ပြည်ပမှာကုန်ပစ္စည်းတင်သွင်းမှု သြဂုတ် ၂ ရက်အထိ ကန်ဒေါ်လာ ၁၅ဘီလျံကျော်ရှိလာ

ပြည်ပမှာကုန်ပစ္စည်းတင်သွင်းမှု သြဂုတ် ၂ ရက်အထိ ကန်ဒေါ်လာ ၁၅ဘီလျံကျော်ရှိလာ

ကုန်သွယ်ရေးဦးစီးဌာနက သြဂုတ်လအတွင်းထုတ်ပြန်သည့် ကာလတူပုံမှန်/နယ်စပ် ပြည်ပသွင်း ကုန်အုပ်စုအလိုက် နှိုင်းယှဉ်တင်ပြခြင်း (ပြည်ပသွင်းကုန်အုပ်စုအလိုက် ကာလတူ နှိုင်းယှဉ်တင်ပြခြင်း စာရင်း များ) အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၂ ရက်အထိ ဆယ်လကျော် ကာလ အတွင်း ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုတန်ဖိုးမှာကန်ဒေါ်လာ ၁၅ဘီလျံကျော်တင်သွင်းကြောင်း သိရပါတယ်။

ထိုသို့ တင်သွင်းရာတွင်  ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအမေရိကန် ဒေါ်လာ ၄၈၁၂ ဒသမ ၃၆၄သန်း၊ လုပ် ငန်းသုံးကုန်ကြမ်းပစ္စည်းအမေရိကန် ဒေါ်လာ၅၇၀၉ဒသမ၇၂၀ သန်း၊ လူသုံးကုန်ပစ္စည်းအမေရိကန် ဒေါ် လာ ၂၇၆၀ဒသမ ၄၇၄သန်းဖိုးနှင့် CMP မှ အမေရိကန်ဒေါ်လာ ၁၉၉၃ဒသမ ၇၅၄ သန်း ၊စုစုပေါင်း ဆယ်လ ကျော် ကာလအတွင်း ကန်ဒေါ်လာ ၁၅၂၇၆ ဒသမ ၃၁၂ သန်းဖိုးတင်သွင်းခဲ့တယ်ဆိုပါ တယ်။

ယခုတင်သွင်းသည့်ပမာဏမှာယခင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကာလတူတင်သွင်းခဲ့သည့် ပမာဏ အ မေရိကန်ဒေါ်လာ ၁၆၁၇၈ ဒသမ ၁၈၄သန်းထက် အမေရိကန်ဒေါ်လာ၉၀၁ ဒသမ၈၇၂သန်းကျော် လျော့နည်း တင်သွင်းထားပြီး အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်း မှု တွင် ယခင်ကာလတူထက် အမေရိကန် ဒေါ် လာ ၇၂၂ ဒသမ ၃၆၁ သန်းလျော့နည်းတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ယခုဘဏ္ဍာနှစ် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းသည့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအမေရိကန် ဒေါ်လာ ၄၈၁၂ ဒသမ ၃၆၄သန်းတွင်  နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ၆၃၁ ဒသမ၇၃၂သန်း၊ပုဂ္ဂလိကပိုင် ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၄၁၈၀ ဒသမ ၆၃၂ သန်း၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်း အမေရိကန် ဒေါ်လာ၅၇၀၉ဒသမ ၇၂၀ သန်းတွင် နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ၁၄၇ဒသမ၀၁၅သန်း၊ ပုဂ္ဂလိကပိုင်ကဏ္ဍမှ အမေရိကန်ဒေါ် လာ၅၅၆၂ ဒသမ၇၀၅ သန်း၊ လူသုံးကုန်ပစ္စည်းအမေရိကန် ဒေါ် လာ ၂၇၆၀ဒသမ ၄၇၄သန်းဖိုးတွင် နိုင်ငံပိုင် ကဏ္ဍမှ အမေရိကန်ဒေါ်လာ၃၇ဒသမ၂၆၆ သန်း၊ပုဂ္ဂလိကပိုင်ကဏ္ဍမှ အမေရိကန် ဒေါ်လာ၂၇၂၃ ဒသမ၂၀၈ သန်း၊ CMP မှ အမေရိကန်ဒေါ်လာ ၁၉၉၃ဒသမ ၇၅၄ သန်း တွင် ပုဂ္ဂလိကကဏ္ဍမှ သာတင် သွင်းခဲ့တယ်လို့ သိရပါတယ်။

ယခုထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ ပြီ်းခဲ့သည့် ဇွန်၂၁ ရက်မှ ဇူလိုင် ၁၉ရက်အထိကုန် ပစ္စည်းတင် သွင်းမှုမှာကန်ဒေါ်လာ၁၂၆၉ ဒသမ ၈၈၂ သန်းရှိကာ ယခုဇူလိုင် ၂၀ ရက်မှ သြဂုတ် ၂ ရက်အထိ ၁၃ ရက်ကာလအတွင်း ကုန်ပစ္စည်းတင်သွင်းမှု ကန်ဒေါ်လာ ၇၆၂ ဒသမ ၂၅၂ သန်းရှိခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ သြဂုတ် ၁၅

(  Zawgyi  )






PWA
ရန်ကုန်၊ သြဂုတ် ၁၅