ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၂၃ ဦးအထိရှိလာ

ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၂၃ ဦးအထိရှိလာ

မွန်ပြည်နယ်၊ ပေါင်မြို့၊ သဲဖြူကုန်းကျေးရွာတွင် သြဂုတ်လ ၉ ရက် နံနက် ၇ နာရီ ၅၀ မိနစ်အချိန်ခန့်က မိုးသည်းထန်စွာရွာမှုကြောင့် တောင်ပြိုကျမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၂၃ ဦးအထိ ရှိလာခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မော်လမြိုင် - ရန်ကုန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၈၄/၅ နှင့် ၁၈၄/၆ အကြား ပေါင်မြို့နယ်၊ မုတ္တမ သဲဖြူကုန်း ကျေးရွာအုပ်စု၊ မလတ်တောင် ပြိုကျမှုဖြစ်ပွားခဲ့ရာ သြဂုတ်လ ၉ ရက် ည ၁၁ နာရီအထိ နောက်ဆုံးရစာရင်းများအရ သေဆုံးသူ ၂၃ ဦး ရှိခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်း က တောင်ပြိုကျမှုတွင် နေအိမ် ၁၆ လုံးနှင့် ခရီးသွားကားများ နစ်မြုပ်ခဲ့ကြောင်း၊ သြဂုတ်လ ၁၀ ရက် နံနက်ပိုင်းတွင် မိုးများ အဆက်မပြတ် ရွာသွန်းလျှက်ရှိပြီး တောင်ပြိုကျမှုများ ထပ်မံဖြစ်ပွားလာနိုင်သေးတယ်လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

“ဒီမနက် ၁၀.၈.၂၀၁၉ ရက်နေ့က သဲဖြူကုန်းရွာရဲ့ အခြေအနေပါ၊ မိုးကကောင်းနေဆဲ၊ မြေတူးဖော်တဲ့စက်နဲ့ ဖော်ထုတ်နေပါတယ်၊ နောက်ထပ် မြေပြိုကျလာနိုင်တဲ့ အန္တရာယ်ရှိနေပါသေးတယ်၊ မျက်မြင်သူတွေရဲ့ ပြောကြားချက်အရ ပြိုကျတဲ့အသံတောင် မထွက်ဘူး စက္ကန့်ပိုင်းအတွင်းမှာ ဖြစ်သွားတယ် ကားတွေကလည်း စက်ရပ်ထားတာ မဟုတ်ဘူး ရှေ့နားကရေကျော်နေလို့ တဖြည်းဖြည်းမောင်းနေတာတောင် ပြေးမခင်ဘူးလို့ ပြောပါတယ်၊ လမ်းဖြတ်သွားတဲ့သူ ဖြတ်လျှောက်သွားလို့ လှည့်ကြည့်လိုက်တာ မြေကြီးက အိမ်တွေကို တွန်းချသလိုလှိမ့်ဆင်းလာတယ် အိမ်ပေါ်မှာနေတဲ့သူက မြင်ပေမဲ့ ပြေးမခင်ဘူးလို့ ပြောပါတယ်” လို့ ရေးသားထားပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ပေါင်၊ သြဂုတ် - ၁၀
ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

( Zawgyi )

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕၊ သဲျဖဴကုန္းေက်း႐ြာတြင္ ၾသဂုတ္လ ၉ ရက္ နံနက္ ၇ နာရီ ၅၀ မိနစ္အခ်ိန္ခန႔္က မိုးသည္းထန္စြာ႐ြာမႈေၾကာင့္ ေတာင္ၿပိဳက်မႈျဖစ္ပြားခဲ့ရာ ေသဆုံးသူ ၂၃ ဦးအထိ ရွိလာခဲ့တယ္လို႔ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေမာ္လၿမိဳင္ - ရန္ကုန္လမ္းမႀကီး မိုင္တိုင္အမွတ္ ၁၈၄/၅ ႏွင့္ ၁၈၄/၆ အၾကား ေပါင္ၿမိဳ႕နယ္၊ မုတၱမ သဲျဖဴကုန္း ေက်း႐ြာအုပ္စု၊ မလတ္ေတာင္ ၿပိဳက်မႈျဖစ္ပြားခဲ့ရာ ၾသဂုတ္လ ၉ ရက္ ည ၁၁ နာရီအထိ ေနာက္ဆုံးရစာရင္းမ်ားအရ ေသဆုံးသူ ၂၃ ဦး ရွိခဲ့ၿပီျဖစ္တယ္လို႔ ဆိုပါတယ္။

ေပါင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ မိကြန္ခ်မ္း က ေတာင္ၿပိဳက်မႈတြင္ ေနအိမ္ ၁၆ လုံးႏွင့္ ခရီးသြားကားမ်ား နစ္ျမဳပ္ခဲ့ေၾကာင္း၊ ၾသဂုတ္လ ၁၀ ရက္ နံနက္ပိုင္းတြင္ မိုးမ်ား အဆက္မျပတ္ ႐ြာသြန္းလွ်က္ရွိၿပီး ေတာင္ၿပိဳက်မႈမ်ား ထပ္မံျဖစ္ပြားလာႏိုင္ေသးတယ္လို႔ သူ႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

“ဒီမနက္ ၁၀.၈.၂၀၁၉ ရက္ေန႔က သဲျဖဴကုန္း႐ြာရဲ႕ အေျခအေနပါ၊ မိုးကေကာင္းေနဆဲ၊ ေျမတူးေဖာ္တဲ့စက္နဲ႔ ေဖာ္ထုတ္ေနပါတယ္၊ ေနာက္ထပ္ ေျမၿပိဳက်လာႏိုင္တဲ့ အႏၲရာယ္ရွိေနပါေသးတယ္၊ မ်က္ျမင္သူေတြရဲ႕ ေျပာၾကားခ်က္အရ ၿပိဳက်တဲ့အသံေတာင္ မထြက္ဘူး စကၠန႔္ပိုင္းအတြင္းမွာ ျဖစ္သြားတယ္ ကားေတြကလည္း စက္ရပ္ထားတာ မဟုတ္ဘူး ေရွ႕နားကေရေက်ာ္ေနလို႔ တျဖည္းျဖည္းေမာင္းေနတာေတာင္ ေျပးမခင္ဘူးလို႔ ေျပာပါတယ္၊ လမ္းျဖတ္သြားတဲ့သူ ျဖတ္ေလွ်ာက္သြားလို႔ လွည့္ၾကည့္လိုက္တာ ေျမႀကီးက အိမ္ေတြကို တြန္းခ်သလိုလွိမ့္ဆင္းလာတယ္ အိမ္ေပၚမွာေနတဲ့သူက ျမင္ေပမဲ့ ေျပးမခင္ဘူးလို႔ ေျပာပါတယ္” လို႔ ေရးသားထားပါတယ္။

မင္းထြန္း(အုတ္က်င္း)
ေပါင္၊ ၾသဂုတ္ - ၁၀
ဓာတ္ပုံ - ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕