ပေါင်မြို့နယ် သဲဖြူကုန်းမြေပြိုမှု သေဆုံးသူ ၅၆ ဦးထိရှိလာ

ပေါင်မြို့နယ် သဲဖြူကုန်းမြေပြိုမှု သေဆုံးသူ ၅၆ ဦးထိရှိလာ

မွန်ပြည်နယ်၊ ပေါင်မြို့၊ သဲဖြူကုန်းကျေးရွာက တောင်ပြိုကျမှုနေရာကို ရှာဖွေရှင်းလင်းမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ဒီကနေ့ သြဂုတ်လ ၁၂ ရက်နေ့၊ မနက် ၁ဝ နာရီ ၅ မိနစ်အချိန်ထိ မြေပြိုကျမှုဖြစ်ပွားခဲ့တဲ့ နေရာအောက်ကနေ ရုပ်အလောင်း ၅၆ ဦးထိ တွေ့ရှိထားပြီဖြစ်တယ်လို့ မြေပြင်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

အဲ့ဒီ သဲဖြူကုန်းကျေးရွာက တောင်ပြိုကျမှုနေရာကို ရှာဖွေရှင်းလင်းမှုတွေ လုပ်ဆောင်နေတာက ဒီကနေ့ သြဂုတ်လ ၁၂ ရက်နေ့မှာဆိုရင် ၄ ရက်မြောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်၊ မနက် ၇ နာရီ မိနစ် ၅ဝ ခန့်အချိန်၊ မော်လမြိုင် - ရန်ကုန် လမ်းမကြီး မိုင်တိုင်အမှတ် ၁၈၄/၅ နှင့် ၁၈၄/ ၆ အကြား ပေါင်မြို့နယ်၊ မုတ္တမ သဲဖြူကုန်း ကျေးရွာအုပ်စု၊ မလတ်တောင်နံရံက  ပြိုကျမှုဖြစ်ပွားခဲ့တာပါ။ဒီလို တောင်နံရံပြိုကျမှုကြောင့် နေအိမ် ၁၆ လုံးနဲ့ ခရီးသွားကားတွေ နစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။

 

လက်ရှိမှာတော့ အဲ့ဒီနေရာမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နဲ့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့ဝင်တွေက နည်းပညာမြင့် ပစ္စည်းတွေ အသုံးပြုပြီး ရှာဖွေရှင်းလင်းမှုတွေ လုပ်ဆောင်နေသလို တပ်မတော်သားတွေ၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေကလည်း ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ သြဂုတ် - ၁၂
ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

( Zawgyi )

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕၊ သဲျဖဴကုန္းေက်း႐ြာက ေတာင္ၿပိဳက်မႈေနရာကို ရွာေဖြရွင္းလင္းမႈေတြ ဆက္လက္လုပ္ေဆာင္ေနၿပီး ဒီကေန႔ ၾသဂုတ္လ ၁၂ ရက္ေန႔၊ မနက္ ၁ဝ နာရီ ၅ မိနစ္အခ်ိန္ထိ ေျမၿပိဳက်မႈျဖစ္ပြားခဲ့တဲ့ ေနရာေအာက္ကေန ႐ုပ္အေလာင္း ၅၆ ဦးထိ ေတြ႕ရွိထားၿပီျဖစ္တယ္လို႔ ေျမျပင္ေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕မွ သိရပါတယ္။

အဲ့ဒီ သဲျဖဴကုန္းေက်း႐ြာက ေတာင္ၿပိဳက်မႈေနရာကို ရွာေဖြရွင္းလင္းမႈေတြ လုပ္ေဆာင္ေနတာက ဒီကေန႔ ၾသဂုတ္လ ၁၂ ရက္ေန႔မွာဆိုရင္ ၄ ရက္ေျမာက္ရွိခဲ့ၿပီ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၉ ရက္၊ မနက္ ၇ နာရီ မိနစ္ ၅ဝ ခန႔္အခ်ိန္၊ ေမာ္လၿမိဳင္ - ရန္ကုန္ လမ္းမႀကီး မိုင္တိုင္အမွတ္ ၁၈၄/၅ ႏွင့္ ၁၈၄/ ၆ အၾကား ေပါင္ၿမိဳ႕နယ္၊ မုတၱမ သဲျဖဴကုန္း ေက်း႐ြာအုပ္စု၊ မလတ္ေတာင္နံရံက  ၿပိဳက်မႈျဖစ္ပြားခဲ့တာပါ။ဒီလို ေတာင္နံရံၿပိဳက်မႈေၾကာင့္ ေနအိမ္ ၁၆ လုံးနဲ႔ ခရီးသြားကားေတြ နစ္ျမဳပ္ခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ အဲ့ဒီေနရာမွာ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္နဲ႔ ရန္ကုန္တိုင္းေဒသႀကီး မီးသတ္ဦးစီးမႉး႐ုံးမွ ရွာေဖြကယ္ဆယ္ေရး အထူးတပ္ဖြဲ႕ဝင္ေတြက နည္းပညာျမင့္ ပစၥည္းေတြ အသုံးျပဳၿပီး ရွာေဖြရွင္းလင္းမႈေတြ လုပ္ေဆာင္ေနသလို တပ္မေတာ္သားေတြ၊ ဌာနဆိုင္ရာအဖြဲ႕အစည္းေတြ၊ လူမႈကူညီေရးအသင္းအဖြဲ႕ေတြနဲ႔ ေဒသခံျပည္သူေတြကလည္း ပူးေပါင္းၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္ေနၾကပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ၾသဂုတ္ - ၁၂
ဓာတ္ပုံ - ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕