ပြည်ပနှင့် ပုံမှန်ကုန်သွယ်မှု ဇူလိုင်လအတွင်း ကန်ဒေါ်လာ သုံးဘီလျံကျော်ထိ ရှိခဲ့

ပြည်ပနှင့် ပုံမှန်ကုန်သွယ်မှု ဇူလိုင်လအတွင်း ကန်ဒေါ်လာ သုံးဘီလျံကျော်ထိ ရှိခဲ့

ပြည်ပနိုင်ငံများနှင့် ဇူလိုင်လအတွင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ သုံးဘီလျံကျော်ရှိပြီး ဆယ်လတာကာလအတွင်း ကုန်သွယ်မှု စုစုပေါင်းကို ယခင်ဘဏ္ဍာနှစ်ကာလတူနှင့် နိူင်းယှဉ်ပါက ကန်ဒေါ်လာ သန်းတစ်ရာကျော် လျော့ကျခဲ့တယ်လို့ သြဂုတ် ဒုတိယအပတ်က ထုတ်ပြန်ခဲ့သည့် ကုန်သွယ်ရေးဦးစီးဌာန၏ ကာလတူ ပုံမှန်/နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုပမာဏ အခြေအနေ စာရင်းအချက်အလက်များအရ သိရပါတယ်။

အဆိုပါစာရင်းအချက်အလက်များအရ ဇွန် ၂၉ ရက်မှ သြဂုတ် ၂ ရက်အထိ ဇူလိုင် တစ်လတာအတွင်း ကန်ဒေါ်လာ ၃၁၈၄ ဒသမ ၇၀၆ သန်း ကုန်သွယ်ခဲ့ပြီး ပြည်ပသို့ ပို့ကုန် ကန်ဒေါ်လာ ၁၅၅၄ ဒသမ ၇၂၆ သန်း တင်ပို့ခဲ့ပြီး ပြည်ပမှ သွင်းကုန် ကန်ဒေါ်လာ ၁၆၂၉ ဒသမ ၉၈ သန်း ပြန်လည်တင်သွင်းခဲ့ကြောင်း သိရပါတယ်။

ဇူလိုင်လအတွင်း သွင်းကုန်က ပို့ကုန်ထက် ပိုများခဲ့သဖြင့် ကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ ၇၅ဒသမ ၂၅၄ သန်း ဖြစ်ပေါ်ခဲ့ပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဆယ်လတာအတွင်း ပုံမှန်ကုန်သွယ်မှုကို ပြန်ကြည့်ပါက ပို့ကုန်ပမာဏမှာ ကန်ဒေါ်လာ ၁၄၁၆၂ ဒသမ ၅၀၉ သန်းရှိပြီး သွင်းကုန်တွင် ကန်ဒေါ်လာ ၁၅၂၇၆ ဒသမ ၃၁၂ သန်းရှိခဲ့ကာ စုစုပေါင်း ကုန်သွယ်မှုပမာဏ ၂၉၄၃၈ဒသမ ၈၂၁ သန်း ရှိခဲ့ပါတယ်။

ကုန်သွယ်ရေး လိုငွေ/ပိုငွေ ဖြစ်ပေါ်မှုကို ပြန်ကြည့်ပါက ပြီးခဲ့သည့် ဇွန်လတွင် ကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ ၁၅၉ ဒသမ ၃၄၃ သန်း ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်လတွင် ကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ ၇၅ ဒသမ ၂၅၄ သန်း ဖြစ်ပေါ်ခဲ့ကာ ဆယ်လတာ စုစုပေါင်းကုန်သွယ်မှုတွင် ကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ ၁၁၁၃ ဒသမ ၈၀၃ သန်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

PWA
ရန်ကုန်၊ သြဂုတ် - ၁၃

( Zawgyi )

ျပည္ပႏိုင္ငံမ်ားႏွင့္ ဇူလိုင္လအတြင္း ကုန္သြယ္မႈပမာဏမွာ အေမရိကန္ေဒၚလာ သုံးဘီလ်ံေက်ာ္ရွိၿပီး ဆယ္လတာကာလအတြင္း ကုန္သြယ္မႈ စုစုေပါင္းကို ယခင္ဘ႑ာႏွစ္ကာလတူႏွင့္ ႏိူင္းယွဥ္ပါက ကန္ေဒၚလာ သန္းတစ္ရာေက်ာ္ ေလ်ာ့က်ခဲ့တယ္လို႔ ၾသဂုတ္ ဒုတိယအပတ္က ထုတ္ျပန္ခဲ့သည့္ ကုန္သြယ္ေရးဦးစီးဌာန၏ ကာလတူ ပုံမွန္/နယ္စပ္ (ႏိုင္ငံအလိုက္) ပို႔ကုန္၊ သြင္းကုန္၊ ကုန္သြယ္မႈပမာဏ အေျခအေန စာရင္းအခ်က္အလက္မ်ားအရ သိရပါတယ္။

အဆိုပါစာရင္းအခ်က္အလက္မ်ားအရ ဇြန္ ၂၉ ရက္မွ ၾသဂုတ္ ၂ ရက္အထိ ဇူလိုင္ တစ္လတာအတြင္း ကန္ေဒၚလာ ၃၁၈၄ ဒသမ ၇၀၆ သန္း ကုန္သြယ္ခဲ့ၿပီး ျပည္ပသို႔ ပို႔ကုန္ ကန္ေဒၚလာ ၁၅၅၄ ဒသမ ၇၂၆ သန္း တင္ပို႔ခဲ့ၿပီး ျပည္ပမွ သြင္းကုန္ ကန္ေဒၚလာ ၁၆၂၉ ဒသမ ၉၈ သန္း ျပန္လည္တင္သြင္းခဲ့ေၾကာင္း သိရပါတယ္။

ဇူလိုင္လအတြင္း သြင္းကုန္က ပို႔ကုန္ထက္ ပိုမ်ားခဲ့သျဖင့္ ကုန္သြယ္ေရးလိုေငြ ကန္ေဒၚလာ ၇၅ဒသမ ၂၅၄ သန္း ျဖစ္ေပၚခဲ့ပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ဆယ္လတာအတြင္း ပုံမွန္ကုန္သြယ္မႈကို ျပန္ၾကည့္ပါက ပို႔ကုန္ပမာဏမွာ ကန္ေဒၚလာ ၁၄၁၆၂ ဒသမ ၅၀၉ သန္းရွိၿပီး သြင္းကုန္တြင္ ကန္ေဒၚလာ ၁၅၂၇၆ ဒသမ ၃၁၂ သန္းရွိခဲ့ကာ စုစုေပါင္း ကုန္သြယ္မႈပမာဏ ၂၉၄၃၈ဒသမ ၈၂၁ သန္း ရွိခဲ့ပါတယ္။

ကုန္သြယ္ေရး လိုေငြ/ပိုေငြ ျဖစ္ေပၚမႈကို ျပန္ၾကည့္ပါက ၿပီးခဲ့သည့္ ဇြန္လတြင္ ကုန္သြယ္ေရးလိုေငြ ကန္ေဒၚလာ ၁၅၉ ဒသမ ၃၄၃ သန္း ျဖစ္ေပၚခဲ့ၿပီး ဇူလိုင္လတြင္ ကုန္သြယ္ေရးလိုေငြ ကန္ေဒၚလာ ၇၅ ဒသမ ၂၅၄ သန္း ျဖစ္ေပၚခဲ့ကာ ဆယ္လတာ စုစုေပါင္းကုန္သြယ္မႈတြင္ ကုန္သြယ္ေရးလိုေငြ ကန္ေဒၚလာ ၁၁၁၃ ဒသမ ၈၀၃ သန္း ျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

PWA
ရန္ကုန္၊ ၾသဂုတ္ - ၁၃