ပြည်သူများထံ ယုံကြည်စိတ်ချရသော မိုးလေဝသ သတင်းများကို ဖြန့်ချီနိုင်ရေး လာမည့် ၂၀၁၉ ခုနှစ်မှ စတင်၍ JICA နှင့် မိုး/ဇလ ပူးပေါင်းဆောင်ရွက်မည်

ပြည်သူများထံ ယုံကြည်စိတ်ချရသော မိုးလေဝသ သတင်းများကို ဖြန့်ချီနိုင်ရေး လာမည့် ၂၀၁၉ ခုနှစ်မှ စတင်၍ JICA နှင့် မိုး/ဇလ ပူးပေါင်းဆောင်ရွက်မည်

ဘေးအန္တရာယ် ကာကွယ်လျော့ချရေးနှင့် ပြည်သူများထံ ယုံကြည်စိတ်ချရသော မိုးလေဝသ သတင်းများကို ဖြန့်ချီနိုင်ရေးအတွက် လာမည့် ၂၀၁၉ ခုနှစ်၊ ဇွန်လမှ စတင်ကာ JICA နှင့် မိုး/ဇလတို့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ယင်းစီမံကိန်းကာလမှာ ၃ နှစ်ဖြစ်ပြီး မိုးလေဝသ ထုတ်လုပ်မှုဆိုင်ရာ ပစ္စည်းနှင့် စိစစ်ချက်များ၏ အရည်အသွေး စီမံမှုအပေါ် သင်တန်းများကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ “Project for Enhancing Capacity of Weather Observation and Forecasting in Myanmar” နည်းပညာပေး စီမံကိန်း စတင်ရန်အတွက် မှတ်တမ်းတင် လက်မှတ်ရေးထိုးပွဲကိုလည်း ယခု ၂၀၁၈  ခုနှစ်၊ နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့ပြီး ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် မြန်မာနိုင်ငံရှိ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနတို့မှ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ဓါတ်ပုံ - JICA Myanmar
ရန်ကုန်၊ ဒီဇင်ဘာ - ၁၂

( Zawgyi )

ေဘးအႏၲရာယ္ ကာကြယ္ေလ်ာ့ခ်ေရးႏွင့္ ျပည္သူမ်ားထံ ယုံၾကည္စိတ္ခ်ရေသာ မိုးေလဝသ သတင္းမ်ားကို ျဖန႔္ခ်ီႏိုင္ေရးအတြက္ လာမည့္ ၂၀၁၉ ခုႏွစ္၊ ဇြန္လမွ စတင္ကာ JICA ႏွင့္ မိုး/ဇလတို႔ ပူးေပါင္းေဆာင္႐ြက္မွာ ျဖစ္တယ္လို႔ ဂ်ပန္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီရဲ႕ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

ယင္းစီမံကိန္းကာလမွာ ၃ ႏွစ္ျဖစ္ၿပီး မိုးေလဝသ ထုတ္လုပ္မႈဆိုင္ရာ ပစၥည္းႏွင့္ စိစစ္ခ်က္မ်ား၏ အရည္အေသြး စီမံမႈအေပၚ သင္တန္းမ်ားကိုလည္း လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

အဆိုပါ “Project for Enhancing Capacity of Weather Observation and Forecasting in Myanmar” နည္းပညာေပး စီမံကိန္း စတင္ရန္အတြက္ မွတ္တမ္းတင္ လက္မွတ္ေရးထိုးပြဲကိုလည္း ယခု ၂၀၁၈  ခုႏွစ္၊ ႏိုဝင္ဘာလအတြင္းက ျပဳလုပ္ခဲ့ၿပီး ဂ်ပန္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီႏွင့္ ျမန္မာႏိုင္ငံရွိ မိုးေလဝသႏွင့္ ဇလေဗဒ ဦးစီးဌာနတို႔မွ လက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ဓါတ္ပုံ - JICA Myanmar
ရန္ကုန္၊ ဒီဇင္ဘာ - ၁၂