ပြည်တွင်း၊ပြည်ပ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုတွေကို တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေး စွမ်းအားတွေနဲ့ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တ.စ.ညပါတီ တိုက်တွန်း

ပြည်တွင်း၊ပြည်ပ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုတွေကို တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေး စွမ်းအားတွေနဲ့ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တ.စ.ညပါတီ တိုက်တွန်း   

ပြည်တွင်း၊ပြည်ပ ရင်ဆိုင်နေရသည့့််စိန်ခေါ်မှုတွေကို တစ်မျိုးသားလုံးရဲ့ စည်းလုံးညီညွတ်ရေး စွမ်းအားတွေနဲ့ ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ ဒု - ဥက္ကဌ ဦးဟန်ရွှေက တိုက်တွန်းပြောကြား လိုက်ပါတယ်။ ယင်းကဲ့သို့ တိုက်တွန်းပြောဆိုမှုကို ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်၊နေ့လည်ပိုင်းအချိန်က ရန်ကုန်မြို့၊တက္ကသိုလ်ရိပ်သာလမ်းရှိ တ.စ.ည ပါတီဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနား အပြီး Opinion Leaders Media နှင့်သီးသန့်တွေ့ဆုံခဲ့ရာတွင် ပါတီ ဒု- ဥက္ကဌ က အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

 "အခုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပတုန်းက ပေးခဲ့တဲ့ Message ပါပဲ၊ဒီကနေ့ ပြည်တွင်း၊ပြည်ပ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အခွင့်အရေးအဖြစ်ပြောင်းလဲ ဆောင်ရွက်နိုင်ဖို့ဟာ ကျနော်တို့ရဲ့ ပြည်တွင်းအား တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တစ်မျိုးသားလုံး စည်းလုံး ညီညွတ်ရေး စွမ်းအားတွေနဲ့ အားလုံး  ဝိုင်းပြီးတော့ဆောင်ရွက်ပေးကြပါ။ တစ်ပါတီ၊ တစ်ဖွဲ့၊ တစ်ဩဇာ၊ တစ်အာဏာ အဃာတ မာန်မာနတွေဖယ်ယူကြပါ။ နိုင်ငံတော်အနေနဲ့ အတော်ကို နိုင်ငံတကာနယ်ပယ်မှာဝင်ဆံ့ရေးကို ကြိုးပမ်းဆောင်ရွက်ကြပါ။

အဲ့ဒါကြောင့်ညီညွတ် ရေးစွမ်းအားနဲ့ပဲဝိုင်းပြီးအကောင်အထည်ဖော်ဆောင်ရွက်ပေးကြပါလို့ ဒီ Message ကို ကျနော်တို့ပေးချင်ပါတယ်။" လို့ တ.စ.ညပါတီ ဒု - ဥက္ကဌ ဦးဟန်ရွှေက ပြောကြား ခဲ့တာပါ။   ဒီကနေ့ တ.စ.ည ပါတီ ဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပါတီ ဥက္ကဌဖြစ်သူ ဦးသန်းတင် ကသဝဏ်လွှာပေးပို့ခဲ့ပြီး အခမ်းအနားသို့ နိုင်ငံရေးပါတီများ၊နိုင်ငံတကာသံတမန်များ၊ပါတီဝင်များ အပါအဝင် ဖိတ်ကြားထားသော ဧည့်သည်တော်များက တက်ရောက် ခဲ့ကြပါတယ်။      

ပြေသိမ်း၊ဇေယျာမော်   
ရန်ကုန်၊ဖေဖော်ဝါရီ ၁၁

(  Zawgyi  )

 ျပည္တြင္း၊ျပည္ပ ရင္ဆိုင္ေနရသည့့္္စိန္ေခၚမႈေတြကို တစ္မ်ိဳးသားလုံးရဲ႕ စည္းလုံးညီၫြတ္ေရး စြမ္းအားေတြနဲ႔ ဝိုင္းဝန္းေဆာင္႐ြက္ေပးၾကဖို႔ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ၏ ဒု - ဥကၠဌ ဦးဟန္ေ႐ႊက တိုက္တြန္းေျပာၾကား လိုက္ပါတယ္။ ယင္းကဲ့သို႔ တိုက္တြန္းေျပာဆိုမႈကို ဒီကေန႔ ေဖေဖာ္ဝါရီ ၁၁ ရက္၊ေန႔လည္ပိုင္းအခ်ိန္က ရန္ကုန္ၿမိဳ႕၊တကၠသိုလ္ရိပ္သာလမ္းရွိ တ.စ.ည ပါတီဌာနခ်ဳပ္မွာ ျပဳလုပ္ခဲ့တဲ့ (၇၃)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အထိမ္းအမွတ္ အခမ္းအနား အၿပီး Opinion Leaders Media ႏွင့္သီးသန႔္ေတြ႕ဆုံခဲ့ရာတြင္ ပါတီ ဒု- ဥကၠဌ က အထက္ပါအတိုင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

 "အခုျပည္ေထာင္စုေန႔ အခမ္းအနားက်င္းပတုန္းက ေပးခဲ့တဲ့ Message ပါပဲ၊ဒီကေန႔ ျပည္တြင္း၊ျပည္ပ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြကို အခြင့္အေရးအျဖစ္ေျပာင္းလဲ ေဆာင္႐ြက္ႏိုင္ဖို႔ဟာ က်ေနာ္တို႔ရဲ႕ ျပည္တြင္းအား တိုင္းရင္းသား စည္းလုံးညီၫြတ္ေရး၊ တစ္မ်ိဳးသားလုံး စည္းလုံး ညီၫြတ္ေရး စြမ္းအားေတြနဲ႔ အားလုံး  ဝိုင္းၿပီးေတာ့ေဆာင္႐ြက္ေပးၾကပါ။ တစ္ပါတီ၊ တစ္ဖြဲ႕၊ တစ္ဩဇာ၊ တစ္အာဏာ အဃာတ မာန္မာနေတြဖယ္ယူၾကပါ။ ႏိုင္ငံေတာ္အေနနဲ႔ အေတာ္ကို ႏိုင္ငံတကာနယ္ပယ္မွာဝင္ဆံ့ေရးကို ႀကိဳးပမ္းေဆာင္႐ြက္ၾကပါ။

အဲ့ဒါေၾကာင့္ညီၫြတ္ ေရးစြမ္းအားနဲ႔ပဲဝိုင္းၿပီးအေကာင္အထည္ေဖာ္ေဆာင္႐ြက္ေပးၾကပါလို႔ ဒီ Message ကို က်ေနာ္တို႔ေပးခ်င္ပါတယ္။" လို႔ တ.စ.ညပါတီ ဒု - ဥကၠဌ ဦးဟန္ေ႐ႊက ေျပာၾကား ခဲ့တာပါ။   ဒီကေန႔ တ.စ.ည ပါတီ ဌာနခ်ဳပ္မွာ ျပဳလုပ္ခဲ့တဲ့ (၇၃)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အထိမ္းအမွတ္ အခမ္းအနားသို႔ ပါတီ ဥကၠဌျဖစ္သူ ဦးသန္းတင္ ကသဝဏ္လႊာေပးပို႔ခဲ့ၿပီး အခမ္းအနားသို႔ ႏိုင္ငံေရးပါတီမ်ား၊ႏိုင္ငံတကာသံတမန္မ်ား၊ပါတီဝင္မ်ား အပါအဝင္ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ားက တက္ေရာက္ ခဲ့ၾကပါတယ္။      

ေျပသိမ္း၊ေဇယ်ာေမာ္   
ရန္ကုန္၊ေဖေဖာ္ဝါရီ ၁၁