ပြည်တွင်းသို့ ဝက်သားပေါက် တင်သွင်းမှု ယာယီပိတ်ထား

ပြည်တွင်းသို့ ဝက်သားပေါက် တင်သွင်းမှု ယာယီပိတ်ထား

ပြည်ပမှ ဝက်သားပေါက်များ ပြည်တွင်းဈေးကွက်သို့ တင်သွင်းမှုကို အခုရက်ပိုင်းအတွင်း ယာယီပိတ်ထားလိုက်ကြောင်း ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများထံကနေ သိရပါတယ်။

“အိမ်နီးချင်း နိုင်ငံတွေမှာ ဝက်တုပ်ကွေး ဖြစ်တာကြောင့်လို့ ကြားရပါတယ်၊ အခုလထဲမှာ ပိတ်လိုက်တာပါ၊ ကျွန်တော်တို့ သိသလောက်တော့ ဒီဇင်ဘာ ပထမပတ်ထဲမှာ စပြီးပိတ်လိုက်တာ” လို့ ကြည့်မြင်တိုင်မြို့နယ်၊ လှိုင်မြစ်တစ်ဖက်ကမ်းက အေးရွာမှာ နေထိုင်တဲ့ ဝက်မွေးမြူရေးလုပ်ငန်းရှင် ကိုမြင့်စိုး က ပြောပြပါတယ်။

ထိုဝက်သားပေါက်တွေ သာမကဘဲ အေးခဲထားတဲ့ ဝက်သားတွေ၊ ဝက်အသားပြားတွေကိုလည်း တင်သွင်းခွင့် ပိတ်ထားတာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။

“ပိတ်ထားတာ ဟုတ်ပါတယ်၊ ဒါက ယာယီအနေဖြင့် ပြည်တွင်းကို သွင်းတာကို ပိတ်ထားတာပါ၊ ဘယ်နိုင်ငံမှ သွင်းလာသွင်းလာ မရပါဘူး၊ ပြန်ပြီးဖွင့်ပေးတဲ့အခါကျရင် အများသိအောင် ကြေညာပေးသွားမှာပါ” လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က ပြောပါတယ်။

အဲ့ဒီလို ပိတ်တာဟာ အိမ်နီးချင်းနိုင်ငံတစ်ခုမှာ အာဖရိက ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားနေတာကြောင့်လို့ သိရပြီး အခုလပထမပတ်ကတည်းက စတင်ကာ ယာယီပိတ်လိုက်တာ ဖြစ်ပါတယ်။

အခုလို ပိတ်ပင်ထားတဲ့ အကြောင်းကိုလည်း လုပ်ငန်းလုပ်ကိုင်တဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေ သိရှိစေဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနရှိ ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲမှာ တရားဝင် ထုတ်ပြန်ကြေညာတာတွေကို လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၁၁

( Zawgyi )

ျပည္ပမွ ဝက္သားေပါက္မ်ား ျပည္တြင္းေဈးကြက္သို႔ တင္သြင္းမႈကို အခုရက္ပိုင္းအတြင္း ယာယီပိတ္ထားလိုက္ေၾကာင္း ဝက္ေမြးျမဴေရးလုပ္ငန္း လုပ္ကိုင္သူမ်ားထံကေန သိရပါတယ္။

“အိမ္နီးခ်င္း ႏိုင္ငံေတြမွာ ဝက္တုပ္ေကြး ျဖစ္တာေၾကာင့္လို႔ ၾကားရပါတယ္၊ အခုလထဲမွာ ပိတ္လိုက္တာပါ၊ ကြၽန္ေတာ္တို႔ သိသေလာက္ေတာ့ ဒီဇင္ဘာ ပထမပတ္ထဲမွာ စၿပီးပိတ္လိုက္တာ” လို႔ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ လႈိင္ျမစ္တစ္ဖက္ကမ္းက ေအး႐ြာမွာ ေနထိုင္တဲ့ ဝက္ေမြးျမဴေရးလုပ္ငန္းရွင္ ကိုျမင့္စိုး က ေျပာျပပါတယ္။

ထိုဝက္သားေပါက္ေတြ သာမကဘဲ ေအးခဲထားတဲ့ ဝက္သားေတြ၊ ဝက္အသားျပားေတြကိုလည္း တင္သြင္းခြင့္ ပိတ္ထားတာ ျဖစ္တယ္လို႔ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနမွ သိရပါတယ္။

“ပိတ္ထားတာ ဟုတ္ပါတယ္၊ ဒါက ယာယီအေနျဖင့္ ျပည္တြင္းကို သြင္းတာကို ပိတ္ထားတာပါ၊ ဘယ္ႏိုင္ငံမွ သြင္းလာသြင္းလာ မရပါဘူး၊ ျပန္ၿပီးဖြင့္ေပးတဲ့အခါက်ရင္ အမ်ားသိေအာင္ ေၾကညာေပးသြားမွာပါ” လို႔ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနမွ လက္ေထာက္အတြင္းဝန္ ဦးခင္ေမာင္လြင္ က ေျပာပါတယ္။

အဲ့ဒီလို ပိတ္တာဟာ အိမ္နီးခ်င္းႏိုင္ငံတစ္ခုမွာ အာဖရိက ဝက္တုပ္ေကြးေရာဂါ ျဖစ္ပြားေနတာေၾကာင့္လို႔ သိရၿပီး အခုလပထမပတ္ကတည္းက စတင္ကာ ယာယီပိတ္လိုက္တာ ျဖစ္ပါတယ္။

အခုလို ပိတ္ပင္ထားတဲ့ အေၾကာင္းကိုလည္း လုပ္ငန္းလုပ္ကိုင္တဲ့ ေမြးျမဴေရးလုပ္ငန္းရွင္ေတြ သိရွိေစဖို႔ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာနရွိ ပို႔ကုန္သြင္းကုန္လုပ္ငန္းဌာနခြဲမွာ တရားဝင္ ထုတ္ျပန္ေၾကညာတာေတြကို လုပ္ေဆာင္ထားတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၁၁