ပြည်ပစျေးကွက် ဝယ်လိုအားကျဆင်းမှုကြောင့် ပြည်တွင်းငါးမွေးမြူရောင်းချသူများ ဆုံးရှုံးမှုများနေ
ပြည်ပစျေးကွက် ဝယ်လိုအားကျဆင်းမှုကြောင့် ပြည်တွင်းငါးမွေးမြူရောင်းချသူများ ဆုံးရှုံးမှုများနေ
ပြည်တွင်းက မွေးမြူရေးငါးစျေးကွက်ထဲမှာ ပြည်ပပို့ကုန်အဝယ်ဆွဲမှုကျဆင်းနေတဲ့ အခြေအနေတွေကြောင့် ငါးမွေးမြူသူတွေအနေနဲ့ ဆုံးရှုံးမှုတွေကြုံရသလို ပြည်တွင်းစျေးကွက်ထဲမှာလည်း ဝယ်လိုအားကျဆင်းနေတဲ့အခြေအနေမျိုးဖြစ်နေတယ်လို့ သိရပါတယ်။
“အမှန်ကလေ ငါးမွေးတဲ့သူတွေလည်း ရှုံးတယ်ဆိုတာက သူ့ကန်ဖော်တဲ့စျေးက ဘာမှမရဘူး၊ ဘယ်မှာသွားပြီးတော့ စျေးကြီးသလဲဆိုတော့ Transation Cost လို့ ခေါ်တယ်၊ သယ်ယူပို့ဆောင်စရိတ်၊ အလုပ်သမားစရိတ်၊ အကုန်လုံးပေါ့နော်၊ ဟိုမှာပိတ် ဒီမှာပိတ် အကုန်လုံးပေါ့၊ ပိတ်တဲ့အတွက်ကြောင့် ကားခသည် နှစ်ဆလောက်ဖြစ်သွားတယ်၊ နိုင်ငံခြားကိုပို့ရင်လည်း ထို့နည်းလည်းကောင်းပဲ ကွန်တိန်နာခက တက်သွားတယ်၊ ဒီစရိတ်တွေရှိနေတော့ ကန်က စျေးချိုချိုသာသာနဲ့လုပ်ပေမယ့် ဝယ်စားတဲ့သူလက်ထဲရောက်သွားရင် စျေးကြီးသွားမှာပဲ။အဲ့ဒီ Transation Cost ကို ဘယ်လိုထိန်းမလဲဆိုတာသည် အဓိကဖြစ်နေတာပေါ့နော်” လို့ မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင် က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ရေထွက်ပစ္စည်းပို့ကုန်စျေးကွက်ထဲမှာ အိမ်နီးချင်းဖြစ်တဲ့ တရုတ်စျေးကွက်ကို အဓိကရောင်းချနေရပြီး လက်ရှိမှာ နယ်စပ်ကုန်သွယ်ရေးမှ တင်ပို့တဲ့အခါ COVID 19 နဲ့ပတ်သက်တဲ့ သတ်မှတ်ချက်တွေကြောင့် ပိတ်လိုက် ဖွင့်လိုက် လုပ်ဆောင်နေတာတွေ၊ ပင်လယ်ရေကြောင်းမှတင်ပို့တဲ့အခါ ရောဂါစစ်ဆေးမှုအတွက် အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရတာတွေ၊ ယခင်က ငါးမြစ်ချင်း၊ ငါးကြင်းတို့ကို  အဓိကဝယ်ယူတဲ့ ဆော်ဒီစျေးကွက်ကလည်း ယခုအချိန်မှာ သဘာ၀ကဖမ်းတဲ့ ရေငံငါးကိုသာ လက်ခံတာကြောင့် ပြည်ပတင်ပို့ဖို့ ပို့ကုန်ဝယ်လက်တွေရဲ့ ဝယ်လိုအားဟာ ကျဆင်းလာပြီး ပြည်တွင်းစျေးကွက်ထဲမှာလည်း အရောင်းအဝယ်ကျဆင်းတာတွေကို ကြုံနေရတယ်လို့သိရပါတယ်။
ပြည်တွင်းက ငါးမွေးမြူသူတွေအနေနဲ့လည်း ငါးသားပေါက်ဝယ်ရတဲ့စျေး မြင့်နေတာတွေ၊ အစာစျေးနှုန်းမြင့်မားနေပြီး ရောင်းရတဲ့စျေးနှုန်းက ကျဆင်းနေတာကြောင့် ရှုံးနေတဲ့ကာလတစ်ခုနဲ့ ရင်ဆိုင်နေရတယ်လို့ ဧရာ၀တီတိုင်းဒေသကြီးအတွင်းက ငါးမွေးမြူသူတွေဆီက သိရပါတယ်။
“ကျွန်တော် ၁၀ ဧက မွေးတဲ့အခါ သိန်း ၉၀၀ ကျော် ရင်းနှီးရပါတယ်၊ အစာစျေးကမြင့်နေတယ်၊ ဖွဲနုဆိုရင် အခု ပေါင် ၆၀ ကို ၈၈၀၀ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ ကန်သမားတွေ မကိုက်ဘူး၊ မကိုက်ဘဲတင်လာတော့ ရှုံးတာပေါ့၊ အခု COVID ကာလမှာ ကန်သမားတွေ တော်တော့်ကိုရှုံးတယ်၊ ငါးထွက်ရှိမှုက သိပ်မကွာခြားဘူး၊ စျေးနှုန်းပဲကွာခြားတယ်၊ အခု COVID ဖြစ်တော့ ကန်ကိုမဖော်မဖြစ် ဖော်ရမယ်၊ ဒီကန်ဖော်မှ ကျွန်တော်တို့ အရင်းအနှီးတွေ ငွေကြေးတွေရမှာကိုး၊ ဒီကန်ကိုဖော်ပြီးမှ နောက်လုပ်ငန်းကိုလုပ်ရမှာ” လို့ ဧရာ၀တီတိုင်းဒေသကြီး၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ချောင်း၀ကျေးရွာမှ ငါးမွေးမြူရေးလုပ်ငန်းရှင် ဦးသိန်းဇော် က ဆိုပါတယ်။
ပုံမှန်အားဖြင့် ယခုလိုကာလဟာ အလှူအတန်းတွေ ပွဲလမ်းသဘင်တွေနဲ့စည်ကားပြီး အရောင်းအဝယ်သွက်မယ့်ကာလမျိုးဖြစ်ပေမယ့် COVID 19 ကြောင့် စျေးကွက်ထဲမှာ နယ်ဝယ်လက်တွေနဲ့ ပြည်ပပို့ကုန်ဝယ်လက်တွေရဲ့ အဝယ်ဆွဲမှုလျော့နည်းကာ ယခင်ထက် ထက်ဝက်လောက် အဝယ်ကျဆင်းနေတယ်လို့ သိရပါတယ်။
ယခု ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း ဇန်နဝါရီ ၈ ရက်အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ ရေထွက်ပစ္စည်းပြည်ပတင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၂၅၈ ဒသမ ၉၇၁ သန်းဖိုး တင်ပို့ထားပြီး ယခင်နှစ် အလားတူကာလအခြေအနေနဲ့ နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၈၈၃ သန်းဖိုး လျော့နည်းခဲ့တယ်လို့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စာရင်းတွေအရ သိရပါတယ်။
ဇွဲမာန်၊ ဘိုဘိုသိန်း
ရန်ကုန်၊ ဇန်နဝါရီ - ၂၁
( Zawgyi )
ပြည်တွင်းက မွေးမြူရေးငါးဈေးကွက်ထဲမှာ ပြည်ပပို့ကုန်အဝယ်ဆွဲမှုကျဆင်းနေတဲ့ အခြေအနေတွေကြောင့် ငါးမွေးမြူသူတွေအနေနဲ့ ဆုံးရှုံးမှုတွေကြုံရသလို ပြည်တွင်းဈေးကွက်ထဲမှာလည်း ဝယ်လိုအားကျဆင်းနေတဲ့အခြေအနေမျိုးဖြစ်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ရေထွက်ပစ္စည်းပို့ကုန်ဈေးကွက်ထဲမှာ အိမ်နီးချင်းဖြစ်တဲ့ တရုတ်ဈေးကွက်ကို အဓိကရောင်းချနေရပြီး လက်ရှိမှာ နယ်စပ်ကုန်သွယ်ရေးမှ တင်ပို့တဲ့အခါ COVID 19 နဲ့ပတ်သက်တဲ့ သတ်မှတ်ချက်တွေကြောင့် ပိတ်လိုက် ဖွင့်လိုက် လုပ်ဆောင်နေတာတွေ၊ ပင်လယ်ရေကြောင်းမှတင်ပို့တဲ့အခါ ရောဂါစစ်ဆေးမှုအတွက် အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရတာတွေ၊ ယခင်က ငါးမြစ်ချင်း၊ ငါးကြင်းတို့ကို  အဓိကဝယ်ယူတဲ့ ဆော်ဒီဈေးကွက်ကလည်း ယခုအချိန်မှာ သဘာဝကဖမ်းတဲ့ ရေငံငါးကိုသာ လက်ခံတာကြောင့် ပြည်ပတင်ပို့ဖို့ ပို့ကုန်ဝယ်လက်တွေရဲ့ ဝယ်လိုအားဟာ ကျဆင်းလာပြီး ပြည်တွင်းဈေးကွက်ထဲမှာလည်း အရောင်းအဝယ်ကျဆင်းတာတွေကို ကြုံနေရတယ်လို့သိရပါတယ်။
ပြည်တွင်းက ငါးမွေးမြူသူတွေအနေနဲ့လည်း ငါးသားပေါက်ဝယ်ရတဲ့ဈေး မြင့်နေတာတွေ၊ အစာဈေးနှုန်းမြင့်မားနေပြီး ရောင်းရတဲ့ဈေးနှုန်းက ကျဆင်းနေတာကြောင့် ရှုံးနေတဲ့ကာလတစ်ခုနဲ့ ရင်ဆိုင်နေရတယ်လို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ငါးမွေးမြူသူတွေဆီက သိရပါတယ်။
“ကျွန်တော် ၁၀ ဧက မွေးတဲ့အခါ သိန်း ၉၀၀ ကျော် ရင်းနှီးရပါတယ်၊ အစာဈေးကမြင့်နေတယ်၊ ဖွဲနုဆိုရင် အခု ပေါင် ၆၀ ကို ၈၈၀၀ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ ကန်သမားတွေ မကိုက်ဘူး၊ မကိုက်ဘဲတင်လာတော့ ရှုံးတာပေါ့၊ အခု COVID ကာလမှာ ကန်သမားတွေ တော်တော့်ကိုရှုံးတယ်၊ ငါးထွက်ရှိမှုက သိပ်မကွာခြားဘူး၊ ဈေးနှုန်းပဲကွာခြားတယ်၊ အခု COVID ဖြစ်တော့ ကန်ကိုမဖော်မဖြစ် ဖော်ရမယ်၊ ဒီကန်ဖော်မှ ကျွန်တော်တို့ အရင်းအနှီးတွေ ငွေကြေးတွေရမှာကိုး၊ ဒီကန်ကိုဖော်ပြီးမှ နောက်လုပ်ငန်းကိုလုပ်ရမှာ” လို့ ဧရာဝတီတိုင်းဒေသကြီး၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာမှ ငါးမွေးမြူရေးလုပ်ငန်းရှင် ဦးသိန်းဇော် က ဆိုပါတယ်။
ပုံမှန်အားဖြင့် ယခုလိုကာလဟာ အလှူအတန်းတွေ ပွဲလမ်းသဘင်တွေနဲ့စည်ကားပြီး အရောင်းအဝယ်သွက်မယ့်ကာလမျိုးဖြစ်ပေမယ့် COVID 19 ကြောင့် ဈေးကွက်ထဲမှာ နယ်ဝယ်လက်တွေနဲ့ ပြည်ပပို့ကုန်ဝယ်လက်တွေရဲ့ အဝယ်ဆွဲမှုလျော့နည်းကာ ယခင်ထက် ထက်ဝက်လောက် အဝယ်ကျဆင်းနေတယ်လို့ သိရပါတယ်။
ဇွဲမာန်၊ ဘိုဘိုသိန်း
ရန်ကုန်၊ ဇန်နဝါရီ - ၂၁