင်းထပ်မံတွေ့

ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် တောင်ပြိုကျမှုကို ရှင်းလင်းစဉ် ရုပ်အလောင်း ၇ လောင်းထပ်မံတွေ့

မွန်ပြည်နယ်၊ ပေါင်မြို့ ၊သဲဖြူကုန်းကျေးရွာမှာ တောင်ပြိုကျမှုကို ရှင်းလင်းမှုတွေလုပ်ဆောင်နေစဉ်မှာပဲ ဒီကနေ့ သြဂုတ်လ ၁ဝ ရက်နေ့၊ မနက် ၁ဝ နာရီ ၄၅ မိနစ်အချိန်မှာ ရုပ်အလောင်း ၇ လောင်းကို ထပ်မံတွေ့ရှိခဲ့တဲ့အတွက် တောင်ပြိုမှုကြောင့် သေဆုံးသူ အရေအတွက်က ၂၉ ဦးထိရှိလာပြီဖြစ်တယ်လို့ မြေပြင်မှာ ကယ်ဆယ်မှုတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

မော်လမြိုင် - ရန်ကုန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၈၄/၅နှင့် ၁၈၄/ ၆အကြား ပေါင်မြို့နယ်၊ မုတ္တမ သဲဖြူကုန်း ကျေးရွာအုပ်စု၊ မလတ်တောင် နံရံက သြဂုတ်လ ၉ ရက်၊ မနက် ၇ နာရီ၊ မိနစ် ၅ဝ ခန့်အချိန်မှာ ပြိုကျမှုဖြစ်ပွားခဲ့တာပါ။ဒီလို တောင်နံရံပြိုကျမှုကြောင့် နေအိမ် ၁၆ လုံးနဲ့ ခရီးသွားကားတွေနစ်မြုပ်ခဲ့တယ်လို့ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းကသူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

လက်ရှိမှာတော့ အဲ့ဒီနေရာမှာ မွန်ပြည်နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇ဝ ဦး၊ အရန်မီးသတ်တပ် ဖွဲ့ဝင် ၄ဝ ဦးနဲ့ ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃၅ ဦး၊ စုစုပေါင်း၁၄၅ ဦးတို့နဲ့ ရှာဖွေကယ်ဆယ်မှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

အလားတူ ဒီကနေ့ သြဂုတ်လ ၁ဝ ရက်နေ့၊ မနက် ၁ဝ နာရီ၊ ၅ မိနစ်ခန့်အချိန်မှာလည်း မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကလော့ကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကမ်းပါးယံပြိုကျမှု ထပ်မံဖြစ်ပွားခဲ့တဲ့အတွက် ချောင်းဆုံမြို့နယ်မီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်မှုတွေ သွားရောက်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ သြဂုတ် ၁ဝ
ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

(  Zawgyi  )

 မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕ ၊သဲျဖဴကုန္းေက်း႐ြာမွာ ေတာင္ၿပိဳက်မႈကို ရွင္းလင္းမႈေတြလုပ္ေဆာင္ေနစဥ္မွာပဲ ဒီကေန႔ ၾသဂုတ္လ ၁ဝ ရက္ေန႔၊ မနက္ ၁ဝ နာရီ ၄၅ မိနစ္အခ်ိန္မွာ ႐ုပ္အေလာင္း ၇ ေလာင္းကို ထပ္မံေတြ႕ရွိခဲ့တဲ့အတြက္ ေတာင္ၿပိဳမႈေၾကာင့္ ေသဆုံးသူ အေရအတြက္က ၂၉ ဦးထိရွိလာၿပီျဖစ္တယ္လို႔ ေျမျပင္မွာ ကယ္ဆယ္မႈေတြ လုပ္ေဆာင္ေနတဲ့ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွ သိရပါတယ္။

ေမာ္လၿမိဳင္ - ရန္ကုန္လမ္းမႀကီး မိုင္တိုင္အမွတ္ ၁၈၄/၅ႏွင့္ ၁၈၄/ ၆အၾကား ေပါင္ၿမိဳ႕နယ္၊ မုတၱမ သဲျဖဴကုန္း ေက်း႐ြာအုပ္စု၊ မလတ္ေတာင္ နံရံက ၾသဂုတ္လ ၉ ရက္၊ မနက္ ၇ နာရီ၊ မိနစ္ ၅ဝ ခန႔္အခ်ိန္မွာ ၿပိဳက်မႈျဖစ္ပြားခဲ့တာပါ။ဒီလို ေတာင္နံရံၿပိဳက်မႈေၾကာင့္ ေနအိမ္ ၁၆ လုံးနဲ႔ ခရီးသြားကားေတြနစ္ျမဳပ္ခဲ့တယ္လို႔ ေပါင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ မိကြန္ခ်မ္းကသူရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

လက္ရွိမွာေတာ့ အဲ့ဒီေနရာမွာ မြန္ျပည္နယ္မီးသတ္ဦးစီးဌာနမွ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္ ၇ဝ ဦး၊ အရန္မီးသတ္တပ္ ဖြဲ႕ဝင္ ၄ဝ ဦးနဲ႔ ကရင္ျပည္နယ္မီးသတ္ဦးစီးဌာနမွ ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္ ၃၅ ဦး၊ စုစုေပါင္း၁၄၅ ဦးတို႔နဲ႔ ရွာေဖြကယ္ဆယ္မႈေတြ ဆက္လက္ လုပ္ေဆာင္ေနပါတယ္။

အလားတူ ဒီကေန႔ ၾသဂုတ္လ ၁ဝ ရက္ေန႔၊ မနက္ ၁ဝ နာရီ၊ ၅ မိနစ္ခန႔္အခ်ိန္မွာလည္း မြန္ျပည္နယ္၊ ေခ်ာင္းဆုံၿမိဳ႕နယ္၊ ကေလာ့ေက်း႐ြာမွာ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေတာင္ကမ္းပါးယံၿပိဳက်မႈ ထပ္မံျဖစ္ပြားခဲ့တဲ့အတြက္ ေခ်ာင္းဆုံၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕က ရွာေဖြကယ္ဆယ္မႈေတြ သြားေရာက္လုပ္ေဆာင္ေနၿပီလို႔ သိရပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ၾသဂုတ္ ၁ဝ
ဓာတ္ပုံ- ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕