ပြည်သူလူထုက NLD အတွက် အဆင်သင့်ရှိတာကြောင့် လာမည့်ရွေးကောက်ပွဲ မှာ လည်း ၂၀၁၅ လိုပဲနိုင်ကိုနိုင်လိမ့်မည်ဟုယူဆကြောင်း မုံရွာဦးအောင်ရှင်ပြော

ပြည်သူလူထုက NLD အတွက် အဆင်သင့်ရှိတာကြောင့် လာမည့်ရွေးကောက်ပွဲ မှာ လည်း ၂၀၁၅ လိုပဲနိုင်ကိုနိုင်လိမ့်မည်ဟု ယူဆကြောင်း မုံရွာဦးအောင်ရှင်ပြော

ပြည်သူလူထုက NLD အတွက် အဆင်သင့်ရှိတာကြောင့်လာမည့်ရွေးကောက်ပွဲမှာလည်း ၂၀၁၅ လိုပဲနိုင်ကိုနိုင်လိမ့်မည်ဟု  ယူဆကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာဦးအောင်ရှင် ကပြောပါတယ်။“၂၀၁၅ တုန်းကတော့ လူကို မကြည့်နဲ့ ပါတီကိုပဲကြည့်ပါဆိုပြီး မူနဲ့ကျနော်တို့ကလုပ်ပါတယ်။သို့သော်လည်း ကျနော်တို့က  ၂၀၂၀ မှာတော့  လူကိုလည်း အဓိကထားပြီး ကြည့်ရပါတယ်၊ပါတီကိုလည်းကြည့်ရပါမယ်။ပါတီကိုမကြည့်ဘဲနဲ့ လည်းမဖြစ်ဘူး။အဲ့တော့ လူမှန်နေရာမှန်လည်း ရွေးနိုင်အောင်လည်း လုပ်မယ်လို့စိတ်ပိုင်းဖြတ်ထားပါတယ်။ ပြည်သူလူထုက NLD အတွက်အဆင်သင့်ရှိတယ်လို့ ကျနော်တို့ မြင်ပါတယ်။ NLD အနေနဲ့ကလည်း  ပြည်သူလူထု အဆင်သင့်ရှိမှုကို နားလည်ပြီးတော့လူမှန်နေရာမှန်ပေါ့။ပြည်သူလူထု အတွက် လူမှန်နေရာမှန်ရွေးချယ်ပေးဖို့ ကြိုးစားရမယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်အခုသဘောပေါက်ထားတာက ကျနော်တို့ ၂၀၁၅ လိုပဲ နိုင်ကိုနိုင်လိမ့်မယ်လို့ ကျနော်ယူဆပါတယ်။ ဒါကြောင့်မို့  ကျနော်တို့ကဆက်ပြီးတော့လုပ်ရမယ့် အလုပ်ကို  ၂၀၁၅  - ၂၀၂၀ မှာ မပြီးပြတ်သေးတဲ့လုပ်ငန်းတွေကို ဆက်လုပ်နိုင်လိမ့်မယ်လို့ကျနော်ယုံကြည်ပါတယ်။”လို့ မုံရွာဦးအောင်ရှင်က  Opinion Leaders Media သို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လာမည့်ရွေးကောက်ပွဲမှာ အကြောင်းအမျိုးမျိုးကြောင့် ရှုံးနိမ့်ခဲ့ပါကလည်း  ယခင်ကလို အတိုက်အခံအနေနဲ့ ပဲ ပြတ်ပြတ် သားသား ဆက်လက်လုပ်ဆောင်သွားဖို့ရှိနေတယ်လို့ ၎င်းက ဆိုပါတယ်။“ကျနော်တို့မြင်တာကတော့လေ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ မှာ ကျနော်တို့အကြိမ်ကြိမ်လည်းပြောခဲ့ဘူးပါတယ်။ ညွှန့်ပေါင်းအစိုးရတော့ မလုပ်ဘူး။ ညွှန့်ပေါင်းမဖွဲ့ဘူး။ ရှုံးရင် အတိုက်အခံအနေနဲ့ ပြတ်ပြတ်သားသားလုပ်ချင်လုပ်မယ်။”လို့ မုံရွာဦးအောင်ရှင်က ထပ်လောင်းပြောပြခဲ့ပါတယ်။

ထို့အတူ လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားမှု ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်တွေနဲ့ပတ်သက်လို့လည်း မုံရွာဦးအောင်ရှင် က ယခုလိုဆက်လက်ပြောပြခဲ့ပါသေးတယ်။“၂၀၂၀  ရွေးကောက်ပွဲက ကျနော်အကြမ်းမျဉ်းမှန်းကြည့်တာကတော့ နိုဝင်ဘာလ ပထမအပတ်လောက်တော့  ကျနော်တို့မှန်းကြည့်ပါတယ်။အဲ့တော့နိုဝင်ဘာ ပထမအပတ်လောက်ကတော့ လုပ်မယ် ဆိုရင်တော့ စက်တင်ဘာလောက်တည်းက ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေကို တရားဝင်လုပ်ကြရတော့မယ်။

သို့သော်လည်း ဒီကနေ့အချိန်ကနေစပြီး ရွေးကောက်ပွဲအတွက်ပြင်ဆင်တာတွေ ရှိပါတယ်။ ရွေးကောက်ပွဲအတွက် ပြင်ဆင်တာတွေ ရှိတဲ့အတွက် ပြော ချင်တာက ကျနော်တို့သည်  မဲဆန္ဒနယ်တွေအားလုံး ကိုကျနော်တို့ပြိုင်ပါမယ် ဝင်ပြိုင်ပါမယ်။ နောက်တစ်ချက် ကတော့ကျနော်တို့ရဲ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်  အပါအဝင်  သမ္မတကြီး အပါအဝင် ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင် တော်တော်များများက ရွေးကောက်ပွဲဝင်မယ်။ နောက်စောနကပြာသလို ယခင်ရွေးကောက်ခံကိုယ်စားလှယ်တွေထဲက တော်တော်များများ ပြန်ပြီးတော့ရွေးကောက်ပွဲဝင်ကြမယ်လို့လည်းကြားသိရပါတယ်။ နောက်တစ်ခုက ရွေးကောက်ပွဲရဲ့အောင်နိုင်ရေးဗျုဟာ ဟာ တရားဝင် မထုတ်ပြန်ရသေးပါဘူး။ရွေးကောက်ပွဲဗျုဟာကို ဖေဖော်ဝါရီလကုန်လောက်ထုတ်ပြန်နိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။” လို့ မုံရွာဦးအောင်ရှင်က ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်အထိမှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီက (၉၉)ပါတီအထိရှိနေပြီး  ၂၀၂၀  ရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ (၁၀၀) ကျော်ဝင်ရောက်ယှဉ် ပြိုင်နိုင်ဖွယ်ရာရှိတယ်လို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊ဖေဖော်ဝါရီ ၇

(  Zawgyi  )

 ျပည္သူလူထုက NLD အတြက္ အဆင္သင့္ရွိတာေၾကာင့္လာမည့္ေ႐ြးေကာက္ပြဲမွာလည္း ၂၀၁၅ လိုပဲႏိုင္ကိုႏိုင္လိမ့္မည္ဟု  ယူဆေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ ဗဟိုျပန္ၾကားေရးေကာ္မတီ အတြင္းေရးမႉး မုံ႐ြာဦးေအာင္ရွင္ ကေျပာပါတယ္။“၂၀၁၅ တုန္းကေတာ့ လူကို မၾကည့္နဲ႔ ပါတီကိုပဲၾကည့္ပါဆိုၿပီး မူနဲ႔က်ေနာ္တို႔ကလုပ္ပါတယ္။သို႔ေသာ္လည္း က်ေနာ္တို႔က  ၂၀၂၀ မွာေတာ့  လူကိုလည္း အဓိကထားၿပီး ၾကည့္ရပါတယ္၊ပါတီကိုလည္းၾကည့္ရပါမယ္။ပါတီကိုမၾကည့္ဘဲနဲ႔ လည္းမျဖစ္ဘူး။အဲ့ေတာ့ လူမွန္ေနရာမွန္လည္း ေ႐ြးႏိုင္ေအာင္လည္း လုပ္မယ္လို႔စိတ္ပိုင္းျဖတ္ထားပါတယ္။ ျပည္သူလူထုက NLD အတြက္အဆင္သင့္ရွိတယ္လို႔ က်ေနာ္တို႔ ျမင္ပါတယ္။ NLD အေနနဲ႔ကလည္း  ျပည္သူလူထု အဆင္သင့္ရွိမႈကို နားလည္ၿပီးေတာ့လူမွန္ေနရာမွန္ေပါ့။ျပည္သူလူထု အတြက္ လူမွန္ေနရာမွန္ေ႐ြးခ်ယ္ေပးဖို႔ ႀကိဳးစားရမယ္လို႔ က်ေနာ္ထင္ပါတယ္။ က်ေနာ္အခုသေဘာေပါက္ထားတာက က်ေနာ္တို႔ ၂၀၁၅ လိုပဲ ႏိုင္ကိုႏိုင္လိမ့္မယ္လို႔ က်ေနာ္ယူဆပါတယ္။ ဒါေၾကာင့္မို႔  က်ေနာ္တို႔ကဆက္ၿပီးေတာ့လုပ္ရမယ့္ အလုပ္ကို  ၂၀၁၅  - ၂၀၂၀ မွာ မၿပီးျပတ္ေသးတဲ့လုပ္ငန္းေတြကို ဆက္လုပ္ႏိုင္လိမ့္မယ္လို႔က်ေနာ္ယုံၾကည္ပါတယ္။”လို႔ မုံ႐ြာဦးေအာင္ရွင္က  Opinion Leaders Media သို႔ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ လာမည့္ေ႐ြးေကာက္ပြဲမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရႈံးနိမ့္ခဲ့ပါကလည္း  ယခင္ကလို အတိုက္အခံအေနနဲ႔ ပဲ ျပတ္ျပတ္ သားသား ဆက္လက္လုပ္ေဆာင္သြားဖို႔ရွိေနတယ္လို႔ ၎က ဆိုပါတယ္။“က်ေနာ္တို႔ျမင္တာကေတာ့ေလ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲ မွာ က်ေနာ္တို႔အႀကိမ္ႀကိမ္လည္းေျပာခဲ့ဘူးပါတယ္။ ၫႊန႔္ေပါင္းအစိုးရေတာ့ မလုပ္ဘူး။ ၫႊန႔္ေပါင္းမဖြဲ႕ဘူး။ ရႈံးရင္ အတိုက္အခံအေနနဲ႔ ျပတ္ျပတ္သားသားလုပ္ခ်င္လုပ္မယ္။”လို႔ မုံ႐ြာဦးေအာင္ရွင္က ထပ္ေလာင္းေျပာျပခဲ့ပါတယ္။

ထို႔အတူ လာမယ့္ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ထားမႈ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးကိစၥရပ္ေတြနဲ႔ပတ္သက္လို႔လည္း မုံ႐ြာဦးေအာင္ရွင္ က ယခုလိုဆက္လက္ေျပာျပခဲ့ပါေသးတယ္။“၂၀၂၀  ေ႐ြးေကာက္ပြဲက က်ေနာ္အၾကမ္းမ်ဥ္းမွန္းၾကည့္တာကေတာ့ ႏိုဝင္ဘာလ ပထမအပတ္ေလာက္ေတာ့  က်ေနာ္တို႔မွန္းၾကည့္ပါတယ္။အဲ့ေတာ့ႏိုဝင္ဘာ ပထမအပတ္ေလာက္ကေတာ့ လုပ္မယ္ ဆိုရင္ေတာ့ စက္တင္ဘာေလာက္တည္းက ေ႐ြးေကာက္ပြဲမဲဆြယ္စည္း႐ုံးမႈေတြကို တရားဝင္လုပ္ၾကရေတာ့မယ္။

သို႔ေသာ္လည္း ဒီကေန႔အခ်ိန္ကေနစၿပီး ေ႐ြးေကာက္ပြဲအတြက္ျပင္ဆင္တာေတြ ရွိပါတယ္။ ေ႐ြးေကာက္ပြဲအတြက္ ျပင္ဆင္တာေတြ ရွိတဲ့အတြက္ ေျပာ ခ်င္တာက က်ေနာ္တို႔သည္  မဲဆႏၵနယ္ေတြအားလုံး ကိုက်ေနာ္တို႔ၿပိဳင္ပါမယ္ ဝင္ၿပိဳင္ပါမယ္။ ေနာက္တစ္ခ်က္ ကေတာ့က်ေနာ္တို႔ရဲ႕ေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္  အပါအဝင္  သမၼတႀကီး အပါအဝင္ ပါတီရဲ႕ထိပ္ပိုင္းေခါင္းေဆာင္ ေတာ္ေတာ္မ်ားမ်ားက ေ႐ြးေကာက္ပြဲဝင္မယ္။ ေနာက္ေစာနကျပာသလို ယခင္ေ႐ြးေကာက္ခံကိုယ္စားလွယ္ေတြထဲက ေတာ္ေတာ္မ်ားမ်ား ျပန္ၿပီးေတာ့ေ႐ြးေကာက္ပြဲဝင္ၾကမယ္လို႔လည္းၾကားသိရပါတယ္။ ေနာက္တစ္ခုက ေ႐ြးေကာက္ပြဲရဲ႕ေအာင္ႏိုင္ေရးဗ်ဳဟာ ဟာ တရားဝင္ မထုတ္ျပန္ရေသးပါဘူး။ေ႐ြးေကာက္ပြဲဗ်ဳဟာကို ေဖေဖာ္ဝါရီလကုန္ေလာက္ထုတ္ျပန္ႏိုင္လိမ့္မယ္လို႔ က်ေနာ္ထင္ပါတယ္။” လို႔ မုံ႐ြာဦးေအာင္ရွင္က ေျပာၾကားခဲ့ပါတယ္။

လက္ရွိအခ်ိန္အထိမွတ္ပုံတင္ထားတဲ့ ႏိုင္ငံေရးပါတီက (၉၉)ပါတီအထိရွိေနၿပီး  ၂၀၂၀  ေ႐ြးေကာက္ပြဲတြင္ႏိုင္ငံေရးပါတီ (၁၀၀) ေက်ာ္ဝင္ေရာက္ယွဥ္ ၿပိဳင္ႏိုင္ဖြယ္ရာရွိတယ္လို႔  ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕မွ သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ေဖေဖာ္ဝါရီ ၇