ပြည်ပဝယ်လက်များဝယ်ယူမှုကြောင့် ကြက်သွန်နီလက္ကားဈေးအနည်းငယ်မြင့်လာ

ပြည်ပဝယ်လက်များဝယ်ယူမှုကြောင့် ကြက်သွန်နီလက္ကားဈေးအနည်းငယ်မြင့်လာ

ယခုရက်ပိုင်းထဲ ပြည်ပဝယ်လက်တွေက ဝယ်ယူမှုများလာတာကြောင့် လက္ကားဈေးကွက်ထဲမှာ ကြက်သွန်နီ ဈေးနှုန်းများ အနည်းငယ်မြင့်တက် လာခဲ့တယ်လို့ ကြက်သွန်လက္ကားဒိုင်တွေဆီက သိရပါတယ်။

“ဒီရက်ပိုင်းထဲမှာ သိသိသာသာမြင့်တက်လာတာဖြစ်ပါတယ်၊ ပြည်ပပို့ကုန်ဝယ်လက်တွေရဲ့ ဝယ်ယူမှု အနေအထားကြောင့် အခုလိုမြင့်တက် လာတာဖြစ်ပါတယ်”လို့ ကြက်သွန်လက္ကားဒိုင်ပိုင်ရှင်တစ်ဦးက ပြောပြပါတယ်။ ယခုရက်ပိုင်းထဲ အိန္ဒိယဘက်ကို တင်ပို့နေတဲ့ ဝယ်လက်တွေရဲ့ ဝယ်လိုအားမြင့်မားလာမှု တွေကြောင့် လက္ကားဈေးကွက်ထဲမှာ ယခင်ကထက် ပျမ်းမျှ ကျပ် ၈၀၀ နှုန်းလောက် မြင့်တက်သွားခဲ့တယ်လို့ သိရပါတယ်။

“ဒီရက်ပိုင်းထဲ ဈေးတွေနည်းနည်းမြင့်တက်သွားပါတယ်၊ နဂိုထက်ကို ၇၀၀-၈၀၀ လောက် တက်သွားတယ်၊ ကြက်သွန်အသစ်တွေလည်း ဈေးကွက်ထဲဝင်လာတာတွေရှိတာကြောင့် ဒီထက်တော့ ထပ်မမြင့်နိုင်ဘူးလို့ ခန့်မှန်းရပါတယ်”လို့လည်း “မြင့်”ကြက်သွန်ပွဲရုံပိုင်ရှင် ဒေါ်ခင်လေးမြင့်က ပြောပြပါတယ်။ ယခုဖြစ်ပေါ်နေတဲ့ ကြက်သွန်ဈေးနှုန်းဟာ ယခင်နှစ်အောက်တိုဘာလက အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ပါက ယခင်နှစ်ထက် ပိုမိုတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိကာလအတွင်း မုန့်ဟင်းခါးထဲ ထည့်တဲ့အရွယ် အသေးစမှာ ယခင်က ၇၀၀ ဝန်းကျင်ဈေးမှ ၁၄၀၀ ဝန်းကျင်သို့လည်းကောင်း၊ အသေးရိုးကြီးစမှာ ယခင်က ၉၅၀ မှ ၁၆၅၀ ကျပ်သို့ လည်းကောင်း၊  အလတ်ရှယ်စမှာ ယခင်က ၁၁၅၀ မှ ၁၉၅၀ ကျပ်သို့လည်းကောင်း၊ ထူးအကြီးစမှာ ယခင်က ၁၂၅၀ ကျပ်မှ ၂၀၅၀ ကျပ်ဝန်းကျင်သို့လည်းကောင်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ကြက်သွန်အသစ်တွေ ဈေးကွက်ထဲ ဝင်လာပေမယ့် အရည်အသွေးပိုင်းမှာ သိပ်ပြီးတော့ကောင်းတာမျိုးမရှိဘူးလို့လည်း သိရပါတယ်။
          
 ဇွဲမာန်                           
ရန်ကုန်၊ အောက်တိုဘာ ၃၁

(  Zawgyi  )

 ယခုရက္ပိုင္းထဲ ျပည္ပဝယ္လက္ေတြက ဝယ္ယူမႈမ်ားလာတာေၾကာင့္ လကၠားေဈးကြက္ထဲမွာ ၾကက္သြန္နီ ေဈးႏႈန္းမ်ား အနည္းငယ္ျမင့္တက္ လာခဲ့တယ္လို႔ ၾကက္သြန္လကၠားဒိုင္ေတြဆီက သိရပါတယ္။

“ဒီရက္ပိုင္းထဲမွာ သိသိသာသာျမင့္တက္လာတာျဖစ္ပါတယ္၊ ျပည္ပပို႔ကုန္ဝယ္လက္ေတြရဲ႕ ဝယ္ယူမႈ အေနအထားေၾကာင့္ အခုလိုျမင့္တက္ လာတာျဖစ္ပါတယ္”လို႔ ၾကက္သြန္လကၠားဒိုင္ပိုင္ရွင္တစ္ဦးက ေျပာျပပါတယ္။ ယခုရက္ပိုင္းထဲ အိႏၵိယဘက္ကို တင္ပို႔ေနတဲ့ ဝယ္လက္ေတြရဲ႕ ဝယ္လိုအားျမင့္မားလာမႈ ေတြေၾကာင့္ လကၠားေဈးကြက္ထဲမွာ ယခင္ကထက္ ပ်မ္းမွ် က်ပ္ ၈၀၀ ႏႈန္းေလာက္ ျမင့္တက္သြားခဲ့တယ္လို႔ သိရပါတယ္။

“ဒီရက္ပိုင္းထဲ ေဈးေတြနည္းနည္းျမင့္တက္သြားပါတယ္၊ နဂိုထက္ကို ၇၀၀-၈၀၀ ေလာက္ တက္သြားတယ္၊ ၾကက္သြန္အသစ္ေတြလည္း ေဈးကြက္ထဲဝင္လာတာေတြရွိတာေၾကာင့္ ဒီထက္ေတာ့ ထပ္မျမင့္ႏိုင္ဘူးလို႔ ခန႔္မွန္းရပါတယ္”လို႔လည္း “ျမင့္”ၾကက္သြန္ပြဲ႐ုံပိုင္ရွင္ ေဒၚခင္ေလးျမင့္က ေျပာျပပါတယ္။ ယခုျဖစ္ေပၚေနတဲ့ ၾကက္သြန္ေဈးႏႈန္းဟာ ယခင္ႏွစ္ေအာက္တိုဘာလက အေျခအေနနဲ႔ ႏႈိင္းယွဥ္ၾကည့္ပါက ယခင္ႏွစ္ထက္ ပိုမိုတဲ့ အေျခအေနမ်ိဳးျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိကာလအတြင္း မုန႔္ဟင္းခါးထဲ ထည့္တဲ့အ႐ြယ္ အေသးစမွာ ယခင္က ၇၀၀ ဝန္းက်င္ေဈးမွ ၁၄၀၀ ဝန္းက်င္သို႔လည္းေကာင္း၊ အေသး႐ိုးႀကီးစမွာ ယခင္က ၉၅၀ မွ ၁၆၅၀ က်ပ္သို႔ လည္းေကာင္း၊  အလတ္ရွယ္စမွာ ယခင္က ၁၁၅၀ မွ ၁၉၅၀ က်ပ္သို႔လည္းေကာင္း၊ ထူးအႀကီးစမွာ ယခင္က ၁၂၅၀ က်ပ္မွ ၂၀၅၀ က်ပ္ဝန္းက်င္သို႔လည္းေကာင္း ျမင့္တက္ခဲ့တယ္လို႔ သိရပါတယ္။ ၾကက္သြန္အသစ္ေတြ ေဈးကြက္ထဲ ဝင္လာေပမယ့္ အရည္အေသြးပိုင္းမွာ သိပ္ၿပီးေတာ့ေကာင္းတာမ်ိဳးမရွိဘူးလို႔လည္း သိရပါတယ္။
          
 ဇြဲမာန္                           
ရန္ကုန္၊ ေအာက္တိုဘာ ၃၁