ပြည်ပသို့ ကုန်တင်ပို့မှု ဆယ်လကျော်ကာလအတွင်း ကန်ဒေါ်လာ၁၄ဘီလျံကျော် ရှိ

ပြည်ပသို့ ကုန်တင်ပို့မှု ဆယ်လကျော်ကာလအတွင်း ကန်ဒေါ်လာ၁၄ဘီလျံကျော် ရှိ

ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည့်  ကာလတူပုံမှန်/နယ်စပ် ပြည်ပပို့ကုန်အုပ်စုအလိုက် နိူင်း ယှဉ်သည့် စာရင်းအချက်အလက်အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ သြဂုတ် ၂ ရက်အထိ ကုန် တင်ပို့မှုပမာဏမှာ ကန်ဒေါ်လာ ၁၄၁၆၂ဒသမ ၅၀၉ သန်းရှိကာ ဇူလိုင် ၂၀ ရက်မှာ သြဂုတ် ၂ ရက်အထိ ကုန် တင်ပို့မှု ကန်ဒေါ်လာ ၇၉၂ ဒသမ ၃၂၅ သန်းရှိကြောင်း သိရပါတယ်။

အဆိုပါစာရင်းအချက်အလက်များအရ  ပြည်ပသို့ ပို့ကုန်အုပ်စု ၇ စုဖြင့် ကုန်တင်ပို့ခဲ့ရာမှာ ဆယ်လ ကျော်ကာလအတွင်း ကန်ဒေါ်လာ ၁၄ ဘီလျံကျော် (၁၄၁၆၂ဒသမ ၅၀၉ သန်း)ရှိခဲ့ရာမှာ  လယ်ယာထွက်ကုန် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ၂၈၃၂ ဒသမ ၅၇၁ သန်း၊ တိရိစ္ဆာန်ထွက်ပစ္စည်းတင် ပို့မှုမှ အမေရိကန် ဒေါ် လာ၃၃၀ ဒသမ ၁၂၇ သန်း၊ ရေထွက်ပစ္စည်းတင်ပို့မှု မှ အမေရိကန်ဒေါ်လာ ၆၄၄ဒသမ၇၃၅သန်း၊ သတ္တုတွင်း ထက် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ၁၂၈၉ဒသမ၃၂၅ သန်း၊သစ်တောထွက် ပစ္စည်းတင်ပို့မှုမှ အမေရိ ကန် ဒေါ်လာ ၁၄၅ ဒသမ၂၇၀ သန်း၊ စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ၈၂၀၅ ဒသမ ၀၃၆ သန်း၊အခြားတင်ပို့်မှုမှ အမေရိကန်ဒေါ်လာ၇၁၅ ဒသမ ၄၄၅သန်းရရှိခဲ့ပါတယ်။

ဆယ်လတာတင်ပို့မှုတွင် နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာလေးဘီလျံကျော်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍမှ ဆယ်ဘီလျံနီးပါးတင်ပို့ခဲ့ပြီး ထိုပမာဏမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် ကန်ဒေါ်လာသန်း ၈၀၀ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ထိုသန်း ၈၀၀ နီးပါးတွင် နိုင်ငံပိုင်ကဏ္ဍမှ ကန်ဒေါ်လာ ၃၀ ဒသမ၅၉၄ သန်းလျော့နည်းခဲ့ပြီး ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကန်ဒေါ်လာ ၈၂၈ ဒသမ ၅၇၃ သန်း ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။      

PWA
ရန်ကုန်၊ သြဂုတ် ၁၅

(  Zawgyi  )

 ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္သည့္  ကာလတူပုံမွန္/နယ္စပ္ ျပည္ပပို႔ကုန္အုပ္စုအလိုက္ ႏိူင္း ယွဥ္သည့္ စာရင္းအခ်က္အလက္အရ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ေအာက္တိုဘာမွ ၾသဂုတ္ ၂ ရက္အထိ ကုန္ တင္ပို႔မႈပမာဏမွာ ကန္ေဒၚလာ ၁၄၁၆၂ဒသမ ၅၀၉ သန္းရွိကာ ဇူလိုင္ ၂၀ ရက္မွာ ၾသဂုတ္ ၂ ရက္အထိ ကုန္ တင္ပို႔မႈ ကန္ေဒၚလာ ၇၉၂ ဒသမ ၃၂၅ သန္းရွိေၾကာင္း သိရပါတယ္။

အဆိုပါစာရင္းအခ်က္အလက္မ်ားအရ  ျပည္ပသို႔ ပို႔ကုန္အုပ္စု ၇ စုျဖင့္ ကုန္တင္ပို႔ခဲ့ရာမွာ ဆယ္လ ေက်ာ္ကာလအတြင္း ကန္ေဒၚလာ ၁၄ ဘီလ်ံေက်ာ္ (၁၄၁၆၂ဒသမ ၅၀၉ သန္း)ရွိခဲ့ရာမွာ  လယ္ယာထြက္ကုန္ ပစၥည္းတင္ပို႔မႈမွ အေမရိကန္ေဒၚလာ၂၈၃၂ ဒသမ ၅၇၁ သန္း၊ တိရိစာၦန္ထြက္ပစၥည္းတင္ ပို႔မႈမွ အေမရိကန္ ေဒၚ လာ၃၃၀ ဒသမ ၁၂၇ သန္း၊ ေရထြက္ပစၥည္းတင္ပို႔မႈ မွ အေမရိကန္ေဒၚလာ ၆၄၄ဒသမ၇၃၅သန္း၊ သတၱဳတြင္း ထက္ ပစၥည္းတင္ပို႔မႈမွ အေမရိကန္ေဒၚလာ၁၂၈၉ဒသမ၃၂၅ သန္း၊သစ္ေတာထြက္ ပစၥည္းတင္ပို႔မႈမွ အေမရိ ကန္ ေဒၚလာ ၁၄၅ ဒသမ၂၇၀ သန္း၊ စက္မႈကုန္ေခ်ာပစၥည္းတင္ပို႔မႈမွ အေမရိကန္ ေဒၚလာ၈၂၀၅ ဒသမ ၀၃၆ သန္း၊အျခားတင္ပို႔္မႈမွ အေမရိကန္ေဒၚလာ၇၁၅ ဒသမ ၄၄၅သန္းရရွိခဲ့ပါတယ္။

ဆယ္လတာတင္ပို႔မႈတြင္ ႏိုင္ငံပိုင္က႑မွ အေမရိကန္ေဒၚလာေလးဘီလ်ံေက်ာ္ႏွင့္ ပုဂၢလိကပိုင္က႑မွ ဆယ္ဘီလ်ံနီးပါးတင္ပို႔ခဲ့ၿပီး ထိုပမာဏမွာ ၿပီးခဲ့သည့္ ဘ႑ာႏွစ္ကာလတူထက္ ကန္ေဒၚလာသန္း ၈၀၀ နီးပါး ပိုမိုတင္ပို႔ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ထိုသန္း ၈၀၀ နီးပါးတြင္ ႏိုင္ငံပိုင္က႑မွ ကန္ေဒၚလာ ၃၀ ဒသမ၅၉၄ သန္းေလ်ာ့နည္းခဲ့ၿပီး ပုဂၢလိကပိုင္က႑မွ ကန္ေဒၚလာ ၈၂၈ ဒသမ ၅၇၃ သန္း ပိုမိုတင္ပို႔ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။      

PWA
ရန္ကုန္၊ ၾသဂုတ္ ၁၅