ပြင်ဦးလွင် ကန်တော်ကြီး ရေခမ်းခြောက်မှုဖြစ်ပေါ်နေ သဘာဝရေထွက်များ ပျက်စီးခြင်းကြောင့်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်

ပြင်ဦးလွင် ကန်တော်ကြီး ရေခမ်းခြောက်မှုဖြစ်ပေါ်နေ သဘာဝရေထွက်များ ပျက်စီးခြင်းကြောင့်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်

ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဥ်ထဲမှာရှိတဲ့ ကန်တော်ကြီးရေကန်မှာ မြေအောက်ရေခမ်းခြောက်တာနဲ့ ရေဝင်ရေလွှဲနေရာတွေနည်းလာလို့ ရေခမ်းခြောက်မှုတွေဖြစ်နေပါတယ်။
 
နှစ်ပေါင်းလေးဆယ်အတွင်း ပထမဆုံးအကြိမ်ဖြစ်နေတာလို့သိရပြီး ဒါနဲ့ပတ်သက်လို့လည်း ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဇော်မင်းထွေး က အခုလိုပဲပြောပြပါတယ်။
 
"ကျွန်တော်တို့ငယ်ငယ်က တစ်ခါဖြစ်ဖူးတယ်။အခုက နှစ်ပေါင်းလေးဆယ်အတွင်းမှာ ပထမဆုံးဖြစ် တာပါ၊ ကန်တော်ကြီးရဲ့ပတ်လည်မှာ တောင်ကုန်းတွေရှိတယ်။အဲဒီမှာစိုက်ပျိုးရေးခြံတွေက ရေတွင်းတွေတူးကြရာကနေ ရေထွက်တွေပျက်စီးကုန်တာကနေ ကန်တော်ကြီးထဲကို ရေမရောက်ဘဲ ခမ်းခြောက်ကုန်တာပါ" လို့ ၎င်းကပြောပါတယ်။
 
ဒါ့အပြင် ကန်တော်ကြီးရဲ့အောက် ကန်တော်လေးရေဝင်ရောက်တဲ့ပမာဏ နည်းလာတာရယ်၊ မိုးရွာသွန်းမှုနည်းလာတာရယ်ကြောင့်လည်း အခုလိုရေခမ်းခြောက်မှုတွေဖြစ်လာတာဖြစ်တယ်လို့ ယခင် အစိုးရရုက္ခဗေဒဥယျာဥ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်ဝင်း က သုံးသပ်ပြောဆိုပါတယ်။
 
"ကျွန်တော်တို့လေ့လာတွေ့ရှိချက်အရဆိုရင် ရေဝင်ရေလဲတောတွေပျက်တာရယ် မိုးနည်းတာလည်းပါတာပေါ့။ကန်တော်ကြီးရဲ့အောက်က ကန်တော်လေးမှာ ရေမထိန်းနိုင်တာလည်း ရေခမ်းခြောက်တာဖြစ်စေပါတယ်။ကန်တော်လေးထဲမှာ ရေရှိနေမှ ကန်တော်ကြီးထဲမှာ ရေရှိမှာဖြစ်ပါတယ်။ကန်တော်လေးမှာ ရေစိုစိုစွတ်စွတ်မရှိတာဟာ ကန်တော်ကြီးရေခမ်းခြောက်မှု ဖြစ်စေပါတယ်" လို့ ၎င်းကဆိုပါတယ်။
 
လက်ရှိမှာတော့ ဧကကိုးဆယ်ကျော်ရှိတဲ့ ကန်ရေပြင်အကျယ်ဟာ ကမ်းစပ်တွေမှာ ရေခမ်းခြောက်မှု ဆိုးဆိုးရွားရွားတွေဖြစ်ပေါ်နေပြီး အခုလိုဖြစ်နေတာတွေအတွက် အားလုံးပူးပေါင်းပါဝင် လုပ်ဆောင်ကြဖို့လိုပါတယ်လို့ မန္တ‌ေလးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ဦးအောင်မင်း က ပြောပါတယ်။
 
 
"ရာသီဥတုကောင်းအောင် ကျွန်တော်တို့ဝိုင်းထိန်းရပါမယ်။အဓိက က သဘာဝပတ်ဝန်းကျင်တွေပျက်လာတယ် တောတောင်ရေမြေတွေဆုံးရှုံးလာတယ် ဒါတွေကို ကျွန်တော်တို့ဝိုင်းထိန်းသိမ်းပြီး ကာကွယ်သွားဖို့ပဲ အရေးကြီးတာပါ" လို့ ဦးအောင်မင်း က ပြောပါတယ်။
 
ကန်တော်ကြီး ရေခမ်းခြောက်မှုဖြစ်စဥ်ကြောင့် ကန်တော်လေး ရေဝင်နည်းလာပြီး အဲဒီရဲ့အကျိုးဆက်အဖြစ် ပြင်ဦးလွင်မြို့ အနိမ့်ပိုင်းကျေးရွာတွေဆီ ရေပို့ပေးတဲ့ ဂဲလောင်းချောင်း ရေမရောက်ခြင်း ဆက်ဖြစ်မှာဖြစ်ပြီး ဂဲလောင်းချောင်း ရေမရရင် အဲဒီကျေးရွာတွေမှာ စိုက်ပျိုးရေရဖို့ ခက်ခဲသွားမှာဖြစ်သလို ပွဲကောက်ရေတံခွန်၊ ပိတ်ချင်းမြောင် အစရှိတဲ့ရေတံခွန်ရေအိုင်တွေမှာလည်း ရေခမ်းခြောက်မှုတို့ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
 
KT
မန္တလေး၊ ဇန်နဝါရီ - ၁၃ 
 
( Zawgyi )
 
ျပင္ဦးလြင္ၿမိဳ႕ အမ်ိဳးသားကန္ေတာ္ႀကီးဥယ်ာဥ္ထဲမွာရွိတဲ့ ကန္ေတာ္ႀကီးေရကန္မွာ ေျမေအာက္ေရခမ္းေျခာက္တာနဲ႔ ေရဝင္ေရလႊဲေနရာေတြနည္းလာလို႔ ေရခမ္းေျခာက္မႈေတြျဖစ္ေနပါတယ္။
 
ႏွစ္ေပါင္းေလးဆယ္အတြင္း ပထမဆုံးအႀကိမ္ျဖစ္ေနတာလို႔သိရၿပီး ဒါနဲ႔ပတ္သက္လို႔လည္း ေဒသခံတစ္ဦးျဖစ္တဲ့ ကိုေဇာ္မင္းေထြး က အခုလိုပဲေျပာျပပါတယ္။
 
"ကြၽန္ေတာ္တို႔ငယ္ငယ္က တစ္ခါျဖစ္ဖူးတယ္။အခုက ႏွစ္ေပါင္းေလးဆယ္အတြင္းမွာ ပထမဆုံးျဖစ္ တာပါ၊ ကန္ေတာ္ႀကီးရဲ႕ပတ္လည္မွာ ေတာင္ကုန္းေတြရွိတယ္။အဲဒီမွာစိုက္ပ်ိဳးေရးၿခံေတြက ေရတြင္းေတြတူးၾကရာကေန ေရထြက္ေတြပ်က္စီးကုန္တာကေန ကန္ေတာ္ႀကီးထဲကို ေရမေရာက္ဘဲ ခမ္းေျခာက္ကုန္တာပါ" လို႔ ၎ကေျပာပါတယ္။
 
ဒါ့အျပင္ ကန္ေတာ္ႀကီးရဲ႕ေအာက္ ကန္ေတာ္ေလးေရဝင္ေရာက္တဲ့ပမာဏ နည္းလာတာရယ္၊ မိုး႐ြာသြန္းမႈနည္းလာတာရယ္ေၾကာင့္လည္း အခုလိုေရခမ္းေျခာက္မႈေတြျဖစ္လာတာျဖစ္တယ္လို႔ ယခင္ အစိုးရ႐ုကၡေဗဒဥယ်ာဥ္ အုပ္ခ်ဳပ္ေရးမႉးေဟာင္း ဦးေဇာ္ဝင္း က သုံးသပ္ေျပာဆိုပါတယ္။
 
"ကြၽန္ေတာ္တို႔ေလ့လာေတြ႕ရွိခ်က္အရဆိုရင္ ေရဝင္ေရလဲေတာေတြပ်က္တာရယ္ မိုးနည္းတာလည္းပါတာေပါ့။ကန္ေတာ္ႀကီးရဲ႕ေအာက္က ကန္ေတာ္ေလးမွာ ေရမထိန္းႏိုင္တာလည္း ေရခမ္းေျခာက္တာျဖစ္ေစပါတယ္။ကန္ေတာ္ေလးထဲမွာ ေရရွိေနမွ ကန္ေတာ္ႀကီးထဲမွာ ေရရွိမွာျဖစ္ပါတယ္။ကန္ေတာ္ေလးမွာ ေရစိုစိုစြတ္စြတ္မရွိတာဟာ ကန္ေတာ္ႀကီးေရခမ္းေျခာက္မႈ ျဖစ္ေစပါတယ္" လို႔ ၎ကဆိုပါတယ္။
 
လက္ရွိမွာေတာ့ ဧကကိုးဆယ္ေက်ာ္ရွိတဲ့ ကန္ေရျပင္အက်ယ္ဟာ ကမ္းစပ္ေတြမွာ ေရခမ္းေျခာက္မႈ ဆိုးဆိုး႐ြား႐ြားေတြျဖစ္ေပၚေနၿပီး အခုလိုျဖစ္ေနတာေတြအတြက္ အားလုံးပူးေပါင္းပါဝင္ လုပ္ေဆာင္ၾကဖို႔လိုပါတယ္လို႔ မႏၲ‌ေလးတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ျပင္ဦးလြင္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ ၁ မွ ဦးေအာင္မင္း က ေျပာပါတယ္။
 
"ရာသီဥတုေကာင္းေအာင္ ကြၽန္ေတာ္တို႔ဝိုင္းထိန္းရပါမယ္။အဓိက က သဘာဝပတ္ဝန္းက်င္ေတြပ်က္လာတယ္ ေတာေတာင္ေရေျမေတြဆုံးရႈံးလာတယ္ ဒါေတြကို ကြၽန္ေတာ္တို႔ဝိုင္းထိန္းသိမ္းၿပီး ကာကြယ္သြားဖို႔ပဲ အေရးႀကီးတာပါ" လို႔ ဦးေအာင္မင္း က ေျပာပါတယ္။
 
ကန္ေတာ္ႀကီး ေရခမ္းေျခာက္မႈျဖစ္စဥ္ေၾကာင့္ ကန္ေတာ္ေလး ေရဝင္နည္းလာၿပီး အဲဒီရဲ႕အက်ိဳးဆက္အျဖစ္ ျပင္ဦးလြင္ၿမိဳ႕ အနိမ့္ပိုင္းေက်း႐ြာေတြဆီ ေရပို႔ေပးတဲ့ ဂဲေလာင္းေခ်ာင္း ေရမေရာက္ျခင္း ဆက္ျဖစ္မွာျဖစ္ၿပီး ဂဲေလာင္းေခ်ာင္း ေရမရရင္ အဲဒီေက်း႐ြာေတြမွာ စိုက္ပ်ိဳးေရရဖို႔ ခက္ခဲသြားမွာျဖစ္သလို ပြဲေကာက္ေရတံခြန္၊ ပိတ္ခ်င္းေျမာင္ အစရွိတဲ့ေရတံခြန္ေရအိုင္ေတြမွာလည္း ေရခမ္းေျခာက္မႈတို႔ ျဖစ္လာႏိုင္တယ္လို႔ သိရပါတယ္။
 
KT
မႏၲေလး၊ ဇန္နဝါရီ - ၁၃