ပြင်သစ်နှင့် ကုန်သွယ်မှု ဩဂုတ်လကုန်အထိ အမေရိကန် ဒေါ်လာသန်း ၄၀၀ နီးပါးရှိလာ

ပြင်သစ်နှင့် ကုန်သွယ်မှု ဩဂုတ်လကုန်အထိ အမေရိကန် ဒေါ်လာသန်း ၄၀၀ နီးပါးရှိလာ

ကုန်သွယ်ရေးဦးစီးဌာနက အောက်တိုဘာ ဒုတိယအပတ်အတွင်း ထုတ်ပြန်ခဲ့သည့် ဘဏ္ဍာနှစ် အလိုက် ပုံမှန်/နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန်-သွင်းကုန်၊ ကုန်သွယ်မှုပမာဏအခြေအနေစာရင်းအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဆယ့်တစ်လတာကာလအတွင်း ပြင်သစ်နှင့်မြန်မာအကြားကုန်သွယ်မှု ပမာဏမှာ ကန်ဒေါ်လာ သန်းလေးရာနီးပါးရှိခဲ့ကာ ကုန်သွယ်မှုကာလတစ်လျှောက် အများဆုံးဖြစ်ကြောင်း သိရပါတယ်။     

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ၊ ဘဏ္ဍာနှစ်အလိုက် ပုံမှန်/ နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန်-သွင်းကုန်၊ ကုန်သွယ်မှုပမာဏအခြေအနေစာရင်းအရယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဆယ်တစ်လတာကာလဖြစ်သည့် အောက်တိုဘာ၊နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ၊ မတ်၊ဧပြီ၊မေ၊ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လအတွင်း မြန်မာဘက်မှ ပြင်သစ်သို့ ပို့ကုန် ကန် ဒေါ်လာ  ၁၇၄ ဒသမ ၆၃၆သန်း နှင့် သွင်းကုန် ကန်ဒေါ်လာ၂၁၈ ဒသမ ၃၉၄ သန်း တင်သွင်းခဲ့ ရာ စုစုပေါင်းကုန်သွယ်မှု ကန်ဒေါ် လာ၃၉၃ဒသမ၀၃၁ သန်းရှိခဲ့ပြီးကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ ၄၄ သန်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဩဂုတ်လအတွင်း ပြင်သစ်-မြန်မာကုန်သွယ်မှုကို ကြည့်ပါက ပြင်သစ်သို့ ကုန်ပစ္စည်း အမေရိကန် ဒေါ်လာ၁၃ ဒသမ၂၄၃ သန်းဖိုးတင်ပို့ခဲ့ကာ  ပြင်သစ်ဘက်မှ ကန်ဒေါ်လာ၂၇ ဒသမ၃၁၆သန်း ပြန်သွင်းခဲ့သဖြင့် လအတွင်းကုန်သွယ်မှုတန်ဖိုးမှာ ကန်ဒေါ် လာ၄၀ ဒသမ၅၆သန်းဖိုးကုန်သွယ်နိုင်ခဲ့ ကာ ကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ ၁၄ ဒသမ ၀၇၃ သန်းဖြစ်ပေါ်ခဲ့ပါတယ်။

ပြင်သစ်-မြန်မာကုန်သွယ်မှုတစ်လျှောက် ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်းကို ပြန်ကြည့်ပါက  ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃၆ ဒသမ ၁၄၈သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ် တွင် အမေရိကန် ဒေါ်လာ ၆၁ဒသမ၈၂၇ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၁၀ ဒသမ ၃၆၃သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၁၇၆ ဒသမ ၄၄၆သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၂၆၀ဒသမ ၈၈၁ သန်း၊ ၂၀၁၈ ကာလတို ဘတ်ဂျက်ကာလတွင် အမေရိကန် ဒေါ်လာ၂၂၉ ဒသမ ၂၇၂သန်း ထိကုန်သွယ် ခဲ့ကြောင်းသိရပါ တယ်။

PWA
Photo Credit:MOI
ရန်ကုန်၊အောက်တိုဘာ ၁၉

(  Zawgyi  )

 ကုန္သြယ္ေရးဦးစီးဌာနက ေအာက္တိုဘာ ဒုတိယအပတ္အတြင္း ထုတ္ျပန္ခဲ့သည့္ ဘ႑ာႏွစ္ အလိုက္ ပုံမွန္/နယ္စပ္ (ႏိုင္ငံအလိုက္) ပို႔ကုန္-သြင္းကုန္၊ ကုန္သြယ္မႈပမာဏအေျခအေနစာရင္းအရ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ ဆယ့္တစ္လတာကာလအတြင္း ျပင္သစ္ႏွင့္ျမန္မာအၾကားကုန္သြယ္မႈ ပမာဏမွာ ကန္ေဒၚလာ သန္းေလးရာနီးပါးရွိခဲ့ကာ ကုန္သြယ္မႈကာလတစ္ေလွ်ာက္ အမ်ားဆုံးျဖစ္ေၾကာင္း သိရပါတယ္။     

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာန ၊ ဘ႑ာႏွစ္အလိုက္ ပုံမွန္/ နယ္စပ္ (ႏိုင္ငံအလိုက္) ပို႔ကုန္-သြင္းကုန္၊ ကုန္သြယ္မႈပမာဏအေျခအေနစာရင္းအရယခု ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ ဆယ္တစ္လတာကာလျဖစ္သည့္ ေအာက္တိုဘာ၊ႏိုဝင္ဘာ၊ ဒီဇင္ဘာ၊ ဇန္နဝါရီ၊ ေဖေဖၚဝါရီ၊ မတ္၊ဧၿပီ၊ေမ၊ဇြန္၊ ဇူလိုင္ႏွင့္ ဩဂုတ္လအတြင္း ျမန္မာဘက္မွ ျပင္သစ္သို႔ ပို႔ကုန္ ကန္ ေဒၚလာ  ၁၇၄ ဒသမ ၆၃၆သန္း ႏွင့္ သြင္းကုန္ ကန္ေဒၚလာ၂၁၈ ဒသမ ၃၉၄ သန္း တင္သြင္းခဲ့ ရာ စုစုေပါင္းကုန္သြယ္မႈ ကန္ေဒၚ လာ၃၉၃ဒသမ၀၃၁ သန္းရွိခဲ့ၿပီးကုန္သြယ္ေရးလိုေငြ ကန္ေဒၚလာ ၄၄ သန္း ျဖစ္ေပၚခဲ့ပါတယ္။

ဩဂုတ္လအတြင္း ျပင္သစ္-ျမန္မာကုန္သြယ္မႈကို ၾကည့္ပါက ျပင္သစ္သို႔ ကုန္ပစၥည္း အေမရိကန္ ေဒၚလာ၁၃ ဒသမ၂၄၃ သန္းဖိုးတင္ပို႔ခဲ့ကာ  ျပင္သစ္ဘက္မွ ကန္ေဒၚလာ၂၇ ဒသမ၃၁၆သန္း ျပန္သြင္းခဲ့သျဖင့္ လအတြင္းကုန္သြယ္မႈတန္ဖိုးမွာ ကန္ေဒၚ လာ၄၀ ဒသမ၅၆သန္းဖိုးကုန္သြယ္ႏိုင္ခဲ့ ကာ ကုန္သြယ္ေရးလိုေငြ ကန္ေဒၚလာ ၁၄ ဒသမ ၀၇၃ သန္းျဖစ္ေပၚခဲ့ပါတယ္။

ျပင္သစ္-ျမန္မာကုန္သြယ္မႈတစ္ေလွ်ာက္ ၿပီးခဲ့သည့္ ၅ ႏွစ္တာကာလအတြင္းကို ျပန္ၾကည့္ပါက  ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၃၆ ဒသမ ၁၄၈သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္ တြင္ အေမရိကန္ ေဒၚလာ ၆၁ဒသမ၈၂၇ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၁၁၀ ဒသမ ၃၆၃သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ၁၇၆ ဒသမ ၄၄၆သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ၂၆၀ဒသမ ၈၈၁ သန္း၊ ၂၀၁၈ ကာလတို ဘတ္ဂ်က္ကာလတြင္ အေမရိကန္ ေဒၚလာ၂၂၉ ဒသမ ၂၇၂သန္း ထိကုန္သြယ္ ခဲ့ေၾကာင္းသိရပါ တယ္။

PWA
Photo Credit:MOI
ရန္ကုန္၊ေအာက္တိုဘာ ၁၉